၁၃+၁၄

12.2K 952 78
                                    

၁၃။ သင်ယူစမ်း…

Warning! 😈FA, s! 😁

Ruyi နိုးလာတော့ ကြီးမားတဲ့ ထိုင်ခုံကြီးပေါ်မှာရောက်နေတာကို တွေ့လိုက်ရတယ်…။Ruyi ထထိုင်လိုက်တော့… စာရွက်လိပ်တွေနှင့် စာအုပ်တွေတင်ထားသည့် စင်တွေကို သတိထားမိလိုက်တယ်။

အဲ့တာအားလုံးရဲ့ အလယ်မှာတော့ ကျောက်တုံးစားပွဲနိမ့်လေးပေါ်မှာ ထိုင်နေတဲ့ မင်းသား…။

မင်းသားက Ruyi နိုးလာတာကိုမမြင်ခင်အထိ စာရွက်လိပ်တွေကို ဖတ်ရှုနေသေးတယ်!

သူ ထလာပြီး Ruyi ဆီကို လျှောက်လာတော့…သူ့ရဲ့ နက်မှောင်တဲ့မျက်ဝန်းတွေကို ကြည့်နေမိရင်း …Ruyi သတိလက်လွတ်နဲ့ …ကိုယ်ပေါ်မှာဖုံးအုပ်ထားတဲ့ ပိုးချည်စကို ဆွဲကိုင်လိုက်မိတယ်။ မင်းသားက Ruyi ဆီကို ရောက်တာနဲ့ Ruyi ဘေးမှာထိုင်လိုက်ပြီး သူ့လက်တွေနဲ့ Ruyi ခါးကို ရစ်ပတ်လိုက်တယ်! Ruyi ကိုလည်း သူ့ဆီပိုတိုးကပ်စေတယ်။

" ကိုယ် မင်းကို နမ်းတဲ့အခါကျရင်… " သူ့စကားတွေက Ruyi လဲမကျခင်ကအချိန်ကို ရည်ညွှန်းနေတယ်! 
" မင်းရဲ့ နှုတ်ခမ်းတွေကို ဖွင့်ပြီး အသက်ရှု "

မင်းသားရဲ့ စကားကို Ruyi မတုံ့ပြန်ရသေးခင်မှာဘဲ မင်းသားရဲ့နှုတ်ခမ်းတွေက Ruyi နှုတ်ခမ်းတွေပေါ် ထပ်တူကျနေခဲ့ပြီးပြီ။ဒီတစ်ခါမှာတော့… နှုတ်ခမ်းကိုပွင့်ဟလာအောင် မင်းသားက Ruyi အောက်နှုတ်ခမ်းကို နူးညံ့စွာကိုက်လာတယ်။

သူ့ရဲ့ လျှာက Ruyi နှုတ်ခမ်းတွေထဲတိုးဝင်လာတဲ့အခါမှာ Ruyi မျက်ဝန်းတွေပြူးကျယ်လာတယ်။

Ruyi အနောက်ကထိုင်ခုံပေါ်ကို ပြုတ်ကျသွားပေမယ့်… မင်းသားကလည်း Ruyi အပေါ်ဖိချလာတယ်။

Ruyi ကိုယ်ပေါ်က သူ့ရဲ့ သန်မာတဲ့ကိုယ်ကို ထိန်းထားရင်းနဲ့ မင်းသားရဲ့ လျှာက Ruyi လျှာကို ရစ်ပတ်နေတဲ့အခါမှာ…သူ့ရဲ့ နှုတ်ခမ်းတွေဟာ.…Ruyi နှုတ်ခမ်းတွေပေါ်မှာ ခိုင်မာစွာပွတ်တိုက်နေတယ်။

မင်းသားက Ruyi နှုတ်ခမ်းကို ကိုက်လိုက်ပြီး ကြမ်းကြမ်းတမ်းတမ်းစုပ်ယူနေတယ်။

အနမ်းတစ်ခုက ဒီလောက်စိုစွတ်ပြီး ပြင်းထန်လိမ့်မယ်လို့ Ruyi မသိခဲ့ဘူး…။

RUYIWhere stories live. Discover now