၅၁။ အခြေအနေ သုံးခု

6.9K 785 38
                                    

Tjis is the translation of RUYI.
Translator-SereniTY_Kim

အဖေ … "

Li AiFen တစ်ယောက် သူမပျော်ဖို့အတွက် ဖခင်ဖြစ်သူက ပြောသမျှ အကုန်လက်ခံမယ်ဆိုတဲ့ယုံကြည်မှုအပြည့်နဲ့ သူမအဖေဆီ အပြုံးကြီးပြုံး၍ကြည့်လိုက်တယ် ။

" အခြေအနေသုံးရပ်က ဘာတွေများလဲ … ? "

ဒီလိုနတ်ဆိုးတစ်ယောက်စကားကိုယုံဖို့စာရင် ဒီမြေခွေးအိုရဲ့စိတ်အစဉ်က သူ့အကြံအစည်တွေ ရိုးရိုးလေးမဖြစ်နိုင်မှန်းနားလည်တယ် ။ ဒါပေမယ့် ဘယ်လိုတွေဖြစ်နေပါစေ သူ့သမီးသာ WuXi ရဲ့မင်းသမီးဘွဲ့တော်ကို ပိုင်ဆိုင်နိုင်ခဲ့ရင်ဆိုတာကို သူလစ်လျူ့ရှု့မပစ်နိုင်ဘူး ။

" ပထမဆုံး … ကျုပ် ပို့လိုက်တဲ့ရွှေသေတ္တာ ၁၇ လုံးကို ပြန်ပေးရမယ် … ။ နောက်ဆုံးတော့လည်း အမတ်ချုပ် Lee ရယ် … ခင်ဗျားက ဝမ်ဖေးကို ကုန်ပစ္စည်းတစ်ခုလိုသဘောထားနေတာ သိပ်လွယ်တဲ့ခြေလှမ်းမှမဟုတ်တာ … "

ပထမ တစ်ချက်နဲ့တင် အမတ်ချုပ်မျက်နှာပျက်သွားတာကြောင့် Wu Jian မျက်နှာမှာ ညစ်ကျယ်ကျယ်အပြုံးကထင်းထင်းကြီးပေါ်လာတယ် ။

" ပြီးတော့ … အမတ်ချုပ် Lee ရဲ့ဂုဏ်သရေရှိသမီးကြီးအနေနဲ့ … သတို့သားဘက်ကို ပေးဆောင်ခအဖြစ် အမတ်ချုပ်ရဲ့ နှစ်နှစ်ဆယ်စာ နှစ်ချုပ်တန်ကြေးကို ကျုပ်ကိုပေးရမယ် … "

အမတ်ချုပ် ဘာမှမတုံ့ပြန်နိုင်သေးခင်မှာပဲ … Wu Jian ကသူ့ရဲ့နောက်ဆုံးအချက်ကို ဆက်ပြောတယ် ။

" နောက်ဆုံးအနေနဲ့ … အမတ်ချုပ်ရဲ့ဒုတိယသားငယ်ဟာ ကျုပ် Wu Jian ရဲ့စစ်တပ်မှာ အမည်စာရင်းပေးသွင်းကာ တာဝန်ထမ်းဆောင်စေမယ် … "

အခန်းတစ်ခုလုံး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်လို့သွားပြီ ။

" ကျုပ်သမီးကို ဝမ်ဖေးအဖြစ် မြှောက်စားဖို့ မင်းမှာအစကတည်းက ရည်ရွယ်ချက်မရှိပဲ … "

အမတ်ချုပ် Lee နောက်ဆုံးတော့အသံထွက်လာတော့တယ် ။

" ဒီလိုရယ်စရာကောင်းတဲ့တောင်းဆိုချက်တွေ ထွက်လာပုံကို ကြည့်ရင်ပေါ့ … "

RUYIWhere stories live. Discover now