" WuJian နဲ့ သူ့ရဲ့ ဝမ်ဖေး…မယ်တော်ကြီးနဲ့ ဧကရာဇ်ကို နှုတ်ခွန်းဆက်ပါတယ် "
မြို့စားက နှုတ်ဆက်ခြင်းကို ပြုလုပ်ချိန်မှာ လုံးဝကို တိတ်ဆိတ်လျက်ပဲ…။
" ဒီနှစ်မှာ မင်းဒါကို လုပ်နိုင်တာ…ငါ ဝမ်းသာတယ်…မြို့စားHaijin! ဧကရာဇ်က မင်း ဒီပွဲကို တက်ရောက်လိမ့်မယ်လို့ ပြောလာတုန်းက အဲ့တာက နောက်ပြောင်တာလို့ ငါထင်နေသေးတာ…မင်းက ဒီလိုပွဲမျိုးတွေကို နှစ်သက်လေ့မရှိဘူးဆိုတာ ငါသိတယ်လေ "
" အရှင်မင်းကြီးက WuJian ဒီနှစ် ငြင်းပယ်ဖို့ရာကို…ခက်ခဲအောင်လုပ်ခဲ့တယ်လေ "
" ငါ ကြားထားပါတယ်.… " အရပ်ရှည်ပြီးချောမောတဲ့ မြို့စားဘေးက မိန်းမငယ်လေးဆီ မျက်လုံးတွေ ရွှေ့မသွားခင် မိဖုရားခေါင်ကြီးက ငြင်သာစွာရယ်မောတယ်။
မိဖုရားခေါင်ကြီး…မြို့စားရဲ့ ဝမ်ဖေးကို ရှာတွေ့သွားချိန်မှာ နောက်တစ်ကြိမ် တိတ်ဆိတ်မှုက လွှမ်းခြုံလာပြန်ပြီ။ မိန်းမငယ်လေးက… တော်ဝင်မိသားစုရှေ့မှာ စိတ်လှုပ်ရှားမှုတချို့ကို ပြသမယ်လို့ လူတွေ ထင်ထားခဲ့တာ…အဲ့ဒီအစား…သူမက လုံးဝကို တည်ငြိမ်နေပြီး ဟန်ဆောင်မှုမရှိဘူး…။
" Li Ruyi… မင်းရဲ့ ခေါင်းကို မော့လိုက်မှ မျက်နှာကို ကောင်းကောင်းမြင်နိုင်မှာပေါ့… "
Ruyi ငြိမ်သက်စွာပင် သူမခေါင်းကို မော့လိုက်တယ်။ သူမ ပြန်ငုံ့မသွားခင်အထိ သူမမျက်ဝန်းတွေက မိဖုရားခေါင်ကြီးကို ခဏမျှတော့ ကြည့်ရှုသွားခဲ့တယ်။
" ကြည့်ရတာ အမတ်ချုပ်ကြီးက မင်းကို ဒီနှစ်တွေအတွင်း သေချာဖုံးကွယ်ထားခဲ့တာပဲ!မိဘတွေက…သူ့တို့သားသမီးတွေအကြောင်း ဂရုတစိုက်ကြွားဝါကတည်းက…ကောလဟာလတွေက ချဲ့ကားထားတာလို့ ငါတွေးမိခဲ့တာ…" မိဖုရားခေါင်ကြီးက…အရယ်တစ်ဝက်နဲ့ပြောလာတယ်။ " ဒါပေမယ့်…အခုမင်းကို တွေ့လိုက်ရတော့… မင်းအဖေ မင်းကို ဝှက်ထားဖို့လိုတာက စူးစမ်းဖို့မလိုတော့ဘူး."
မိဖုရားခေါင်ကြီးရဲ့ စကားတွေကို Ruyi က မတုံ့ပြန်ဘူး။ ဘယ်သူကမှ သူမရဲ့ အမူအရာနဲ့ခံစားချက်တွေကို မဖတ်နိုင်ကြဘူး…။
" ဘယ်လောက်ချစ်ဖို့ကောင်းလိုက်လဲ… " မိန်းမငယ်လေးရဲ့ အေးဆေးငြိမ်သက်တဲ့အမူအရာလေးတွေကို မိဖုရားခေါင်ကြီး သဘောကျနှစ်သက်သွားတယ်။
" ဟုတ်တာပေါ့…တကယ်ချစ်ဖို့ကောင်းတာပဲ " ဧကရာဇ်ကပါ ဝင်ထောက်ခံလာတယ်။
မြို့စားရဲ့ အေးစက်သည့်အကြည့်တွေက မဖတ်ရှုနိုင်တဲ့… အပြုံးနဲ့…သူ့အကြည့်ကို လျစ်လျူရှုလိုက်တဲ့ ဧကရာဇ်ဆီ ရောက်ရှိလို့သွားခဲ့တယ်။
" မင်းအတွက်.…ပြည့်စုံမယ့် လက်ဆောင်တစ်ခုရှိတယ် Li Ruyi "
နန်းတော်အစေခံတွေ ငွေရောင်လင်ဗန်းတစ်ခုနဲ့ အရှေ့ကို ရောက်ရှိလာခဲ့တဲ့အခါမှာ…မိဖုရားခေါင်ကြီးက ကျောက်စိမ်းလက်စွပ်တစ်စုံကို ရွေးချယ်ပြီး Ruyi ကို ပေးလာတယ်။
" အဲ့တာက နွေးထွေးတယ်.…ဟုတ်တယ်မလား… "
" Dongfa က မီးတောင်ပေါက်ကွဲပြီးတဲ့အခါတုန်းက ဒီကျောက်စိမ်းကို ရှာတွေ့ခဲ့တာ…တခြားကျောက်တွေနဲ့မတူတာက…ဒီကျောက်စိမ်းက… အပူကို ထိန်းသိမ်းနိုင်တယ်…ဒီကမ္ဘာပေါ်မှာတောင် အနည်းငယ်ပဲရှိမယ် "
မိဖုရားခေါင်ကြီးရဲ့ စကားလုံးတွေကို ကြားတဲ့လူတိုင်း ငေးကြောင်သွားကြတယ်။ ဒီလောက် တန်ဖိုးထားစရာကျောက်စိမ်းကို ဘာကြောင့် မိဖုရားခေါင်ကြီးက ပေးရတာလဲလို့ပေါ့…။
" အဲ့တာက မင်းနဲ့လိုက်ဖက်တယ်…LiRuyi " မိဖုရားခေါင်ကြီးက.… ရိုးရှင်းစွာပြောလာတယ်။ " ကျောက်စိမ်းကော သူ့ရဲ့ အရောင်ကပါ… "
" မိဖုရားခေါင်ကြီးကို Ruyi ကျေးဇူးတင်ပါတယ် "
နောက်ဆုံး Ruyi စကားစပြောလာသလို လူတိုင်းကလည်း ချိုမြိန်တဲ့အသံလေးကို ကြားခွင့်ရလိုက်ကြတယ်။
" WuJian နဲ့ သူ့ဝမ်ဖေး နေရာယူပါတော့မယ်"
ဧကရာဇ်နဲ့ ဧကရီကိုတောင် မစောင့်ဆိုင်းတော့ပဲ…မြို့စားHaijin ကသူ့ဝမ်ဖေးရဲ့လက်ကိုဆွဲပြီး… ခေါ်ဆောင်သွားပြီးနေပြီ။
…
Translator-9402
Vipvkook's note- morning ပါ VV လေးတို့ 😁
YOU ARE READING
RUYI
Romanceကိုယ်ပိုင် မဟုတ်တာကို ဆုံးရှုံးရမှာ ကြောက်ဖူးပါသလား... မွေးမိခင်ကိုယ်တိုင်က အဆိပ်ခပ်ရင်ရော သင်ဘယ်လို ခံစားရမလဲ... ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ပြုရရင်...သင့်အိပ်မက်တွေကို ဆုံးရှုံးခဲ့ရင်...သင် ကျရှုံးခဲ့ရင်...သင့်ဘက်မှာ ဘယ်သူမှ မရှိခဲ့ရင်...သင် တစ်ယောက်တ...