This is the translation of RUYI.
Translator-SereniTY...
Vipvkook- လေနည်းနည်းပေါပါရစေ...အားလုံးပဲ ၅၇ တစ်ပိုင်းပျောက်နေတာ သတိထားမိမှာပါ။ ကျွန်တော့်ရဲ့ ချို့ယွင်းချက်ကြောင့် ဘယ်နားကျန်ခဲ့မှန်း ကျွန်တော်လည်း မသိပါဘူး 😅 ၅၆ နဲ့ အခုအပိုင်းက အဆက်အစပ်ရှိတဲ့အတွက် ကြည့်ရတာ ဟိုးအပေါ်မှာ ကျန်ခဲ့တာ ဖြစ်ပါမယ်။ သိပ်မကြာခင် အမှားပေါက်ကို ပြန်လည် ဖြည့်ဆည်းပေးပါမယ်။ အဆင်မပြေမှုတွေ ဖြစ်စေရင် အနူးအညွတ် တောင်းပန်ပါတယ်။
ကဲ formal ပိုင်းတွေ ပြီးပြီဆိုတော့......
Long time no see...ဒီက ခန့်ချောကိုကြီးကို တော်တော်မှ လွမ်းကြရဲ့လား 😜
ကြင်ယာတော် အိမ်ပြေးလေး ညလာမည် ✌တောင်တန်းမြစ်ချိုင့်ဝှမ်းတွေဆီ မင်းသားနဲ့အတူ Ruyi ခရီးမထွက်ခဲ့ခင်ထိ Ruyi ဘဝမှာ တစ်ခါမှ ဒီလို လွတ်လပ်ပြီးကောင်းကောင်းမပျော်ရွှင်ခဲ့ရဖူးဘူး ။ ပြီးတော့ Ruyi အမြဲတမ်းမြင်ချင်နေခဲ့တဲ့အရာတွေကို လည်း တွေ့ မြင်ခဲ့ရပြီးပြီ ။ ရေကန်တွေ မြစ်တွေ ပင်လယ် တောင်တန်း တောင်ကုန်း ချိုင့်ဝှမ်းတွေအကုန် အရမ်းလှလွန်းတယ် ။ တစ်သက်လုံး Ruyi နှလုံးသားနဲ့စိတ်အစဉ်မှာ အဲ့အရာတွေ စွဲထင်နေတော့မှာ အသေအချာပဲ ။ ခရီးအတွင်း နောက်ဆုံးညမှာ မြို့တော်ဆီ မနက်ဖြန်နေ့လည်ဆို ရောက်တော့မယ်လို့ မင်းသားက Ruyi ကို ပြောပြတယ် ။
" Wu Xi က ကိုယ့်အိမ်တော်အဆင်အပြင်တွေက အရင်အိမ်ထက် သွားလာရေးဆယ်ဆ ပိုခက်တယ် "
မင်းသား ပုခုံးဆီ Ruyi မှီနေချိန်မှာ သူက အေးစက်နေတဲ့ Ruyi ပါးပြင်ကို လက်နဲ့အသာထိတွေ့နေရင်း စကားစတယ် ။
" ကိုယ် မင်းအတွက် အိမ်တော်လမ်းအသွားအလာတွေကို သင်ပေးဖို့ တစ်ယောက်ယောက် ထားပေးမယ် ... ဒီတော့ ခဏခဏ အခန်းထဲပဲ အောင်းမနေနဲ့ ... အပြင်ကိုလဲ သေချာ လေ့လာထားဦး ။ ကိုယ်မင်းကို အိမ်ဝင်းထဲ လမ်းပျောက်နေရင်း ဒဏ်ရာအနာတရမဖြစ်စေချင်ဘူး "
Ruyi က ဘယ်လို အိမ်ထဲ ဒဏ်ရာရနိုင်မှာလဲ ...... ။
" ကိုယ့်စံအိမ် က ချောက်ကမ်းအစွန်မှာ ဆောက်ထားတာကြောင့်ပါ ... "
Ruyi စိတ်ကို ဖတ်နေနိုင်သလိုပဲ မင်းသားက ရယ်သွေးလွှမ်းလျက် ပြောလာတယ် ။
YOU ARE READING
RUYI
Romanceကိုယ်ပိုင် မဟုတ်တာကို ဆုံးရှုံးရမှာ ကြောက်ဖူးပါသလား... မွေးမိခင်ကိုယ်တိုင်က အဆိပ်ခပ်ရင်ရော သင်ဘယ်လို ခံစားရမလဲ... ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ပြုရရင်...သင့်အိပ်မက်တွေကို ဆုံးရှုံးခဲ့ရင်...သင် ကျရှုံးခဲ့ရင်...သင့်ဘက်မှာ ဘယ်သူမှ မရှိခဲ့ရင်...သင် တစ်ယောက်တ...