နောက်ရက်အနည်းငယ်အထိ အစားအစာတွေက Ruyi ဆီကိုရောက်လာကြတယ်…။များစွာသော အစေခံတွေက ပန်းခြံကို ဂရုစိုက်နေကြပြီး Ruyi နေတဲ့အိမ်ငယ်လေးကို ကျယ်ပြန့်အောင် လုပ်နေကြချိန်မှာ… Ruyi နေတဲ့နေရာကို ရှင်းဖို့ အစေခံတွေကတော့ ပိုများလာတယ်…။
ရှုပ်ထွေးတဲ့ပြောင်းလဲမှုတွေကြောင့် Ruyi သူတို့နဲ့ကင်းကင်းကွာကွာနေလိုက်ပြီး အခန်းလေးထဲမှာဘဲ စာဖတ်နေခဲ့တယ်…။
၂ ပတ်ကြာတဲ့အခါမှာ Ruyi လည်ပင်းက ဒဏ်ရာဟာ…သက်သာသွားပြီး…သူ့ရဲ့ မူရင်းအဖြူရောင်အဖြစ်ကို ပြန်ပြောင်းလဲသွားခဲ့တယ်…။ မင်းသားက Ruyi ကို လူတိုင်းနဲ့မနက်စာစားဖို့ အမိန့်ပေးလိုက်တယ်လို့ အစေခံမလေးတွေပြောတဲ့အချိန်မှာ Ruyi တုံ့ဆိုင်းနေခဲ့သည်။
Ruyi အခန်းထဲမှာဘဲနေလို့မရဘူးလားလို့ မေးလိုက်တဲ့ အချိန်မှာဘဲ လူတိုင်းက ဒူးထောက်လိုက်ကြတယ်…။သူတို့က Ruyi ကို သွားဖို့ တောင်းဆိုနေကြသည်။ တကယ်လို့ Ruyi မသွားရင် မင်းသားက သူတို့ကို အပြစ်ပေးလိမ့်မယ်…။ Ruyi မှာ ရွေးချယ်စရာမရှိတော့တဲ့အတွက် Ruyi … အဲ့စီကို သွားလိုက်တယ်…။
Ruyi ပင်မခန်းမကို ရောက်တဲ့အခါမှာ လေထုက တစ်မျိုးပြောင်းသွားသလိုခံစားလိုက်ရသည်။
" ဒီမှာ ထိုင် "
ထိုအမိန့်သံကို ထိတ်လန့်သွားတာ Ruyi တစ်ယောက်တည်းမဟုတ်ဘူး။ သူမရဲ့ နေရာကိုမင်းသားညွှန်ပြလိုက်ကတည်းက မင်းသားဘေးက ကိုယ်လုပ်တော်ကလည်း…အံသြသွားခဲ့တယ်…။ အခြားတစ်ယောက်က တခစ်ခစ်ရယ်မောလျက်…သူတို့ရဲ့ညီမလေးကို နေရာဖယ်ပေးဖို့ ရွှတ်နောက်နောက်မပြောခင်အထိ Ruyi ရှုပ်ထွေးနေခဲ့သည်။
ကိုယ်လုပ်တော် မိန်းမပျို က မကျေနပ်သလိုနဲ့နှုတ်ခမ်းဆူတယ်…။ဒါပေမယ့် သူမ ရွေ့ပေးလိုက်ရတယ်…။
" ဒီကို လာခဲ့ "
Ruyi မင်းသားဘေးမှာထိုင်လိုက်တာနဲ့ မင်းသားက Ruyi လည်ပင်းကို လာထိတယ်…။ Ruyi တွန့်သွားမိတော့ မင်းသားက Ruyi မလှုပ်အောင် လည်ပင်းကို ခပ်ကြမ်းကြမ်းကိုင်လိုက်သည်။ မင်းသားရဲ့ လက်မက Ruyi လည်ပင်းအရေပြားပေါ်ကို နူးညံ့စွာပွတ်သတ်နေတဲ့အခါမှာ Ruyi ပိုပြီးစိတ်ရှုပ်ထွေးလာရတယ်…။ မင်းသားကို ကြည့်မိတော့ မင်းသားရဲ့မျက်လုံးတွေက Ruyi လည်ပင်းကို စစ်ဆေးနေသလိုဘဲ…။
STAI LEGGENDO
RUYI
Storie d'amoreကိုယ်ပိုင် မဟုတ်တာကို ဆုံးရှုံးရမှာ ကြောက်ဖူးပါသလား... မွေးမိခင်ကိုယ်တိုင်က အဆိပ်ခပ်ရင်ရော သင်ဘယ်လို ခံစားရမလဲ... ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ပြုရရင်...သင့်အိပ်မက်တွေကို ဆုံးရှုံးခဲ့ရင်...သင် ကျရှုံးခဲ့ရင်...သင့်ဘက်မှာ ဘယ်သူမှ မရှိခဲ့ရင်...သင် တစ်ယောက်တ...
