အမတ်ချုပ်Li ဧ။် အိမ်တော်တွင်… အမတ်ချုပ်ကြီးနှင့် သူ့မိသားစုဝင်တို့… ပင်မအခန်းကြီးထဲတွင် ရပ်နေလျက်… ဆယ်ခုနစ်ခုမြောက်သော…ရွှေသေတ္တာကြီးများအား ငေးကြည့်နေကြဧ။်။ သေတ္တာတစ်လုံးတိုင်းက…သူတို့တွေကဘယ်သူမှမမြင်ဖူးတဲ့ အဖိုးတန်ရတနာများစွာပါဝင်သည်။
" အရှင်မင်းသားနဲ့ သူဧ။်ဝမ်ဖေးက အမတ်ချုပ်ကြီး ဒီလက်ဆောင်မွန်တွေကို နှစ်သက်မယ်လို့ မျှော်လင့်ကြပါတယ် "
LiAifenသူမအဖေနား မကပ်သွားခင်အထိ…လုံးဝကို တိတ်ဆိတ်မှုက ကြီးစိုးနေခဲ့ဧ။်။
" အဖေ…" သူမက သူမအဖေရဲ့ လက်မောင်းတွေကိုတောင် ဆွဲကိုင်လိုက်သေးတယ်။ " အဖေ…သူ့ကို သမီးအပိုင်ဖြစ်ဖို့ နည်းလမ်းရှာရမယ်နော်…"
အမတ်ချုပ်ကြီး သူ့အကြီးဆုံးသမီးကို… ထပ်မပြောတော့ဖို့အချက်ပြလိုက်တယ်။ မြို့စားလူတွေရဲ့ လက်ဆောင်တွေရှေ့မှာ… နောက်ထပ်စကားမဆိုစေဖို့ပေါ့…။
ရတနာသေတ္တာတွေရဲ့ နောက်မှာရပ်နေတဲ့… မြို့စားရဲ့ လူတွေက သုံးဒါဇင်လောက်ရှိတယ်။ ပြီးတော့ သူတို့ပုံစံတွေက… အစောင့်တွေထက်…စစ်သားတွေနဲ့တောင် ပိုတူနေသေးတယ်။
အစောင့်အုပ်စုကို ဦးဆောင်တဲ့အစေခံကတောင်မှ…သန်မာနေပြီး သူ့ကို ခြိမ်းခြောက်လိုတဲ့အငွေ့အသက်တွေနှင့်…။ အမတ်ချုပ်ကြီးရဲ့ လူတွေနဲ့ မြို့စားရဲ့လူတွေက… လုံးဝကို သီးသန့်လိုကွဲပြားကြတယ်။
သူတို့နဲ့…သူတို့ယူဆောင်လာခဲ့တဲ့ ရတနာတွေကိုကြည့်ခြင်းအားဖြင့်…အမတ်ချုပ်ကြီး မြို့စားက ဘယ်လောက်အထိ သြဇာအာဏာရှိသလဲဆိုတာ သိချင်လာစေတယ်။ ဘယ်သူမှ မြို့စားရဲ့ အိမ်တော်ကို ဖိတ်ခေါ်ခြင်းမခံရဖူးဘူး…။ဒါပေမယ့်…မြို့စားရဲ့ အိမ်တော်အပြင်က.…အစောင့်အရှောက်ရွှေနဂါးရုပ်ထုကြီးနှစ်ခုနဲ့…ကြီးမားလှတဲ့ ရွှေဂိတ်ဝကြီးကိုတော့ မြင်ဖူးကြတယ်။
အဲ့ဒီနှစ်ခုက… မြို့စားရဲ့ ချမ်းသာကြွယ်ဝမှုကို ရည်ညွှန်းနေတဲ့ အမှတ်အသားတွေပဲမလား…။
" ဒါတွေအကုန်လုံး… မြို့စားHaijin ဆီက ဟုတ်လား? "
ပန်းရောင်ဝတ်စုံနဲ့ အရမ်းလှပတဲ့ မိန်းမပျိုတစ်ဦးက… ချက်ချင်းဆိုသလိုစကားပြောလာတယ်။
YOU ARE READING
RUYI
Romanceကိုယ်ပိုင် မဟုတ်တာကို ဆုံးရှုံးရမှာ ကြောက်ဖူးပါသလား... မွေးမိခင်ကိုယ်တိုင်က အဆိပ်ခပ်ရင်ရော သင်ဘယ်လို ခံစားရမလဲ... ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ပြုရရင်...သင့်အိပ်မက်တွေကို ဆုံးရှုံးခဲ့ရင်...သင် ကျရှုံးခဲ့ရင်...သင့်ဘက်မှာ ဘယ်သူမှ မရှိခဲ့ရင်...သင် တစ်ယောက်တ...