၂၄။ သဝန်တိုနေတာလား...?

14.4K 862 77
                                        

Ruyi နိုးတော့ အခန်းတစ်ခုလုံး မဲမှောင်ကာ တိတ်ဆိတ်နေသည်။ လက်ချောင်းအချင်းချင်း ယှက်သွယ်ထားသော လက်တစ်စုံကို အမှောင်ထဲတွင်ပင် မြင်နေရသည်။ သူ့ နှုတ်ခမ်းများက Ruyi့ လည်ပင်းနှင့် ပခုံးသားပေါ် ရောက်လာချိန်တွင် Ruyi သူနှင့် ဝေးရာသို့ ရွှေ့လိုက်သည်။

"အခုထိ ငြင်းနေတုန်းလား…?"

သူ့အသံက ဝမ်းနည်းမှု စွက်ကာ နာကျင်နေပုံ ပေါ်သည်။

"အခုကစပြီး Ruyi ဆေး ပုံမှန် သောက်ပါမယ်…နောက်ထပ် မင်းသားကို ဒုက္ခ မပေးတော့ပါဘူး…"

"အစကတည်းက ဘာလို့ မသောက်လဲ…? အဲ့လိုဆို ငါ မင်းဆီကို လာစရာတောင် မလာဘူး…! ဒါမှမဟုတ် ဒီအဆောင်မှာ ရှိတဲ့ အစေခံ အားလုံးကို မောင်းထုတ်ရမှာလား?"

"မဟုတ်ဘူး…?"
Ruyi အမှားကြောင့် သူများကို ဒုက္ခ မရောက်စေချင်ဘူး…
"Ruyi့ အမှားပါ…Ruyi မှားတာ…"

"ဘာလို့ မင်းအမှားလဲ…?"
Ruyi့ လက်များကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ပြီး သူက မေးသည်။

"Ruyi…နာနေပေမယ့် ဘာမှ မပြောခဲ့ဘူးလေ…Ruyi ဆေး…ဆေးကို တောင်းခဲ့…သင့်တာ…"

"ဒါဆို ဘာလို့ မတောင်းခဲ့တာလဲ?"

Ruyi မဖြေချင်သော မေးခွန်းကို သူက အတင်းအကျပ် မေးနေသည်။

"ပြောလေ…မဟုတ်ရင် မင်းကိုရော၊ အစေခံ တစ်ယောက်ပါမကျန် အကုန်လုံးကို အပြစ်ပေးမယ်…"

"မ…မလုပ်ပါနဲ့…"

"ဒါဆို ကိုယ့်မေးခွန်းကို ဖြေလေ…"

Ruyi တုန်ရင်နေသော အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။

"Ruyi…မင်းသားကို မတွေ့ရတာ အတော် ကြာနေပြီလေ…"
Ruyi့ အပြစ်ကို ဝန်ခံရင်း တုန်လှုပ်နေမိသည်။
"မင်းသားက ကိုယ်လုပ်တော်တွေနဲ့ ရှိနေတာကို Ruyi…သိပါတယ်…ဒါပေမယ့်…Ru…Ruyi က မင်းသားနဲ့ ထမင်း တစ်နပ်လောက်ပဲဖစ်ဖြစ် အတူတူ…စားချင်လို့…"

တိတ်ဆိတ်ခြင်းက Ruyi့ နှလုံးခုန်သံကို မြန်စေသည်။

"Ru…Ruyi"
မင်းသား၏ လက်ဖဝါးထဲမှ အေးစက်နေသော Ruyi့ လက်ချောင်းများကို ဆွဲထုတ်လိုက်သည်။
"Ruyi နောက် မလုပ်တော့ပါဘူး…!"

RUYIМесто, где живут истории. Откройте их для себя