၄၂။ Wu Jian က Ruyi အတွက် ဒီတိုင်း ငြိမ်ခံနေမှာ မဟုတ်ဘူး...

9.3K 852 60
                                        

မြင်းလှည်းပေါ်မှာ Ruyi တစ်ကိုယ်လုံးညောင်းညာကိုက်ခဲလို့နေကာနားချင်နေပေမယ့် အဖေနဲ့ဝမ်းကွဲအစ်မတွေအပြုအမှုကြောင့် အတွေးများစွာက နှောက်ယှက်နေပြီး မျက်လုံးတွေကပြူးကျယ်၍ အိပ်လို့မရနိုင်ဘူးဖြစ်နေတယ် ။ Ruyi စိတ်ရှုပ်နေတယ် … ပြီးတော့ Ruyi ကြောက်လည်းကြောက်နေမိတယ် ။

သူတို့ဘာကိုလိုချင်တာလဲ ? ပြီးတော့ Ruyi ကိုအမတ်ချုပ်က ဂရုစိုက်တဲ့အတိုင်းဘာလို့သရုပ်ဆောင်ပြနေတာလဲ ? အမေက ဝမ်းနည်းနေတယ်ဆိုတာကရော ဘာကိုပြောတာလဲ ? သူတို့ဘာကိုများ လုပ်ဖို့ကြိုးစားနေကြတာပါလိမ့် ?

အတွေးတွေနဲ့ချာချာလည်နေချိန်မှာပဲ Ruyi ကိုယ်က ဆွေ့ခနဲဆို ခုံပေါ်ကနေပြီး မင်းသားရဲ့ပေါင်တွေပေါ် ရောက်သွားတယ် ။ Ruyi မဝင့်မရဲနဲ့မော့ကြည့်မိတော့ မင်းသားက နွေးထွေးသည့်အပြုံးချိုချိုတို့ဖြင့် Ruyi ကိုကြည့်နေတယ် ။

" အများကြီးတွေးမနေနဲ့ … အိပ်တော့ … "

ဒါပေမယ့် Ruyi ကတော့ မင်းသားကကိုယ်ကိုကိုင်းပြီး နှုတ်ခမ်းတို့ကိုလာမစုပ်ယူခင်ထိ အတွေးစတို့မပြတ်နိုင်ဖြစ်နေခဲ့တာ ။ မင်းသားက Ruyi နှုတ်ခမ်းအစုံကို သူ့လျှာနဲ့တို့ထိကာ ဖွင့်ဟစေပြီး Ruyi ပါးစပ်အတွင်း လျှာကိုထိုးသွင်းကာ Ruyi လျှာနဲ့ပါရစ်ပတ်ပြီး နမ်းရှုံ့နေတယ် ။ မင်းသားရဲ့ညင်သာပြီးနူးညံ့လွန်းတဲ့အနမ်းကြောင့် Ruyi မျက်ခွံတို့တဖြည်းဖြည်းလေးလံလာတော့တာပဲ ။

Ruyi အိပ်ပျော်လုစဖြစ်သွားတော့ Ruyi နှုတ်ခမ်းတို့နဲ့ထိကပ်နေတဲ့ မင်းသားနှုတ်ခမ်းဖျားဆီက အပြုံးကိုခံစားမိလိုက်သေးတယ် ။

" အ လိုက်တဲ့ Ruyi လေး … အဲ့လူတွေ မင်းကိုအနိုင်ကျင့်တာတောင်ဒီတိုင်းခံတယ်ပေါ့ ! မင်းလေးကို ကိုယ်ဘယ်လိုလုပ်ပေးမှ ရမှာပါလိမ့် … ? "

မင်းသားအသံက Ruyi အိမ်မက်ထဲတောင်ရောက်နေသလိုပဲ ဝိုးတိုးဝါးတားနဲ့ ။

" တစ်ကယ်လို့ Ruyi ဘာမှပြန်မလုပ်ဘူးဆိုရင်တောင် ကိုယ် Wu Jian က Ruyi အတွက် ဒီတိုင်းငြိမ်ခံနေမှာမဟုတ်ဘူး … "

နူးညံ့ပြီးကြင်နာလွန်းတဲ့ထိုအသံက Ruyi စိတ်အစဉ်ကိုတကယ်နွေးထွေးနေစေတယ် ။

" Ruyi … ကိုယ့်ရဲ့ချစ်စရာ Ruyi လေး … "

Ruyi အိပ်နေချိန်မှာ  Ruyi နာမည်ကိုသူခေါ်နေတာက သူမကိုအံ့သြမိစေတယ် ။

" Jian … "

ခဏအကြာမှာတော့ နွေးထွေးမှုက Ruyi တစ်ကိုယ်လုံးကိုလွှမ်းခြုံသွားတယ် ။ Ruyi အသက်ဝဝရှူလိုက်ရင်း ခပ်ဖြည်းဖြည်းသက်ပြင်းချလိုက်မိတော့တယ် ။

SereniTY_Kim_

RUYIWhere stories live. Discover now