၁၅+၁၆

11.9K 1K 72
                                    

15  >> အပြစ်ဒဏ်

မင်းသားက Ruyi ကို အကျဉ်းချထားဖို့ အမိန့်ပေးတာကိုမအံ့သြတော့ဘူး ။ Ruyi ကို ခြံဝန်းထဲကထွက်ဖို့တောင် ခွင့်မပြုထားပဲ Ruyi အတွက်အစားအစာတွေကတော့ အခန်းထဲမှာ အသင့်ထားရှိပေးထားတယ် ။ Ruyi အစားကိုတိတ်တိတ်ဆိတ်ဆိတ်ပဲစားနေခဲ့တယ် ။ အစေခံတွေရဲ့ မျက်လုံးထဲမှာ သနားတဲ့အရိပ်အယောင်တွေကို Ruyi မြင်နိုင်နေတယ် ။

ဘယ်လောက်သနားဖို့ကောင်းတဲ့အကြည့်တွေလဲ … ?

အနည်းဆုံးတော့ Ruyi ဆီကိုအစားအစာတွေပို့နေဆဲပဲလေ ။ ဒါပေမယ့် အစားအစာတွေ Ruyi ပါးစပ်ထဲရောက်ပြီးခဏအကြာမှာ အရသာကလုံးဝမရှိတာကို သတိပြုမိတယ် ။ ဒီအရသာကို ရင်းနှီးနေပါတယ် … အမေ Ruyi အတွက်ချက်ပေးတဲ့အစားအစာနဲ့ တူညီတဲ့အရသာပဲ ။

" သခင်မလေး … ! အစားအစာနဲ့ပတ်သက်ပြီးမကောင်းတာရှိလို့လား  … ? "

Ruyi ဘယ်လိုတုံ့ပြန်ရမလဲ မသိဘူး ။ ဒါက Ruyi အခန်းထဲမှာ စားရတာကြောင့်လား … ? ဒီအစားအစာတွေက Ruyi အတွက်ပဲ အသေအချာပြုလုပ်ပေးထားတာလေ ။ ဒါက Ruyi အပြစ်ဒဏ်လား … ? Ruyi စိတ်ကိုခဏလွှတ်ထားလိုက်ပြီး ဆက်စားတယ် ။

နေ့လည်စာစားချိန်ရောက်တော့ Ruyi ဝမ်းဗိုက်က နာစပြုလာပြီ ။ ဒါကတကယ်ကိုမခံမရပ်နိုင်အောင်ပဲ ။

" သခင်မလေး … ! အစားအစာနဲ့ပတ်သက်ပြီး မကောင်းတာရှိလို့လား ? "

Ruyi မတုံ့ပြန်ပဲနဲ့ နာကျင်မှုကိုအံတုပြီး ဆက်စားတယ် ။ ညနေ ရောက်ရင် ဗိုက်ပိုနာလာမယ်ဆိုတာ Ruyi သိပေမယ့် ဆက်သည်းခံနေဆဲပဲ ။

" သခင်မလေး … ! အစားအစာနဲ့ပတ်သက်ပြီးမကောင်းတာရှိလို့လား ? "

သေချာတာပေါ့ … ။ ညစာစားနေတဲ့အချိန်မှာ နာကျင်မှုကအပြင်းအထန်ပဲ ။Ruyi နောက်ထပ်စားနိုင်ပါမလား ဆိုတာတောင် မသေချာတော့တဲ့အတွက် Ruyi အိပ်ပျော်ဖို့ဘဲ ကြိုးစားလိုက်ရတယ်… အစေခံတွေ Ruyi ကိုလာမနှောက်ယှက်ဖို့ မျှော်လင့်ရင်းပေါ့။  တစ်ညတာလုံး အိပ်မပျော်ခင်အချိန်အထိ စိတ်ထဲမှာ " မနာပါဘူး ! " လို့ပဲ ထပ်ခါထပ်ခါရေရွတ်နေမိတယ် ။

နောက်နေ့ရက်တွေကုန်လွန်သွားတော့ … Ruyiနည်းနည်းလေးပဲစားတော့တယ် ။ Ruyi လုံးဝတောင့်မခံနိုင်တော့ဘူး ဒါပေမယ့် အစေခံတွေက Ruyi ကိုထပ်စားဖို့တိုက်တွန်းနေတယ် ။ ဒါမှမဟုတ်ရင် Ruyi ကိုကောင်းကောင်းမဆက်သဘူးဆိုပြီး သူတို့အပြစ်ပေးခံရမှာမို့လို့လေ။

RUYIWhere stories live. Discover now