" ဒါတွေက ဧကရာဇ် HuiZhong ဆီ ပေးပို့ဖို့ လက်ဆောင်တွေပဲ!…သူ့ဆီရောက်အောင် ပို့ပေးဖို့ကလည်း မင်းတာဝန်ဖြစ်နေတယ် "
မင်းသား ငြင်းလုဆဲဆဲမှာပဲ လီအမတ်ချုပ်က စကားစလာတယ်။
" ငါ နားကြားမှားတာများလား…မင်းသားက သူ့ရဲ့ ဝမ်ဖေးကို သူနဲ့ခေါ်သွားမယ်…ဟုတ်ရဲ့လား… ငါ့ရဲ့ သမီးကိုလေ "
" ဟုတ်တာပေါ့! အမတ်ချုပ် ကြားလိုက်တာ မှန်ကန်ပါတယ် "
ရုတ်တရက်အံသြသွားပြီးမှ အမတ်ချုပ်ကြီးဆီက ရယ်သံထွက်လာတယ်။တချို့လူတွေက သူနဲ့အတူရယ်မောနေချိန်မှာ တချို့တွေကလည်း စိတ်လှုပ်ရှားနေကြတယ်။
သူ့ကို ပွင့်လင်းစွာ လှောင်ပြောင်ရယ်မောခြင်းခံနေရတာကိုတောင်မှ မင်းသားက အေးဆေးတည်ငြိမ်နေတာကို လူတိုင်းက ကြည့်ရှုနေကြတယ်။ အမတ်ချုပ်ကြီးက မင်းသားရဲ့ ယောက္ခထီးဖြစ်တာကြောင့်လို့ သူတို့ယူဆလိုက်ကြတယ်။
" အရှင်မင်းသား… ကျွန်တော်မျိုးရဲ့ သမီးက အရမ်းကို နူးညံ့လွန်းပါတယ်! သူမကို မင်းသားနဲ့ အချိန်အကြာကြီးခေါ်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး…ဒီခရီးကလည်း အပျော်ခရီးမှမဟုတ်ပဲ…မင်းသားရဲ့ တာဝန်ကို အလှအပအတွက်နဲ့ မေ့လျော့လို့မဖြစ်ဘူးလေ… "
အမတ်ချုပ်ကြီးက… အဖေက သားကို ဆုံးမနေသကဲ့သို့ ပုံစံမျိုး မင်းသားကို ပြောဆိုရဲတယ်။ လူအတော်များများ မင်းသားက ဒေါသထွက်လာတော့မယ်လို့မျှော်လင့်ပြီး အသက်အောင့်လိုက်ကြတယ်။
သို့ပေမယ့်…အဲ့ဒီအစား ထိုယောကျာ်းပျိုက ရယ်မောလိုက်ပြီး လက်ပိုက်လိုက်တယ်။
" လီအမတ်… ခင်ဗျားအပါအဝင်လူအားလုံး…ကျုပ်ဘာကြောင့် ကျုပ်ဝမ်ဖေးကို အနီးနားမှာထားလည်း သိဖို့လိုလာပြီ…" မင်းသားက အံကြိတ်ရင်း ပြောလာတယ်။
" သူမအလှနဲ့ဆို သူမအနားခိုးကပ်ဖို့ ကြိုးစားနေတဲ့ တေလေဂျပိုးကောင်တွေကို ကျုပ်ခုခံနိုင်မှရမယ်! ဒီမှာရှိတဲ့ ဘယ်သူမဆို မင်းသားက အရူးတစ်ယောက်လို ဘေးဘယ်ကလူတိုင်းကို လိုက်သတ်နေတာကို မမြင်ချင်ချဘူးလေ…ဒါကြောင့် ကျုပ်ရဲ့ လှပတဲ့ ဝမ်ဖေးကို ကျုပ်အနားမှာထားတာ အကောင်းဆုံးပဲ "
![](https://img.wattpad.com/cover/140063942-288-k894805.jpg)
YOU ARE READING
RUYI
Romanceကိုယ်ပိုင် မဟုတ်တာကို ဆုံးရှုံးရမှာ ကြောက်ဖူးပါသလား... မွေးမိခင်ကိုယ်တိုင်က အဆိပ်ခပ်ရင်ရော သင်ဘယ်လို ခံစားရမလဲ... ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ပြုရရင်...သင့်အိပ်မက်တွေကို ဆုံးရှုံးခဲ့ရင်...သင် ကျရှုံးခဲ့ရင်...သင့်ဘက်မှာ ဘယ်သူမှ မရှိခဲ့ရင်...သင် တစ်ယောက်တ...