နှိုင်း၏ အိမ်ကလေးတွင်တော့ စိတ်ပျော်ပုံမရသော ကဗျာအားကြည့်ကာ နှိုင်းသည် ဆောက်တည်ရာမဲ့နေသည်။ ကဗျာသည် သိသိသာသာပင် နွမ်းနယ်နေပုံပေါ်သည်။ ကဗျာ့အား အဖြစ်အပျက် အကျိုးအကြောင်းအား မေးချင်သည့်တိုင် သူမ မမေးရက်ပေ။ သူမ၏ အမေးကြောင့်ကဗျာ စိတ်ထပ်ညစ်ရမည်အား မလိုချင်။
"နှိုင်း ဘီယာရှိလား"
"မရှိတော့ မရှိဘူး ကဗျာသောက်ချင်ရင် နှိုင်းမှာပေးမယ်လေ"
"အင်း..."
ထူးထူးဆန်းဆန်းဖြင့် တောင်းဆိုလာသော ကဗျာ၏ စကားအား နှိုင်းလိုက်လျောလိုက်သည်။ ထို့နောက် ဘီယာနှင့် အကင်တချို့အား မှာလိုက်သည်။ အချိန်ခနအကြာတွင် သူမ မှာထားသည့် ပစ္စည်းများရောက်လာသည်။ ထို့နောက် ဘီယာနှင့် အကင်များအား စားပွဲပေါ်တွင် အဆင်သင့်ပြင်ပေးလိုက်သည်။
"ကဗျာ အဆင်သင့်ဖြစ်ပြီ"
"လာပြီ နှိုင်းရေ"
"ကဗျာကြိုက်မယ်ထင်တာလေးတွေမှာပေးထားတယ် အစာမရှိဘဲသောက်ရင် အစာအိမ်နာမှာစိုးလို့"
"ရပါတယ်"
နှိုင်းသည်လည်း ကဗျာနှင့်အတူ အဖော်လုပ်ကာလိုက်သောက်ပေးနေသည်။ ခေတ်လူငယ်များဖြစ်သည့်အပြင် မကြာခန ဧည့်ခံပွဲများတက်နေရသော သူမတို့အတွက် alcohol နှင့် မကြာခနထိတွေ့နေကြပင်ဖြစ်သည်။ ထို့ကြောင့် ဘီယာသည် သူမတို့အတွက် ဆိုးရွားစွာ မူးစေမည်မဟုတ်။
မနက်ဖြန်သည် အလုပ်ပိတ်ရက်ဖြစ်သည့်အတွက် ကဗျာနှင့် နှိုင်းသည် အလုပ်သွားစရာမလိုပါ။ ထို့ကြောင့် ကဗျာတောင်းဆိုသည့်အတိုင်း နှိုင်းလိုက်လျောပေးခဲ့ခြင်းဖြစ်သည်။ ညဘက်တွင် ဘီယာသောက်ပြီး မနက်အလုပ်သွားရလျှင် ကဗျာ ကျိန်းသေခေါင်းကိုက်နေလိမ့်မည်။ ထိုအခါ အလုပ်လုပ်ရန် အဆင်ပြေမည်မဟုတ်။
ဘီယာ နှစ်ဘူးခန့်ကုန်ပြီးနောက်တွင် ကဗျာသည် နှိုင်းအား သူမခံစားချက်များ ဖွင့်ဟလာသည်။
"နှိုင်း ကဗျာ ဘယ်လိုဆက်လုပ်ရမလဲ"
"ကဗျာပြောကြည့်လေ နှိုင်းအကြံပေးမှာပေါ့"

KAMU SEDANG MEMBACA
ပြိုကျလျက်ရှိသော မိုးရိပ်
Cerita Pendekလောကဓံရေ အရာအားလုံးကို ယူသွားပါ ဒါပေမဲ့ ကဗျာ့ကိုတော့ ပိုင်ဆိုင်ခွင့်ပေး (နှိုင်းယှဉ်ဝင့်လွှာ) ကဗျာ့အတွက် ပျော်ရွှင်ခြင်းဆိုတာ ပန်းချီလေ (ကဗျာခြွေ) ကမ္ဘာမှာ ပျောက်ပျက်မသွားတဲ့အရာက ဘာလဲဆိုရင် ကဗျာ့အပေါ်ထားတဲ့ ချစ်ခြင်းဘဲပေါ့ (မြတ်ပန်းချီခြယ်)