This is the translation of RUYI.
Translator- Vipvkookတောင်ထိပ်တွင် ခန့်ညားထည်ဝါစွာ တည်ဆောက်ထားသော နန်းတော်၏ တော်ဝင်ပလ္လင်ပေါ်တွင် Huizhong အရှင် ဧကရာဇ်မင်းသည် သားသမီး၊ မြေးမြစ်များနှင့်တကွ တစ်စုံတစ်ယောက်ကို စောင့်စားရင်း နန်းတော်ဝသို့သာ တမျှော်မျှော် တခေါ်ခေါ် ဖြစ်နေကြသည်။
"သူ ဘာလို့ မရောက်သေးတာလဲ? ဦးရီးတော်…Jian ge မြို့တော်ကို ရောက်ပြီဆိုတာ ဟုတ်ရဲ့လား။"
၁၇ နှစ်အရွယ် လှပသော မိန်းကလေးသည် တံခါးဝသို့ မျှော်ကြည့်ရင်း ဘယ်လျှောက်လိုက်၊ ညာလျှောက်လိုက်နှင့် အိနြေ္ဒမရ ဖြစ်နေသည်။ သူမ၏ ဦးရီးတော်၊ အိမ်ရှေ့စံ မင်းသားမှာ သူမကို ကြည့်ရင်း ခပ်တိုးတိုး ရယ်လေသည်။
"မင်းသား Jian မြို့တော်ဂိတ်ကို မနက်က ဖြတ်သန်းသွားကြောင်းတော့ အစောင့်တွေက သတင်းပို့ထားတာပဲ"
"ဒါဆို ဘာလို့ အခုထိ မရောက်သေးတာလဲ?"
သူမ စိတ်မရှည်စွာ ပြန်မေးလိုက်သည်။
"Ting Ting…"
မိန်းကလေး၏ အမေက အပြုံးတစ်ခုနှင့် နှစ်သိမ့်သည်။
"ခရီးဝေးကြောင့် မင်းသား Jian ပင်ပန်းနေတာ ဖြစ်ပါလိမ့်မယ်။ ဒါ့ကြောင့်လည်း ဒီကိုမလာခင် ခဏ အနားယူနေတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ Jian ge က အဲ့လို ကိစ္စတွေကို ဂရုစိုက်သူ မဟုတ်ဘူး"
"ဒါဆို နင် မင်းသားရဲ့ ဝမ်ဖေးကို မေ့နေပြီလား?"
အိမ်ရှေ့စံ၏ နောက်ကျောမှ ကောင်လေးက ခပ်ပြုံးပြုံးနှင့် စလေသည်။
"သူမ ပင်ပန်းနေလို့ နန်းတော်ကို ချက်ချင်း အခစားမဝင်တာ ဖြစ်ပါလိမ့်မယ်"
"ပိုလို့တောင် မဖြစ်နိုင်ဘူး! Jian ge က အဲ့မိန်းမကို ဂရုမစိုက်ဘူး။ အဲ့ပြည့်တန်ဆာက Jian ge အတွက် အရေးမပါဘူး"
ကောင်ကလေးမှာ သူ့ညီမ၏ ယုံကြည်ချက်ကြောင့် အသံထွက်၍ပင် ရယ်လိုက်သည်။
"နင် အရမ်းတွေ ယုံကြည်မှု လွန်ကဲနေတာ မဟုတ်လား။ Jian ge က ပထမဆုံးအကြိမ် ဝမ်ဖေး ထားဖို့ သဘောတူခဲ့ပြီး အခုလည်း အိမ်ကိုတောင် ပြန်ခေါ်လာတယ်။ သူမကို ချစ်မြတ်နိုးတယ် ဆိုတာ အမှန် ဖြစ်နိုင်တယ်။"
YOU ARE READING
RUYI
Romanceကိုယ်ပိုင် မဟုတ်တာကို ဆုံးရှုံးရမှာ ကြောက်ဖူးပါသလား... မွေးမိခင်ကိုယ်တိုင်က အဆိပ်ခပ်ရင်ရော သင်ဘယ်လို ခံစားရမလဲ... ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ပြုရရင်...သင့်အိပ်မက်တွေကို ဆုံးရှုံးခဲ့ရင်...သင် ကျရှုံးခဲ့ရင်...သင့်ဘက်မှာ ဘယ်သူမှ မရှိခဲ့ရင်...သင် တစ်ယောက်တ...