" ရောက်ရှိကြောင်းပါ...အရှင်မင်းသား "
Ruyi ကြောက်ရွံမှုကို ခံစားလိုက်ရပြီးချင်းချင်း Ruyi လက်တွေ ဆုတ်ကိုင်ခံလိုက်ရတယ်။ မင်းသားက Ruyi လက်တွေနဲ့ သူ့နှုတ်ခမ်းတွေကို ထိတွေ့စေတယ်။
" Ruyi... "
မင်းသားက Ruyi ကို နူးညံ့တဲ့အပြုံးလေး ပြုံးပြတယ်။
" တကယ်လို့... မင်းစကားမပြောချင်ဘူးဆိုရင်...မင်းပြောစရာမလိုဘူး...တကယ်လို့ မင်းမကြည့်ချင်ဘူးဆိုရင် ကြည့်စရာမလိုဘူး... နားမထောင်ချင်ဘူးဆိုရင်လည်း...နားထောင်စရာမလိုဘူး... "
မင်းသားက Ruyi ရဲ့ လက်တွေကို နမ်းလိုက်ချိန်မှာ Ruyi နှလုံးသား တည်ငြိမ်သွားသလိုပဲ...။
" သွားကြစို့... "
တံခါးချပ်တွေဧ။်အပေါ်တွင် ချိတ်ဆွဲထားတဲ့...ကြေးနီရောင်အမှတ်အသားမှာ ရေးသားထားတာက... အမတ်ချုပ်ကြီးလီဧ။် အိမ်တော်...။ များစွာသော အစောင့်တွေက အဝင်ဝမှာရပ်နေကြတယ်။အစေခံတွေနဲ့ အထိန်းတော်တွေက တံခါးရှေ့မှာ တန်းစီနေလျက်...။သူတို့တွေအကုန်လုံးက...မြို့စားHaijin နဲ့ သူ့ဝမ်ဖေးကို ကြိုဆိုဖို့ရောက်ရှိလာကြသည်။ မြင်းရှစ်ကောင် သယ်ဆောင်တဲ့ ရွှေရောင်ရထားလုံးမှ... အရပ်ရှည်ပြီး ချောမောတဲ့ အနီရောင်နဲ့အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားတဲ့ ယောကျာ်းတစ်ယောက်စတင်ထွက်လာပြီး လျှောက်လှမ်းလာတာကို... လမ်းမပေါ်က လူအများကတော့ ကြောက်ရွံမှုတွေနဲ့သာကြည့်ရှုနေကြရတယ်။
မီးခိုးရောင်မျက်ဝန်းစူးရှရှတွေက အစေခံတွေ သူ့ကိုကြည့်ရှုနေသည့် အနီးအနားသို့ လှည့်ပတ်ကြည့်ရှုလာတယ်။ သူတို့က အမတ်ချုပ်ကြီးရဲ့ လူတွေပေမယ့်...အခုထိ... ဒီလို ညှိ့ဓာတ်ပြင်းရှလွန်းပြီး မက်မောဖွယ်ရုပ်ရည်နဲ့ သြဇာအာဏာပြင်းထန်တဲ့ လူမျိုးကို သူတို့မတွေ့ဖူးကြသေးဘူးလေ။
ထိုအခြေအနေမှာပဲ ... ထိုအိမ်တော်က မိန်းမပျိုတွေ ဘာကြောင့် အလွန်တရာလှပစွာဝတ်ဆင်ထားသလည်းဆိုတာကို နားလည်သွားကြတယ်။ အဲ့တာတွေအကုန် ထိုယောကျာ်းပျို အတွက်ပဲလေ။
မြို့စားHaijin က...ရထားလုံးဆီပြန်လျှောက်သွားခဲ့တယ်။ထိုရထားလုံး မောင်းနှင်သူက...စိမ်းနက်ရောင်ဝတ်စုံနဲ့မိန်းမပျိုလေးထွက်လာနိုင်ဖို့အတွက်...ခန်းဆီးကို မတင်ပေးတယ်။ သူမခြေထောက်နဲ့မြေပြင်မထိခင်မှာကို...မြို့စားက သူမကို...ရထားလုံးထဲကနေ ပင့်မလိုက်တာကို လူတိုင်းက တိတ်ဆိတ်မှုနှင့်အတူကြည့်ရှုနေကြရတယ်။ ထိုလှုပ်ရှားမှုက နူးညံ့လွန်းပြီး... အားမပါတာကြောင့်... အစေခံတွေအကုန် မေ့မျောမတတ်ပဲ...။သူတို့တွေအကုန်...မြို့စားရဲ့ အလှတရားနဲ့ အင်အားကြားမှာ... ဖမ်းစားခံလိုက်ရသလိုဖြစ်ပြီး မြို့စားနဲ့သူ့ဝမ်ဖေးလျှောက်လှမ်းလာတာကိုတောင် အရိုအသေပေးဖို့မေ့လျော့သွားကြတယ်။သူတို့တာဝန်က မြို့စားကို အရိုအသေပေးပြီး အမတ်မင်းအိမ်တော်ကို လမ်းပြဖို့ဆိုပေမယ့်...အဲ့ဒီအစား သူတို့ မြို့စားရဲ့ ကျောပြင်ကိုသာငေးမောမိနေကြတယ်။
ရထားလုံးမောင်းနှင်သူ ချောင်းဟန့်လိုက်မှပဲ... သူတို့ခညာ... မြို့စားနဲ့ သူ့ဝမ်ဖေးထွက်သွားတာကြာပြီဆိုတာ သဘောပေါက်ကြတော့တယ်။
ထိုမောင်းနှင်သူရဲ့ အကြီးအကျယ်လှောင်ပြောင်မှုကြောင့်ပဲ...အစေခံမလေးတွေ...အိမ်တော်ထဲကိုအပြေးအလွှားဝင်ပြေးကြတော့တယ်။
....................................
Translator- PhuThetKhin9402
Vipvkook's note- Cover က Phu Thet Khin လက်ရာလေးပါ...လှတယ်နော် 💙...သိတဲ့သူတွေ mention ခေါ်ပြီး ချီးကျူးပေးလိုက်ပါဦး...နောက်ပြီး ကြင်ယာတော် အိမ်ပြေးလေးကို update တောင်းထားတဲ့ fb တွေကို ချေထားပါတယ် 😌😂 မကြာခင် up ပေးမှာပါ စိတ်မပူပါနဲ့လို့ နောက်တစ်ခု Promise က OC ပါနော်...ဘယ် RL ထဲပဲ ထည့်ထည့်ပါ အဓိကက သိအောင် ပြောပြတာပါ...နောက်တစ်ခုက ကိုကို ဆိုတဲ့ story ကလေ vkook အတွက် ရည်ရွယ်ထားတာပါ။ အရှည်ကြီး မရေးနိုင်သေးလို့ အတို တင်ထားတာပါ။ နောက်မှ ဖြေးဖြေးချင်း edit လုပ်သွားပါမယ်။ but စဉ်းစားရင်းနဲ့ chanbaek နဲ့ လိုက်မှာပဲလို့ တွေးမိပြီး chanbaek version လည်း ရေးချင်သွားတယ်။ လောဘတွေ ကြီးနေပြီ။ Sulay ဆိုလည်း ဇာတ်လမ်းက လှမှာနော်...version အကုန် ရေးချင်ပါတယ်။ အော်သွတ်ခဲ ကူညီပါဦး 😄
![](https://img.wattpad.com/cover/140063942-288-k894805.jpg)
YOU ARE READING
RUYI
Romanceကိုယ်ပိုင် မဟုတ်တာကို ဆုံးရှုံးရမှာ ကြောက်ဖူးပါသလား... မွေးမိခင်ကိုယ်တိုင်က အဆိပ်ခပ်ရင်ရော သင်ဘယ်လို ခံစားရမလဲ... ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ပြုရရင်...သင့်အိပ်မက်တွေကို ဆုံးရှုံးခဲ့ရင်...သင် ကျရှုံးခဲ့ရင်...သင့်ဘက်မှာ ဘယ်သူမှ မရှိခဲ့ရင်...သင် တစ်ယောက်တ...