အနီရောင်အရည်တွေ ထည့်ထားတဲ့ ပန်းကန်လုံးတစ်လုံးနဲ့ သမားတော်ပြန်လာချိန်မှာ Ruyi မင်းသားတုံ့ဆိုင်းသွားတာကို တွေ့လိုက်ရတယ်…။ အဆိပ်ပန်းငါးပွင့်ကိုရောနှောထားမှုက ဘယ်သူ့ကိုမဆို စိတ်ပျက်စေမှာဘဲလေ…။
" သခင်ကြီး…တကယ်လို့ ဒီဟာက သခင်မလေးရဲ့နာကျင်မှုကို မပျောက်ကင်းနိုင်ဘူးဆို ကျွန်တော်မျိုးရဲ့ အသက်ကို ပေးဖို့အသင့်ပါ "
မင်းသားက ပန်းကန်လုံးကို ယူလိုက်ပေမယ့် သူ့ရဲ့မျက်လုံးတွေကတော့ ပန်းကန်လုံးကို မာထန်စွာစိုက်ကြည့်နေတယ်။ မင်းသား အနီရောင်အရည်တွေကို ဇွန်းနဲ့ယူပြီး Ruyi နှုတ်ခမ်းတွေနား တေ့ပေးလာခင်အထိ Ruyi ငြိမ်ငြိမ်လေးဘဲ စောင့်နေလိုက်တယ်။
Ruyi ထိုအရည်တွေကို ဖြေးဖြေးချင်းဘဲသောက်လိုက်တယ်။ ချဉ်ပြီး ခါးသက်တဲ့အရသာက မြိုချဖို့ခက်ခဲစေတယ်။
" သက်သာလား "
ဆေးသောက်ပြီးတော့ Ruyi သက်သာလာပါတယ်။ အစာအိမ်က နာကျင်နေတာက ပျောက်ကွယ်သွားပြီး ခေါင်းကိုက်နေတာလည်းပျောက်သွားတယ်။ အသက်ဖြေးဖြေးရှုနေရင်းနဲ့ မင်းသားရဲ့လက်မောင်းတွေက Ruyi အနားရစ်ပတ်နေတာကို သတိထားမိလိုက်တယ်။
" ဟုတ်ကဲ့! " Ruyi မင်းသားရဲ့ လက်မောင်းတွေထဲမှာ နွေးထွေးမှုကို ပိုမိုခိုလှုံချင်နေတာကို မရပ်တန့်နိုင်ဘူး။
" ကျေးဇူးတင်ပါတယ် " Ruyi လှည့်ပြီး သမားတော်ကြီးကို နူးညံ့စွာပြုံးပြလိုက်တယ်။
" မင်း သူ့ကို ကျေးဇူးတင်ဖို့မလိုဘူး " မင်းသားက Ruyi မေးကို အနည်းငယ်ကြမ်းတမ်းစွာဆွဲကိုင်ရင်း မျက်နှာကို သူ့ဘက်လှည့်စေတယ်။ " မင်း ကိုယ့်ကို ကျေးဇူးတင်ရမှာ "
သူက နမ်းဖို့အနည်းငယ်ငုံ့ကိုင်းလာပေမယ့် Ruyi မင်းသားရဲ့ နှုတ်ခမ်းတွေကို မြန်မြန်ဘဲ လက်နဲ့ကာရံလိုက်တယ်။ သူ့မျက်နှာပေါ်က မကျေနပ်မှုက Ruyi ကို စိတ်လှုပ်ရှားစေတယ်။
" သခင်ကြီး… ဆေးက သခင်မလေးအပေါ် ဆိုးဝါးစွာမသက်ရောက်ပေမယ့် အခြားသူတွေကိုတော့ ထိခိုက်စေနိုင်ပါတယ် ! " သမားတော်က လျင်မြန်စွာရှင်းပြလာတယ်။
" နာရီအနည်းငယ်လောက် စောင့်ဖို့အကြံပေးချင်ပါတယ် "
သမားတော်စကားကိုကြားပြီးတာနဲ့ မင်းသားရဲ့ မျက်နှာပေါ်က မကျေနပ်မှုက…အပြုံးတစ်ခုအဖြစ်ပြောင်းလဲသွားတယ်။
"…မင်း ကိုယ့်ကို စိုးရိမ်နေတာပေါ့ " သူက Ruyi လည်ပင်းတွေကို ပွတ်သပ်ပြီး…သူ့ရဲ့ လက်မနဲ့ Ruyi နှုတ်ခမ်းတွေကို ကြင်နာစွာပွတ်သပ်တယ် ။
Ruyi က သူ့ကို နေမကောင်းမဖြစ်စေချင်တာပါ…။ သူက Ruyi ကိုကူညီခဲ့တာဘဲကို…။
" အနားယူတော့ " သူက Ruyi နဖူးပေါ်…နမ်းလိုက်ပြီး တီးတိုးပြောလာတယ်။ " ကိုယ် မင်းနိုးတဲ့အခါ ပြန်လာပြီး အတူတူစားကြတာပေါ့ "
မင်းသားက Ruyi ကို အိပ်ရာပေါ်လှဲဖို့ကူညီပေးတယ်။ သူမထွက်သွားခင်မှာ အစေခံတွေကို Ruyi ကိုကောင်းကောင်းဂရုစိုက်ဖို့မှာသွားသေးတယ်။ မင်းသားအခန်းထဲကထွက်သွားတာနဲ့ Ruyi မျက်လုံးတွေကို မှိတ်လိုက်တယ်။ ဒီတစ်ခါတော့ Ruyi နာကျင်မှုမရှိဘဲ ငြိမ်းချမ်းစွာအိပ်နိုင်တော့မယ်။
Translator-@PhuThetKhin9402
YOU ARE READING
RUYI
Romanceကိုယ်ပိုင် မဟုတ်တာကို ဆုံးရှုံးရမှာ ကြောက်ဖူးပါသလား... မွေးမိခင်ကိုယ်တိုင်က အဆိပ်ခပ်ရင်ရော သင်ဘယ်လို ခံစားရမလဲ... ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ပြုရရင်...သင့်အိပ်မက်တွေကို ဆုံးရှုံးခဲ့ရင်...သင် ကျရှုံးခဲ့ရင်...သင့်ဘက်မှာ ဘယ်သူမှ မရှိခဲ့ရင်...သင် တစ်ယောက်တ...