၇။ စိတ်ရှုပ်စရာကောင်းတဲ့ မိန်းမ

9.9K 1K 42
                                    

နောက်တစ်ရက်တွင် Ruyi မင်းသားကို သွားရောက် ဂါရဝ ပြုရပြန်သည်။ ပထမ တစ်ခါနှင့် မတူတော့ပဲ ယခု အစေခံသည် Ruyi့ ကို သေချာ လမ်းပြပေးသည်။ အစေခံ၏ မျက်နှာတွင် ထိတ်လန့် စိုးရိမ်စိတ်များ ထင်ဟပ် ပေါ်လွင်နေသည်။ ပထမ အစေခံလို အမှားမျိုး သူမ မပြုရဲပေ။

ခန်းမအပြင်ဘက်ကတည်းက အမျိုးသမီး တစ်ဦး၏ တခစ်ခစ် ရယ်သံများကို ကြားနေရသည်။ တံခါးဝတွင် ရပ်နေသော အစေခံသည် အခက်တွေ့နေပုံ ပေါ်သည်။ သူမက Ruyi့ ကို အားနာသလို တစ်ချက် ကြည့်လာသည်။ တံခါးနောက်ကွယ်တွင် မင်းသားနှင့် သူ့ကိုယ်လုပ်တော်များ၏ မဖွယ်မရာ အခြေအနေကို Ruyi မှန်းဆနိုင်သည်။

ရယ်သံများ တိတ်သွားတော့မှ အစေခံ တံခါးခေါက်လိုက်သည်။ ထို့နောက် အတွင်းဘက်ရှိ အစေခနှစ်ယောက်က တံခါးဖွင့်ပေးသည်။ Ruyi အပေါ်ကို မော့မကြည့်ပဲ တည်တည်ငြိမ်ငြိမ်နှင့် အခန်းတွင်းသို့ တိတ်တဆိတ် ဝင်လာလိုက်သည်။ Ruyi ငယ်ဘဝကတည်းက မည်သို့သော စိတ်ခံစားချက်မျိုးကိုမဆို ထုတ်မပြဘူးပေ။ မိမိဘက်က ခံစားလွယ်၊ ထိခိုက်လွယ်နေလျှင် တစ်ဖက်လူက ပိုအနိုင်ကျင့်ချင်လာသည်။

"ဒီတစ်ခါတော့ အချိန်ကွက်တိပါလား။"

ကိုယ်လုပ်တော်များထဲမှ တစ်ယောက်သည် မထိတထိ ရန်စကား ဆိုလာသည်။ တစ်စုံတစ်ယောက်၏ နာကျင်စွာ အော်ဟစ်သံက တစ်ခန်းလုံးကို ပြန့်သွားသည်။ မင်းသား၏ ခြေရင်းတွင် အလွန်တရာ လှပသော မိန်းမပျို တစ်ယောက် ခွေလဲနေသည်။ သူမ ပုံစံကြည့်ရတာ ခုံပေါ်မှ တွန်းချခံရပုံပေါ်သည်။

"ဘာလို့ အရင်နေ့က အကျီင်္ီပဲ ဝတ်ထားရတာလဲ။"

မင်းသားသည် Ruyi့ကို မမြင်ချင်ပါပဲလျက် ဘာကြောင့် အခေါ်လွှတ်မှန်း နားမလည်နိုင်ပေ။ ဒီအမျိုးသားသည် တစ်ချိန်လုံး ဒေါသထွက်နေပြီး စိတ်အပြောင်းအလဲ မြန်လွန်းသည်။

"ကြည့်ရတာ…"
နောက်ထပ် မိန်းမပျိုတစ်ယောက်က မဲ့ကာရွဲ့ကာနှင့် အပြစ်တင်စကား ဆိုလာသည်။
"နယ်စားက ချမ်းသာတဲ့ သူပဲ။ နယ်စားရဲ့ အဖိုးတန် သမီးတစ်ယောက်အနေနဲ့ ဝတ်စရာ အဝတ် ကောင်းကောင်း မရှိဘူးလား။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို ပြင်ရဆင်ရလောက်အောင်အထိ မင်းသားက အရေးမပါလို့လား။"

Ruyi ဘာပြောနိုင်ဦးမှာလဲ
အခု ဝတ်ထားတဲ့ အဝတ်အစားတွေကလဲ Ruyi့ မိဘအိမ်မှာကတည်းက ဝတ်လာတဲ့ အဝတ်အစားတွေ။ Ruyi့ အမတွေလိုမျိုး Ruyi့ ဘဝမှာ အဝတ်အစား လှလှလေးတွေ မရဘူးသလို လက်ဝတ်ရတနာ အကောင်းစားတွေလဲ တစ်ခါမှ မဆင်မြန်းဘူးပါ။

"သွားတော့။ မင်းမျက်နှာ မြင်ရတာ စိတ်ရှုပ်စရာ ကောင်းတယ်။"

အစကနေ အဆုံးထိ Ruyi တစ်ခွန်းမှ မတုံ့ပြန်ခဲ့။ ထွက်သွားဆိုလျှင်လည်း ထွက်သွားရုံသာ။ အဲ့ဒီနေ့က Ruyi စားဖို့အတွက် အစားအသောက်များ မရောက်လာပါ။ မင်းသားကို စိတ်ဆိုးစေတဲ့အတွက် Ruyi့ကို အပြစ်ပေးကြခြင်း ဖြစ်မည်။ ပြတင်းပေါက်ဘေးတွင် ထိုင်ရင်း လရောင်လည်း မရှိ၊ ကြယ်ရောင်လည်း မရှိသော ကောင်းကင်ကြီးကို ငေးရင်း ဆုတောင်းမိသည်။ "မနက်ဖြန်ဆိုရင်တော့ အပြစ်တွေ ကြေပါစေ"

TN- မင်္ဂလာပါ လီကွမ်ဆူ အမျိုးများ 😂
        ပြန်လာပါပြီဗျာ 👏
        တိုတယ်ဆိုပေမယ့်လည်း နှစ်ပိုင်း မအပ်ပေးနိုင်ဘူးဗျ။ phone က အချိန်နဲ့ သုံးရတာဆိုတော့။ ကျွန်တော့် wp က noti မတက်လို့ readers တို့ရဲ့ fb တွေ မမြင်ရပါဘူး။ ချေလို့ rp မပြန်တာ မဟုတ်ရပါဘူးဗျာ။ စိတ်မဆိုးနဲ့နော်

RUYIWhere stories live. Discover now