၁၀။ သွားစရာ နေရာ မရှိလို့ပါ...

10.4K 1K 52
                                    

Ruyi ၏ အဝတ်အစားနှင့် ဆံပင်များ ပြင်ဆင်ပြီးသောအခါ မင်းသားသည် ပူနွေးပြီး အရသာရှိသော အစားအသောက် ပန်းကန်မျိုးစုံ သယ်ဆောင်ထားသည့် အစေခံများစွာနှင့်အတူ ပြန်လာခဲ့သည်။ မွှေးပျံ့သော ရနံ့များသည် Ruyi့ အစာအိမ်အတွင်းမှ အသံကို ပိုလို့ပင် ကျယ်လောင်စေသည်။ ဤအရာသည် ရှက်ဖို့ ကောင်းသော်လည်း ဘယ်သူမှ လှောင်ရယ်ခြင်း မပြုရဲ။ ထို့နောက် မင်းသားသည် Ruyi့ကို ပွေ့ချီကာ စားပွဲတွင် နေရာချပေးသည်။ ပန်းကန်များစွာကို ကြည့်ရင်း မျက်လှည့်ပြနေသလားဟုပင် ထင်မှတ်မိသည်။

"ဘာလို့ မစားတာလဲ။"

"Ruyi…တ…တကယ် စားလို့ရတာလား။"

"ဘာလို့ ဒီလို မေးခွန်းတွေ မေးနေရတာလဲ!!!"

မင်းသား၏ ဒေါသတကြီး အော်သံအဆုံး အစေခံများ ဒူးထောက်လိုက်ကြသည်။ ပန်းကန်များ အားလုံး ပြန်သိမ်းသွားမည်ဟု ထင်မိသော်လည်း မင်းသားသည် Ruyi့ ဘေးတွင် ထိုင်ချလိုက်သည်။ ထို့နောက် တူတစ်စုံကိုင်ကာ Ruyi့ ပန်းကန်ထဲသို့ ဟင်းများ ထည့်ပေးသည်။

"စား! မဟုတ်ရင် မင်းပါးစပ်ထဲကို ဒါတွေအကုန်လုံး ထိုးထည့်ပစ်မယ်။"

ပထမ တစ်လုပ် စားလိုက်သောအခါ Ruyi စိတ်သက်သာရာ ရမိသည်။ အလှမ်း မမှီသော ပန်းကန်များကို စားချင်သော်လည်း လက် မလှမ်းရဲပေ။ တစ်ချိန်လုံး မင်းသားသည် အလှမ်းဝေးနေသော ပန်းကန်များကို အနီးသို့ ရွှေ့ပေးသည်။

"တော်သင့်ပြီ။"

Ruyi ဗိုက်ပြည့်နေပြီ ဖြစ်သော်လည်း ကိုယ့်ကိုယ်ကို ဆက်စားဖို့ တွန်းအားပေးနေမိသည်။ နောက်တစ်ကြိမ် ဒီလို ဝဝလင်လင် စားရဖို့ဆိုတာ မသေချာဖူးလေ

"အလွန်အကြူး စားရင် နေမကောင်း ဖြစ်လိမ့်မယ်။ ရေနွေးကြမ်း ယူလာကြ!"

မင်းသားသည် Ruyi ၏ ပန်းကန်နှင့် တူကို ဖယ်လိုက်သည်။ ထို့နောက် အစေခံများက လျင်လျင်မြန်မြန်ပင် သိမ်းဆည်းလိုက်ကြသည်။

"နောက်တစ်ခါဆို မတုံးစမ်းနဲ့။ မင်း ဗိုက်ဆာရင် အစေခံတွေကို ယူခိုင်းလိုက်။"
မင်းသားသည် Ruyi့ နဖူးကို လက်ညှိုး နှင့် တောက်ရင်း ဆူလေသည်။
"ဒီအိမ်တော်မှာ မင်းက အရှင်သခင်မ…
ဘယ်သူက မင်းအမိန့်ကို လွန်ဆန်ရဲမှာလဲ။"

RUYIWhere stories live. Discover now