၃၃။ အချစ်ခံဖို့ မွေးဖွားလာသူ မဟုတ်ဘူး

9.5K 799 28
                                    

Ruyi အိပ်ဆောင်ရောက်တော့ ကွဲကြေသွားတဲ့နှလုံးသားကို နှစ်သိမ့်ဖို့အကြောင်းပြချက်တွေရှာမိတယ် ။ Ruyi ကသူ့ရဲ့တစ်ဦးတည်းသောသူမဟုတ်ဘူးလေ ။ အစကတည်းက မင်းသားမှာ တခြားသူတွေရှိခဲ့တာပဲကို ။ဒီကိစ္စနဲ့ပတ်သက်ပြီးစိတ်မကောင်းဖြစ်နေမိတာ Ruyi အမှားပဲ ။ တစ်ကယ်တော့ မင်းသားက သူ့ကိုယ်လုပ်တော်တွေနဲ့အတူရှိနေတာ မှန်ကန်တယ် ။ မင်းသားရဲ့အဆင့်အတန်းနဲ့အရှိန်အဝါအရ ဆက်ခံသူဆိုတာ လိုအပ်လာမှာပဲ ။ မင်းသားရဲ့ကိုယ်လုပ်တော်တွေမှာအဲ့စွမ်းဆောင်ရည်ရှိတယ် ။ Ruyi ကျတော့ မရှိဘူး ။ Ruyi ခန္ဓာကိုယ်ကမင်းသားရဲ့ရင်သွေးကို မပေးစွမ်းနိုင်ဘူး ။ Ruyi သွေးကြောတွေထဲစီးဝင်နေတဲ့အဆိပ်က Ruyi ကိုကိုယ်ဝန်ဆောင်ဖို့ အခွင့်ပေးမှာမှမဟုတ်တာ ။

အဆုံးမှာတော့ Ruyi နားလည်သွားတာတစ်ခုတည်း ။ မင်းသားအလိုရှိတဲ့အရာကို Ruyi ဘယ်တော့မှပေးနိုင်မှာမဟုတ်ဘူး … ။

" Ruyi … "

မင်းသားရဲ့အသံက Ruyi နားထဲစီးဝင်လာတော့ စကားတစ်ခွန်းမဆိုပဲ မင်းသားကို Ruyi မျက်နှာချင်းဆိုင်လိုက်တယ် ။

" R … Ruyi … တောင်းပန်ပါတယ် … "

Ruyi မျက်နှာပေါ်ကရှက်ရွံ့မှုတွေကိုဖုန်းကွယ်ဖို့ Ruyi ခေါင်းကိုငုံ့ထားမိတယ် ။

" ခု … ခုနတုန်းက … ထွက်ပြေးလာမိတဲ့အတွက် … "

မင်းသားရဲ့သက်ပြင်းချသံပြင်းပြင်းက Ruyi ကိုပို၍လိပ်ပြာမစုံဖြစ်စေတယ် ။

" ဟို … ကိုယ်လုပ်တော် မေလင်း ဘယ်လိုနေလဲ … "

ညင်သာတဲ့အသံက Ruyi ပါးစပ်ဖျားက ထွက်ဟလာတယ် ။

" သူအဆင်ပြေလား … ! က … ကလေးရော ? "

Ruyi ရဲ့နှလုံးသားနာကျင်နေရင်တောင်မှ လူတစ်ဦးဦးနေမကောင်းဖြစ်မှာ မလိုလားဘူး ။ အထူးသဖြင့် မမွေးဖွားသေးတဲ့ရင်သွေးငယ်လေးကိုပေါ့ … ။

" ဘာ ကလေးမှမရှိဘူး … !! "

Ruyi တုန်လှုပ်သွားရင်း အေးစက်တဲ့မျက်ဝန်းတွေနဲ့ခြုံကြည့်နေတဲ့မင်းသားကို မြင်နိုင်ဖို့ ခေါင်းမော့မိသွားတယ် ။

" ကိုယ်ကဘာလို့ အဲ့မိန်းမတွေနဲ့ကလေးရှိရမှာလဲ … "

အဲ့မိန်းမတွေတဲ့လား … ?

" ကိုယ်မင်းကိုပြောထားတာပဲ … ။ မေ့သွားပြီလား … Ruyi … "

မင်းသားက Ruyi ရဲ့အေးစက်နေတဲ့လက်တို့ကိုညင်သာစွာဆွဲကိုင်လာတယ် ။

" အဲ့မိန်းမ တွေက ကိုယ့်အိပ်ရာခင်းကိုနွေးထွေးစေဖို့ပဲ … ။ ဒါထက်ပိုတာမရှိဘူး … "

ဒါ … ဒါဆို  Ruyi ကရော … ။ အဲ့မိန်းမတွေနဲ့အတူတူပဲမဟုတ်ဘူးလား … ။

ရုတ်တရက်ဆိုသလို Ruyi အကြည့်တွေက မင်းသားကိုင်ထားတဲ့သူမလက်တွေဆီရောက်သွားတယ် ။

" ကိုယ့်ကိုကြည့်ပါကွာ … "

Ruyi သူ့ကိုပြန်ကြည့်မိပြန်တယ် ။

" Ruyi … "

Ruyi ကိုယ်ဆီသိုင်းယှက်လာတဲ့မင်းသားလက်တွေနဲ့အတူ Ruyi ကိုယ်လေးက ပွေ့ချီခံလိုက်ရပြီး မင်းသားရဲ့မာကျောတဲ့ရင်အုပ်နဲ့ထိကပ်လျက်သားဖြစ်လို့သွားတယ် ။

" ကိုယ့်ဆီကဘယ်တော့မှထွက်မပြေးနဲ့ … "

Ruyi ခေါင်းကိုညင်သာစွာပွတ်ပေးရင်း ထွက်ပေါ်လာတဲ့မင်းသားအသံတိုးလျလျ ။

" ဘာတွေပဲဖြစ်ဖြစ် … မင်းကကိုယ့်လူပဲ … ။ ဒါကိုမမေ့နဲ့ … "

Ruyi ရဲ့ဆံသားတွေကို သူကညင်သာစွာလေး နမ်းရှုံ့လိုက်တော့ Ruyi နှလုံးသားကတဆစ်ဆစ်ကိုက်ခဲလာတယ် ။

ဘာလို့မင်းသားက Ruyi အပေါ်တအားကောင်းနေရတာလဲ … ! ပြီးတော့ Ruyi ဆီကနေ သူဘာကိုလိုချင်တာလဲ … ။

Ruyi မေးဖို့စိုးရွံ့နေမိတယ် ။ တစ်ကယ်ဆို သူ့ရဲ့နွေးထွေးကြင်နာမှုတွေက ခဏတာပဲလားဆိုတာ Ruyi မေးပစ်ချင်တာ ။ တစ်ကယ်လို့ မင်းသား Ruyi ကိုမလိုချင်တော့တဲ့တစ်နေ့ကျရင် Ruyi သူ့ဆီက ခါချခံလိုက်ရမှာပဲ ။

ဘယ်သူ့ကိုမှ မယုံသင့်ဘူးဆိုတာ Ruyi သိသလို ဘယ်တော့မှလဲ ယုံမှာမဟုတ်ဘူး ။

မျက်လုံးတွေပိတ်လိုက်တာနဲ့ ပုံရိပ်တချို့က အာရုံမှာစွန်းထင်းလာတယ် ။ အမေက အရမ်းစိုးထိတ်နေတဲ့အမူအရာနဲ့ Ruyi ကိုအဆိပ်တွေတိုက်ကျွေးနေတဲ့ပုံရိပ် … ။ အဲ့ဒီပုံရိပ်က ဒီကမ္ဘာလောကမှာ Ruyi ကအချစ်ခံဖို့မွေးဖွားလာသူမဟုတ်ဘူးဆိုတာကို သက်သေပြတဲ့ကိန်းသေတစ်ခုပါပဲ ။

Translator-Taelovesme_ss 309

RUYIWhere stories live. Discover now