34 >> Duke HaiJin
Duke Hai Jin -- WuXi ပြည်၏ မင်းသား Jian ။ ငယ်ရွယ်လွန်းတယ်လို့ သတ်မှတ်ရမယ့် 23 နှစ်အရွယ်ဖြင့် ညီလာခံထိပ်မှာရပ်နေသူ ယောကျာ်းပျိုက ရှည်လျားတဲ့အရပ်အမောင်းနဲ့ သန်စွမ်းတဲ့ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်ရုံမက တည်ကြည်သည့်မျက်နှာပြင်မှာ ယုံကြည်ချက်ရှိမှုတွေက အပြည့်လွှမ်းမိုးလို့ထားသည် ။ ရွှေချည်မျှင်တို့ဖြင့်ရက်လုပ်ထားသည့်ပိုးသားဝတ်ရုံကိုချပ်ချပ်ရပ်ရပ်ဝတ်ဆင်ထားလျက် မဲနက်နေသည့်ဆံနွယ်တို့ကို ငွေချည်ကြိုးဖြင့်ရိုးရှင်းစွာပဲစည်းနှောင်လျက်ထုံးထားသူ ။
တစ်ကယ်ဆို သူကညီလာခံထဲမှာအသက်အငယ်ဆုံးဖြစ်တာမှန်ပေမယ့် တစ်ချိန်တည်းမှာပဲ သူက အာဏာအကြီးဆုံးသူဆိုတဲ့ဖြစ်တည်မှုကို ငြင်းလို့ရမည်မဟုတ် ။ သူက ဘုရင့်ရာဇပုလ္လင်၏ ရှေ့တော်မှောက် အရှေ့ဆုံးတန်းရဲ့ ညာဘက်ခြမ်းမှာ နေရာယူထားသည် ။ အတိအကျပြောရမယ်ဆို အိမ်ရှေ့စံနှင့် တစ်တန်းတည်းရှိသည့် နေရာပေါ့ ။
ဒါပေမယ့် တဖြည်းဖြည်းနဲ့ သူပျင်းစပြုလာတယ် ။ ဒီနေရာမှာ ကျောက်ရုပ်လိုရပ်နေရပြီး အမတ်တွေရဲ့ ဧကရာဇ်ငယ်ကိုတင်ပြနေသည့် အစီရင်ခံစာတွေကို နားမဆံ့အောင်နားထောင်နေရတာပဲ ။ တစ်ကယ်ဆို ဧကရာဇ်ဟာ သူ့ထက်နှစ်နှစ်သာကြီးသူပဲလေ ။ ဧကရာဇ်နဲ့ မင်းသား Jian တို့က ငယ်သူငယ်ချင်းတွေလို့ သိကြတာ ။ ဧကရာဇ် ရဲ့ဒီနေ့ညီလာခံကိုခေါ်ယူရခြင်း ရည်ရွယ်ချက်က Jian ရဲ့သြဇာအာဏာကြီးမားမှုကြောင့်အပြင် ဧကရာဇ်Wu Hui Zhong ရဲ့မွေးနေ့ပွဲနဲ့ဆက်စပ်နေလို့ပဲ ။
" Duke Hai Jin "
ဧကရာဇ်က မျက်နှာထက်ကအပြုံးဖြင့် သူ့နာမည်ကို ခေါ်လာတယ် ။
" WuXi ပြည်ဧကရာဇ်မင်း WuHuiZhong မွေးနေ့ကနီးကပ်လာပြီလို့ကြားတယ် … ။ မင်းသွားမယ်လို့ ငါယူဆပါတယ် ! "
" ဟုတ်ပါတယ် … "
သူလက်နှစ်ဖက်ကိုဆုပ်ယှက်ကာ ဧကရာဇ်မင်းအပေါ်ရိုသေလေးစားမှုပြသတယ် ။
" ဒီနှစ်ပတ်အတွင်း စထွက်ခွာမှာပါ … "
ချက်ချင်းဆိုသလိုပဲ Duke Hai Jin ရဲ့ သူတို့ဧကရာဇ်အပေါ်ဆက်ဆံတဲ့အမူအရာကြောင့် မှူးမတ်တို့ မျက်မှောင်တွေဟာ ကျုံ့လို့သွားကြတယ် ။ လူတိုင်းကခေါင်းငုံ့ကာအရိုအသေပေးကြရပေမယ့် သူကတော့ လုံးဝခေါင်းကိုမငုံ့ဘူး ။ လူတိုင်းက ညင်သာစွာစကားဆိုကြပေမယ့် သူ၏အသံမှာတော့ မောက်မာသံတို့က အထင်းသားပေါ်လွင်လို့နေတယ် ။တစ်ချို့က မကျေမနပ်ဖြစ်နေကြပေမယ့် တစ်ချို့တစ်ဝက်ကတော့ မနာလိုအားကျလို့နေတာ ။ ဒါပေမယ့် သူတို့အားလုံး တစ်ခွန်းမှမဟရဲကြတာတော့အမှန် ။ ဘယ်လိုဖြစ်ဖြစ် ဧကရာဇ် ကတောင် ဘာမှမဖြစ်သည့်အတိုင်းပဲကို … ။
" ကောင်းပြီ … ။
ဧကရာဇ်က ခေါင်းတငြိမ့်ငြိမ့်လုပ်လို့နေရင်း …
" ငါ WuXi ဧကရာဇ် HuiZhong အတွက်လက်ဆောင်အချို့ပြင်ဆင်ပေးထားတယ် ။ မင်းသွားရင်းနဲ့ ငါ့လက်ဆောင်ပဏ္ဌာာတွေကိုပါ သူ့ဆီပို့ဆောင်ပေးစေချင်တယ် … "
" ကောင်းပါပြီ … မင်းကြီး … "
မင်းသား Jian က ကိုယ်ကိုမတ်ရင်း ပြန်ဖြေကြားလိုက်တယ် ။
နောက်တော့ ကြီးမားတဲ့ရွှေသေတ္တာကြီးတွေ ဆယ်လုံးကိုညီလာခံတွင်း အစေခံတွေကသယ်ဆောင်လာကြတယ် ။ အမတ်တွေအားလုံးဟာ များပြားလှတဲ့ရွှေချောင်းတွေကြောင့်မှင်သက်လို့သွားကြတယ် ။WuXi ရဲ့ ကြီးမြတ်လွန်းသောဧကရာဇ်မင်းကိုပေးမယ့်လက်ဆောင်က သေးသေးသောသောဖြစ်မယ်မှန်းမဟုတ်တာ သူတို့မျှော်လင့်ထားကြပေမယ့် ဧကရာဇ်ရဲ့ကြင်နာမှုကနည်းနည်းများလွန်နေသလားပဲ ။
တစ်ဖက်မှာလည်း မင်းသား Jian ခမျာရွှေသေတ္တာကြီးတွေကိုကြည့်ပြီး မှင်သက်လို့သွားရှာတယ် ။ သူမျက်တောင်မခတ်ကြည့်နေတာကို အမတ်တွေမြင်တော့ အလားတူ အံ့သြကြရပြန်တယ် ။ တန်ဖိုးနည်းနည်းနောနောမဟုတ်မှန်းတွေးမိလို့ မင်းသားက ဒီလိုဖြစ်သွားရတာလားပေါ့ ။
" ပြသာနာရှိလို့လား … Duke Hai Jin "
မင်းသား Jian ရဲ့တုံ့ပြန်မှုနဲ့ပတ်သက်ပြီး ဧကရာဇ်ရဲ့အသံက ရယ်သွေးလွှမ်းလို့သွားတယ် ။ သူကတော့ ဒီများပြားလွန်းတဲ့ရွှေချောင်းတွေကြောင့် မင်းသားအံ့အားသင့်သွားတာလို့ထင်တာ ။
" အရှင်မင်းကြီး …… "
မင်းသား Jian မဧကရာဇ်ဆီပြန်လှည့်လာတော့ အလိုမကျမှုကြောင့် မျက်မှောင်ကျုံ့ထားတာက အထင်းသားပဲ ။ သူဒါကိုဖုံးကွယ်ဖို့တောင် မကြိုးစားဘူး ။
" ခရီးသွားတဲ့အခါမှာ ကျွန်တော် ပေါ့ပေါ့ပါးပါးပဲဖြစ်ချင်တယ် ။ လေးလေးလံလံပစ္စည်းတွေ အလိုမရှိပါဘူး မင်းကြီး … ။ အထူးသဖြင့် ကျွန်တော့ဝမ်ဖေးလည်းပါမှာဆိုတော့ ဒီရှုပ်ရှုပ်ယှက်ယှက်ပစ္စည်းတွေတင်ပြီး သူမကို ဒုက္ခမဖြစ်စေချင်ဘူး … "
လူတိုင်း မျက်နှာထားမတတ်အောင်ကိုဖြစ်သွားရတော့တယ် ။ ရှုပ်ရှုပ်ယှက်ယှက်တွေတဲ့လား … !! ဒီသေတ္တာဆယ်လုံးနဲ့အပြည့်ရွှေချောင်းတွေက ရှုပ်ရှုပ်ယှက်ယှက်တွေတဲ့ !! ပြီးတော့ ဝမ်ဖေး ?? တစ်လောကမှာနှစ်ယောက်မရှိတဲ့ Duke Hai Jin က WuXi ပြည်ကိုသူ့ဝမ်ဖေးကိုပါခေါ်ပြီးသွားမယ်တဲ့လား ။
…Translator- Taelovesme_ss 309
![](https://img.wattpad.com/cover/140063942-288-k894805.jpg)
YOU ARE READING
RUYI
Romanceကိုယ်ပိုင် မဟုတ်တာကို ဆုံးရှုံးရမှာ ကြောက်ဖူးပါသလား... မွေးမိခင်ကိုယ်တိုင်က အဆိပ်ခပ်ရင်ရော သင်ဘယ်လို ခံစားရမလဲ... ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ပြုရရင်...သင့်အိပ်မက်တွေကို ဆုံးရှုံးခဲ့ရင်...သင် ကျရှုံးခဲ့ရင်...သင့်ဘက်မှာ ဘယ်သူမှ မရှိခဲ့ရင်...သင် တစ်ယောက်တ...