၃။ မလင်းလက်သော ကောင်းကင် မကြွေသော ကြယ်

10.2K 955 37
                                    

*Warning* The following content may contain mature content

Ruyi အသက်(၁၇) နှစ် ပြည့်သည့်နှစ်တွင် အနီရောင် ထမ်းစင်တစ်ခုနှင့် နှုတ်ဆက်စကားများ ကင်းမဲ့သော စံအိမ်ကြီးကို ကျောခိုင်းခဲ့သည်။ မင်္ဂလာဦးညတွင် Ruyi ကုတင်ပေါ်မှ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။ ကြိုဆိုသူလည်း မရှိ၊ ရယ်မောသံများ မရှိ၊ အပြုံး မရှိ၊ ဝမ်းသာမျက်ရည်လည်း မရှိ၊ ဘာဆိုဘာမှ မရှိတဲ့ အရင်ထက် ဘာမှ မထူးခြားတဲ့ နေ့တစ်နေ့ပါပဲ။

တစ်ဖြည်းဖြည်း ညနက်လာသော်လည်း Ruyi့ ခေါင်းထက်က အနီရောင် ပုဝါစကို ဖယ်ရှားပေးမည့် သတို့သားကတော့ ရောက်မလာခဲ့။ အမျိုးသမီး တစ်ယောက်ရဲ့ သာယာမှုအပြည့် ညည်းညူသံကို ကြားတဲ့အခါမှာတော့ ဒီအမျိုးသားရဲ့ ရက်စက်မှုကို Ruyi နားလည်လိုက်လေပြီ။ နံရံပါးပါးမှတစ်ဆင့် အသံအားလုံး Ruyi ကြားရသည်။ အသံတွေ တစ်ဖြည်းဖြည်း ကျယ်လာတဲ့အခါ အဓိက ရည်ရွယ်ချက်ကို Ruyi သဘောပေါက်သွာ်းသည်။ *ငါ့ကို ပျက်ရယ်ပြုနေတာပဲ*

အစတည်းက မပိုင်တဲ့ အရာတစ်ခုအတွက် ဘာတွေ စိတ်သောက ရောက်နေစရာ လိုလို့လဲ။

အသံတွေ ပိုကျယ်လာသော်လည်း၊ နံရံတွေတောင် တုန်ခါနေသော်လည်း ခေါင်းပေါ်မှ ပုဝါစကို တည်တည်ငြိမ်ငြိမ်ပင် ဖယ်ရှားလိုက်သည်။ သခင်ကြီး၏ အိမ်တွင် ရှိသော Ruyi့ အခန်းလိုပင် သိပ်မကွာခြားသော ခပ်စုတ်စုတ် အခန်းတစ်ခု။

အခန်းထောင့်ရှိ ထည်ဝါခြင်း ကင်းမဲ့သော စားပွဲတစ်ခုစီ Ruyi လျှောက်သွားလိုက်သည်။ လေးလံသော သရဖူနှင့် ခေါင်းပေါ်မှ အဆင်တန်ဆာများကို ဖြုတ်လိုက်သည်။ အမျိုးသမီး တစ်ယောက်ဟာ မင်္ဂလာဦးညမှာ အလှဆုံးလို့ ပြောကြပေမယ့် ရောင်ပြန်မှန်ပြင်မှာ မြင်နေရသည်က တစ္ဆေတစ်ကောင်လို ဖြူဖျော့နေသော မိန်းကလေးတစ်ယောက်။ အနီရောင် နှုတ်ခမ်းဆိုးဆေးကို ဖယ်ရှားလိုက်သောအခါ သူမ နှုတ်ခမ်းများက လူမမာလိုပင် ဖြူဖျော့နေပြန်သည်။ 

နွေဦးရောက်နေပြီ ဖြစ်သော်လည်း မိန်းမပျို၏ လက်ချောင်းများ၊ အရေပြား၊ သွေးကအစ အေးစက်နေသည်။ နံရံတစ်ဖက်စီမှ ညည်းညူသံများ ကျယ်လောင်လာသော်လည်း မိန်းမပျို၏ မျက်နှာတွင် ခံစားမှု ပြောင်းလြဲခင်း မရှိ။ မျက်နှာချေမှုန့်နှင့် အနီရောင် သတို့သမီး ဝတ်စုံကို ဖယ်ရှားပြီးသောအခါ မိန်းမပျိုသည် ကုတင်နှင့် အဝေးဆုံး တုန်ခါနေသော နံရံနှင့် အဝေးဆုံး ပြတင်းတံခါးဆီသို့ လျှောက်သွားသည်။

ကောင်းကင်တွင် လင်းလက်နေတတ်သော လလည်း မရှိ၊ တလက်လက် တောက်ပနေတတ်သော ကြယ်များလည်း မရှိ။

မိန်းမပျိုသည် သစ်သားကုလားထိုင် တစ်ခုတွင် ထိုင်ကာ ပြတင်းပေါင်သို့ မှီလိုက်သည်။ ထို့်နောက် အဆင်တန်ဆာ ကင်းမဲ့နေသော ကောင်းကင်သို့ ကြည့်လိုက်သည်။ လေပြည်လည်း မတိုက်ခတ်၊ ပုစဉ်းလည်း မအော်သလို ဖားတွေလည်း အသံမပြုခဲ့။ ထိုညက မိန်းမပျိုသည် ပြတင်းပေါင်ပေါ် မှီရင်း တစ်ညတာကို ကုန်ဆုံးခဲ့သည်။

လိုအပ်ချက်မရှိ၊ မျှော်လင့်ချက် မရှိ၊ အိပ်မက် မရှိ၊ တစ်ခုတည်းသာ…
အခုလည်း တစ်ယောက်တည်းဆိုသော အသိတစ်ခုတည်းသာ…

RUYIDonde viven las historias. Descúbrelo ahora