"အဖေ!"
ဥယျာဉ်၏ အခြား တစ်ဖက် ဧကရာဇ်နှင့် အနီးဆုံး နေရာတွင် အမတ်ချုပ် လီ၊ သူ့ဇနီး၊ သားအကြီး၊ သမီးသုံးယောက်နှင့်အတူ ထိုင်နေသည်။ ပွဲကို မရောက်ခင်ကအထိ သူ၏ သမီးအကြီးဆုံးသည် အားလုံးထဲတွင် အလှဆုံး ဖြစ်နေလိမ့်မည်ဟု သူ ယုံကြည်ခဲ့သည်။ သမီး အကြီးဆုံး၏ အလှတွင် မင်းသား မျောပါသွားပြီး သမီးအကြီးနှင့် လက်ထပ်ရန် သူ့ဆီ တောင်းဆိုလာလိမ့်မည်ဟု တွက်ခဲ့ဖူးသည်။
ဒါက အမတ်ချုပ်လီ စီစဉ်ထားတဲ့ ထောင်ချောက်…သမီးအကြီး၏ တန်ဖိုးကို မြှင့်တင်ရန် အဆိုးဆုံး သမီးကို မင်းသားနှင့် သူ လက်ထပ်ပေးခဲ့သည်။ သူ၏ တစ်နှစ် လစာကို လက်ဖွဲ့အဖြစ် ပေးကတည်းက သူ့တွင် အကြံရှိခဲ့သည်။ အကယ်၍ မင်းသား သူ့ဆီက သမီးအကြီးကို တောင်းဆိုလာပါလျှင် ရွှေနှင့် နယ်မြေများစွာကို လက်ဖွဲ့အဖြစ် တောင်းခံမည်ဟု သူ ကြံစည်ခဲ့သည်။ မာနကြီးကာ ရိုင်းစိုင်းသော မင်းသားကို ပညာပေးမည်ဟု ကြုံးဝါးခဲ့ဖူးသည်။ သူ့အကြံ ပြည့်စုံသည်ဟု သူ့ကိုယ်သူ အထင်ကြီးခဲ့မိသည်။ သို့သော်…
"အဖေ…!"
ဥယျာဉ်ထဲကို ဝင်လာသော မင်းသား၏ နံဘေးတွင် အလှတရား ပါလာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ပေ…သူ၏ အတွေးထဲကို အကြိမ်တစ်ရာ ပြန်လည် တူးဆွစေကာမူ သူနှင့် သူ့မိသားစု မှတ်မိခဲ့သော သမီးထွေး၏ ဖြူဖျော့ဖျော့ပုံသာ ပြန်လည် ထင်ဟပ်ခဲ့သည်။ သို့သော် သူမသည် ဖြူစုပ်ကာ ဘာမှ မရှိခြင်းတော့ မဟုတ်ပေ…အဓိက ပြဿနာသည် ထိုမိန်းကလေးနှင့် သမီးအကြီးကို နှိုင်းယှဉ်၍ မရခြင်းပင် ဖြစ်သည်။ မှန်ပါသည်…သူ၏ သမီးကြီးသည် လှသည်…သို့သော် ကျောက်စိမ်းရောင် ဝတ်စုံနှင့် မိန်းကလေးသည် အသက်ရှူ မှားလောက်အောင် လှသည်။ ကြာကြာ ကြည့်လေ ပိုမြတ်နိုးစရာ ကောင်းသော ရူးလောက်အောင် လှခြင်းမျိုး ဖြစ်သည်။
သူ ဘာကြောင့် ဒီမိန်းကလေးရဲ့ အလှကို သတိ မပြုမိခဲ့ရတာလဲ?
ဖုံးကွယ်ထားသော တစ်ကယ့် ရတနာ အစစ်အမှန်ကို မကောင်းဆိုးဝါး မင်းသား၏ လက်ထဲသို့ သူကိုယ်တိုင် အပ်နှင်းလိုက်မှန်း နားလည်ချိန်မှာတော့ အရာရာ နောက်ကျသွားပြီ ဖြစ်သည်။
YOU ARE READING
RUYI
Romanceကိုယ်ပိုင် မဟုတ်တာကို ဆုံးရှုံးရမှာ ကြောက်ဖူးပါသလား... မွေးမိခင်ကိုယ်တိုင်က အဆိပ်ခပ်ရင်ရော သင်ဘယ်လို ခံစားရမလဲ... ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ပြုရရင်...သင့်အိပ်မက်တွေကို ဆုံးရှုံးခဲ့ရင်...သင် ကျရှုံးခဲ့ရင်...သင့်ဘက်မှာ ဘယ်သူမှ မရှိခဲ့ရင်...သင် တစ်ယောက်တ...