၆။ ရင်တွင်းမှ အကြောက်တရား...

10.3K 1K 64
                                    

"Ruyi က ဒီလိုပုံစံနဲ့ပဲ မွေးဖွားခဲ့တာ…"

အနီရင့်ရင့် ဝတ်ရုံအစွန်းမှ ပေါ်ထွက်နေသော မင်းသား၏ တောင့်တင်းသော လက်မောင်းပေါ်မှ သွေးကြောများကို Ruyi မြင်နိုင်သည်။ မင်းသား၏ လက်မသည် ပါးပြင်ကို ပွတ်ဆင်းသွားပြီး နှုတ်ခမ်း အောက်စွန်းကို လာထိသောအခါ Ruyi ခြေထောက်များပင် တုန်လာသည်။

"ဒီလိုပုံစံနဲ့ဆို ကိုယ့်ရဲ့ အိပ်ရာထဲမှာ တစ်ညတောင် ခံပါ့မလား…ဟမ်…"

သူ့အိပ်ရာထဲ ဝင်ဖို့ Ruyi တစ်ခါမှတောင် မစဉ်းစားဖူးပေ။ Ruyiတို့ မင်္ဂလာဦးညတုန်းက တခြား အမျိုးသမီးနှင့် အိပ်စက်ခြင်းဖြင့် Ruyi့ကို သဘောမကျမှန်း သွယ်ဝိုက် ပြောပြီးပြီပဲ။

"နယ်စားက မင်းအကြောင်းကို တစ်ခါမှ မပြောဖူးဘူး။"

သူပြောတာကို Ruyi နားမလည်ပေ။ နှုတ်ခမ်းကို ပွတ်ခြေနေသော မင်းသား၏ လက်ကြောင့် စကားပြောရန် မဆိုထားနှင့် လှုပ်ရန်ပင် ခက်ခဲလှသည်။

"အစားအသောက်တွေ ပြင်ဆင်လိုက်"

Ruyi သတိပြန်ဝင်သောအခါ သူက စားပွဲတွင်ပင် ဝင်ထိုင်နေပြီ။ အစေခံများက အစားအသောက် ပန်းကန်များနှင့် ဝင်လိုက်၊ ထွက်လိုက် လုပ်နေချိန်တွင် သူကတော့ Ruyi့ကို ပြုံးပြီး ကြည့်နေသည်။ ထမင်းစားချိန်မှန်း သတိရသောအခါ Ruyi ပြန်ရန် ဦးညွှတ်လိုက်သည်။

"မင်းက ကိုယ်နဲ့ အတူတူ ထမင်းမစားနိုင်ရလောက်အောင် ကိုယ်က ရွံစရာကောင်းနေလို့လား!!"

မင်းသားသည် အနီးရှိ ပန်းကန်များကို ကိုင်ပြီး နံရံသို့ ပစ်ပေါက်လိုက်သည်။ မင်းသား၏ အပြုအမူကြောင့် အကုန်လုံး ဒူးထောက်လိုက်ကြသည်။

"Ruyi ဒီမှာ စားရမှာလား?"

Ruyi မေးလိုက်တော့ သူ့ဒေါသများ တမဟုတ်ချင်း ငြိမ်းသွားသည်။ သူက Ruyi့ကို နားမလည်သလို တစ်ချက်ကြည့်သည်။ ထို့နောက် သူ့မျက်ဝန်းများ တဖျတ်ဖျတ် လက်သွားသည်။

"ထိုင်"
သူက ပထမ ငြင်ငြင်သာသာ ပြောသည်။
ထို့နောက် အော်သည်။
"ဒီမှာ ထိုင်လေ!"

Ruyi က သူနှင့် အဝေးဆုံးတွင် ထိုင်တာ အကောင်းဆုံး ဖြစ်မည်ဟု ထင်ခဲ့သည်။ သို့သော် သူက Ruyi့ကို သူ့ဘေးမှာ ထိုင်စေချင်သည်တဲ့လား။ အစေခံတစ်ယောက်က Ruyi့ရှေ့သို့ ထမင်းပန်းကန် ချပေးပြီးသောအခါ ဟင်းပွဲများနှင့် ပြည့်နေသော စားပွဲသို့ Ruyi ကြည့်လိုက်သည်။ Ruyi့ဘဝမှာ ဒီလောက်များတဲ့ ဟင်းပွဲတွေကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ Ruyi့ ထမင်းစားပွဲသည် အများအားဖြင့် အရောင်အဆင်းမဲ့ကာ ရိုးရှင်းသည်။

RUYIWhere stories live. Discover now