အိမ်ကြီးရှင်က တွေ့ချင်ကြောင်း အကြောင်းကြားလာတဲ့အခါမှာတော့ ငြိမ်းချမ်းတဲ့ နေ့ရက်တွေ ကုန်ဆုံးတော့မယ် ထင်ပါတယ်။ ဆယ့်ခြောက်နှစ် ကြာပြီးနောက်မှာ အဖေဆိုတဲ့ လူသားကို တွေ့ဖူးတာ လက်ငါးချောင်းတောင် မပြည့်သေး။ လူမမာ တစ်ယောက်ကို ဘယ်သူက လူမြင်ကွင်းမှာ ထုတ်ပြချင်ပါ့မလဲ။ ဘယ်သူမှ မျက်နှာသာ မပေးတဲ့ သမီးတစ်ယောက်ကို ဒီအဖေကလည်း ဂရုစိုက်ပါ့ဦးမလား။ အခုလို ရုတ်တရပ်ကြီး တွေ့ချင်တယ်ဆိုတော့ ကြည့်ရတာ မကောင်းတာတွေ ဖြစ်တော့မယ် ထင်ပါတယ်။ သခင်ကြီး၊ သခင်မကြီး၊ အားလုံးသော ကိုယ်လုပ်တော်များ၊ အဖွား၊ တစ်ဝမ်းကွဲ အစ်ကိုများနဲ့ ညီအစ်မများ-ပင်မဆောင်မှာ လူစုံ ရောက်နေသည်ကို တွေ့သောအခါ Ruyi ခန့်မှန်းချက်က ပိုလို့ပင် သေချာလာတော့သည်။ အမေကတော့ မောင်လေးကို အကြည့်တစ်ချက်ပင် မလွှဲနိုင်လောက်အောင်ချစ်ရည်ရွှမ်းသော အပြုံးများနှင့် ပွေ့ဖက်ထားသည်။
Ruyi ကို အမြဲတမ်း အေးစက်စက်သာလျှင် ကြည့်တတ်သော လူကြီးက လက်ထပ်ဖို့ ပြင်ဆင်ရန် အမိန့်ပေးလာတဲ့ အခါမှာတော့ Ruyi့ ခန့်မှန်းချက်က သက်သေပြပြီးသား ဖြစ်သွားသည်။ Ruyi က အထွေးဆုံး သမီး သို့သော် သခင်ကြီး၏ ကျော်ကြားသော သမီးချောတော့ မဟုတ်။ Ruyi့ အကြီးဆုံး အစ်မက အချောဆုံး၊ အလှဆုံး၊ အိမ်ထောင်လည်း မပြုရသေးဘူး။
အထွေးဆုံး ဖြစ်တဲ့ Ruyi က ဘာလို့ အိမ်ထောင် ပြုရမှာလဲ။ Ruyi က အခုမှ တစ်ဆယ့်ခြောက်နှစ်။
အစ်မတို့ မျက်နှာက ကျေနပ်နေတဲ့ အပြုံးကရော ဘာအဓိပ္ပါယ်လဲ။ Ruyi့ သတို့သားလောင်းက Duke Haijin ဖြစ်ကြောင်း သိရတဲ့အခါမှာတော့ အရာရာ သဘောပေါက်သွားသလိုပါပင်။
Duke Haijin ကို Wu Xi ပြည်ရဲ့ မင်းသား Jian အဖြစ် လူသိများကြတယ်။ Wu Xi, အင်အားအကြီးဆုံး တိုင်းပြည်ရဲ့ အရှင်ဘုရင် ကြီးမြတ်သော ဧကရာဇ် Wu Huizhong ရဲ့ အချစ်ဆုံး မြေး…အသက် နှစ်ဆယ့်သုံးနှစ်မှာပဲ "Black mask" လို့ အမည်တွင်တဲ့ တပ်စု နှစ်သိန်းနဲ့ စစ်သည်ပေါင်း ငါးသိန်းကို ဦးစီးနိုင်တဲ့ အမျိုးသား။ Milong ပြည်ကို တရားဥပဒေ စိုးမိုးလိုသော ငယ်ရွယ်သည့် ဧကရာဇ် Peizhi ကို ကူညီရင် "Duke Haijin" ဘွဲ့ကို လွန်ခဲ့သောငါးနှစ်က ပေးအပ်ခြင်း ခံရသည်။
မင်းသား Jian မှာ တရားဝင် ဇနီးမရှိသော်လည်း အယောက် နှစ်ဆယ်မကသော ကိုယ်လုပ်တော်များစွာ ပိုင်ဆိုင်ကြောင်း လူတိုင်း သိသည်။ ကောလဟာလတွေကတော့ မင်းသား Jian တစ်ယောက် မိန်းမတွေကို စက္ကူလို အသုံးပြုကြောင်း မစွန့်ပစ်ခင်မှာလည်း ရစရာ မရှိအောင် နှိပ်စက်တတ်ကြောင်း… သခင်ကြီးကတော့ Ruyi က ကံကောင်းတယ်တဲ့။ မင်းသား Jian ရဲ့ တရားဝင် ဇနီးအဖြစ် လက်ဆပ်ရမှာဖြစ်ကြောင်း အတည်ပြုနေသော်လည်း၊ မင်းသား Jian ရဲ့ အတွင်းစိတ်ကို မသိသေးသော်လည်း၊ Ruyi ကတော့ မိမိကိုယ်တိုင် မင်းသား Jian ကို ပူဇော်လိုက်တဲ့ စတေးခံ ယဇ်ကောင် သက်သက်သာ ဖြစ်ကြောင်း နားလည်လိုက်လေပြီ။
အမျိုးမျိုး အဖုံဖုံ စီစဉ် ညွှန်ကြား အမိန့်ပေးခံရပြီး နောက်မှာ အခန်းသို့သာ ပြန်လာခဲ့တော့သည်။
ဒီအခြေအနေကနေ မလွတ်မြောက်နိုင်တော့ဘူးလား။
T/N
Ruyi့မှာက သွေးသားရင်း ဆိုလို့ မောင်တစ်ယောက်ပဲ ရှိတာပါ။ ကျန်တဲ့ အစ်မတွေနဲ့ အစ်ကိုက အဖေတူ အမေကွဲတွေပါပဲ။
စကားမစပ် Ruyi လေး သနားစရာ T~T
YOU ARE READING
RUYI
Romanceကိုယ်ပိုင် မဟုတ်တာကို ဆုံးရှုံးရမှာ ကြောက်ဖူးပါသလား... မွေးမိခင်ကိုယ်တိုင်က အဆိပ်ခပ်ရင်ရော သင်ဘယ်လို ခံစားရမလဲ... ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ပြုရရင်...သင့်အိပ်မက်တွေကို ဆုံးရှုံးခဲ့ရင်...သင် ကျရှုံးခဲ့ရင်...သင့်ဘက်မှာ ဘယ်သူမှ မရှိခဲ့ရင်...သင် တစ်ယောက်တ...