၅၆။ ကိုယ့်ဘေးမှာ...

7.4K 834 30
                                    

This is the translation of RUYI.
Translator-PhuThetKhin9402

လေထုဖိအားက တဖြည်းဖြည်းလေးလံလာတာတောင် Ruyi တို့ဆက်သွားနေတုန်းပဲ။ မင်းသားရဲ့ ဒေါသက ပြေသေးပုံမပေါ်ဘူး…။ ကြားနေရတဲ့တခုတည်းသောအသံက လှည်းဘီးအသံပဲ။ ထူးဆန်းစွာပဲ မြင်းတွေတောင်မှ မင်းသားရဲ့ ဒေါသကို ကြောက်ရွံနေသလိုအသံမပြုကြဘူး။

နောက်ဆုံးမှာတော့ Ruyi တို့ တောအုပ်ကို ကျော်ဖြတ်လာပြီးတော့…တွေ့လိုက်ရတဲ့ တောင်ကြားရဲ့ မူးမေ့ဖွယ်အလှတရားကြောင့် Ruyi မျက်ဝန်းတွေ ပြူးကျယ်သွားရတယ်။ Ruyi တောင်တန်းတွေကိုဘယ်တုန်းကမှမမြင်ဖူးလို့ သူတို့ဘယ်လောက်ကြီးမားတယ်ဆိုတာတောင် မသိဘူး။ စာအုပ်တွေထဲက တစ်အုပ်မှာတော့… ဒီလိုမြင်ကွင်းမျိုးကိုပဲ အဖြူအမည်းမြင်ဖူးပေမယ့်… အပြင်လောကနဲ့တော့ ယှဉ်လို့မရဘူးလေ။ ကျယ်ပြန့်ကြီးမားတဲ့ ကမ္ဘာကြီးရဲ့မြင်ကွင်းက Ruyi နှလုံးကို ခုန်လှုပ်လာစေတယ်။

Ruyi ထိုမြင်ကွင်းကြောင့် အံ့သြနေချိန်မှာ မင်းသားကတော့ Ruyi ကိုကြည့်နေတယ်။ Ruyi အတွင်းက တဖြည်းဖြည်းထိုးထွက်လာတဲ့ စိတ်လှုပ်ရှားမှုကြောင့် Ruyi သူ့ဝတ်ရုံကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားမိတယ်။ မင်းသားက Ruyi အပြုံးကိုမြင်ရဖို့… ပုဝါကိုဖယ်လိုက်ပြီး… Ruyi မေးကို သူ့လက်နဲ့ ပင့်မကာ…သူ့ကိုကြည့်ဖို့ Ruyi ခေါင်းမော့စေတယ်။ သူဘာကြောင့် Ruyi ကိုချက်ချင်းဆိုသလို နမ်းရှိုက်လာသလဲမသိပေမယ့် အလိုက်အထျောက်ပဲ Ruyi သူ့ကိုပြန်နမ်းမိတယ်။

အချိန်အတော်ကြာသည်ထိ…Ruyi ခါးကိုဖက်ကာထိုင်နေတဲ့ မင်းသားနဲ့အတူထိုင်နေမိရင်း… Ruyi နှုတ်ခမ်းကို ကိုက်ခဲပြီး စုပ်ယူနေတဲ့ မင်းသားရဲ့ နှုတ်ခမ်းသားတွေကိုလက်ခံဖို့ ခေါင်းကို ဆက်မော့ထားလိုက်တယ်။

" ဘယ်သူကမှ မင်းကို ထိခွင့်မရှိဘူး! Ruyi " သူ Ruyi အောက်နှုတ်ခမ်းကို မကိုက်လိုက်ခင်မှာ ပြောလာတယ်။ " ဘယ်သူကမှ ကိုယ့်ရဲ့ Ruyi လေးကို ထိခွင့်မရှိဘူး "

Ruyi လက်မောင်းမှာကျန်ခဲ့တဲ့… အခြားတယောက်ရဲ့အမှတ်အသားကြောင့် မင်းသားစိတ်ဆိုးနေတာ။ တကယ်လို့ Ruyi လည်းတတ်နိုင်တယ်ဆိုရင် ဒီလိုအဖြစ်မခံပါဘူး။သူ့ရဲ့ မီးထတောက်မလိုမျက်ဝန်းတွေကြောင့် Ruyi နှုတ်ခမ်းတွေကို သူ့နှုတ်ခမ်းတွေနဲ့ပြန်ထိကပ်လိုက်တယ်။

"အခုကစပြီး… " သူက တီးတိုးပြောလာတယ်။ "  မင်း ကိုယ့်ဘေးမှာ နေရမယ် Ruyi…ဘယ်သူ့မှ မင်းနားကပ်ခွင့်မရှိစေရဘူး "

Ruyi ခေါင်းညိမ့်ပြလိုက်တာက သူ့ကိုပြုံးစေခဲ့တယ်။ မင်းသားက ပဝါကို Ruyi နှုတ်ခမ်းနဲ့နှာခေါင်းတွေကို ပြန်ဖုံးကွယ်စေပြီးနောက်မှာ… Ruyi တို့ ရှေ့ဆက်သွားကြတယ်။

တောင်တန်းတွေဆီကို…။

RUYINơi câu chuyện tồn tại. Hãy khám phá bây giờ