၎။ မထူးခြားသော နေ့စွဲများ...

9.6K 903 39
                                    

မင်းသား၏ အိမ်တော်တွင် နေရသော မိန်းမပျို၏ ရက်စွဲများသည် သူမ အဖေ၏ အိမ်တော်မှာကဲ့သို့ပင် သိပ်ပြီး မထူးခြားလှပေ။ အမျိုးသမီး အစေခံများနှင့် ကျွန်များအပါအဝင် လူတိုင်းက မိန်းမပျို၏ တည်ရှိမှုကို မေ့လျော့နေကြသည်။ မိန်းမပျိုသည် ရှင်းလင်းနေသော အဆောင်လေးတစ်ခုတွင် တစ်ကိုယ်တည်း နေထိုင်သည်။ အချိန် မြန်မြန်ကုန်စေရန် မိန်းမပျိုသည် သူမ်နှင့်အတူ သယ်ဆောင်လာသော စာအုပ်များစွာကို ဖတ်ရှုလေ့ရှိသည်။ ထမင်းစားချိန်များတွင် သူမအတွက် အစားအသောက်များကို တံခါးနားတွင် တွေ့ရလေ့ရှိသည်။ အစားအသောက်များ ပို့ဆောင်ပေးသော အစေခ်ံသည် မိန်းမပျိုနှင့် မျက်နှာချင်းဆိုင်ရန် ကြောက်ရွံ့သည့်နှယ် မြန်မြန်လာကာ မြန်မြန် ပြန်သွားလေ့ ရှိသည်။ မိန်းမပျိုသည်လည်း အစေခံနှင့် စကားပြောရန် မကြိုးစားသလို နာမည်ကိုလည်း မမေးခဲ့။ အစားအသောက်များ ပို့သော အစေခံမှာ တစ်ယောက်တည်းလား ဆိုတာတောင် မိန်းမပျို ကိုယ်တိုင်လည်း တိတိကျကျ မသိ။ မိန်းမပျို၏ အမြင်အာရုံတွင် လေအလျင်ကဲ့သို့ အဆောင်တွင်း ဝင်ထွက်နေသော အရိပ်တစ်ခုသာ တွေ့သည်။

မည်သူ တစ်ဦးတစ်ယောက်မျှ မိန်းမပျိုနှင့် ပတ်သတ်ချင်စိတ် မရှိသလို မိန်းမပျို ကိုယ်တိုင်လည်း ထိုအခြေအနေနှင့် အသားကျနှင့်နေပြီ ဖြစ်သည်။

ရက်သတ္တပတ်များသည်လည်း လျင်မြန်စွာ ကုန်ဆုံးသွားကြသည်။ မိန်းမပျို၏ ကျန်ရှိသော ဘဝသက်တမ်းသည်လည်း အမေ့လျော့ခံအဖြစ် တဖြည်းဖြည်း ကုန်ဆုံးလာသည်။ တိတ်ဆိတ်သော ဘဝနှင့် မိန်းမပျိုတို့ အသားကျနေချိန်တွင် ကန်လန့်ကာ နောက်ကွယ်မှ အစေခံသည် အိမ်တော်၏ ပင်မအဆေါင်တွင် မင်းသားအား ဂါဝရပြု ရန် အကြောင်းကြားလာသည်။ အစေခံသည် လာတုန်းကကဲ့သို့ပင် အလျင်စလို ပြန်လည် ထွက်ခွာသွားသည်။ မိန်းမပျို၏ စိတ်တွင် ရှုပ်ထွေးနေသော်လည်း သူမ၏ မသိစိတ်တွင် မင်းသား၏ အမိန့်ကို ဖီဆန်လျှင် ပြဿနာများသာ တိုးပွားလာနိုင်မှန်း သိသည်။

မိန်းမပျိုအား ငြိမ်းချမ်းသော ဘဝ (ထိုဘဝတွင် မိန်းမပျိုမှ လွဲ၍ အခြားသူများ မရှိသော်လည်း) ကို ဆက်လက် ဖြတ်သန်းခွင့်ပြုရန် မင်းသား Jiang ခွင့်ပြုလေမည်လား။

RUYIWhere stories live. Discover now