This is the translation of RUYI.
Translator-PhuThetKhin9402
…
ခရီးသွားရတဲ့ရက်တွေက ကြာနေပေမယ့်…Ruyi ကတော့ ရထားလုံးထဲမှာ အဆင်ပြေနေတယ်။ဘာလို့ဆို မင်းသားက Ruyi က တခါတလေမှအပြင်ခေါ်ထုတ်တာမို့ အချိန်အများစုကို Ruyi စာဖတ်ရင်းကုန်ဆုံးတယ်။
"… ဝမ်ဖေး… မုန့်တချို့ အလိုရှိသလား… "
တကယ်လို့ Ruyi စာမဖတ်နေဘူးဆိုရင် Ruyi တခုခုတော့စားနေတယ်လေ။
ခရီးသွားလမ်းကြောင်းရဲ့ မြင်ကွင်းတွေကိုတောင် မမြင်ရတာကြောင့် စိတ်ပျက်စွာနဲ့ပဲ Ruyi စာအုပ်ကိုပဲ အဖော်ပြန်ပြုလိုက်ရတယ်။
စာအုပ်အလည်လောက်အရောက်မှာ… ရထားလုံးက ရုတ်တရက် ရပ်တန့်သွားဟန်တူတယ်။ တကယ်လို့သာ အစေခံတွေ Ruyi ကို အချိန်မှီ မထိန်းလိုက်ဘူးဆို Ruyi ပြုတ်ကျမှာအမှန်ပဲ။
မြင်းတွေရဲ့ အော်ဟစ်သံကို Ruyi ကြားရတယ်။ ရထားလုံးရဲ့တံခါးကို တယောက်ယောက်က တဒုန်းဒုန်းထုလိုက်တဲ့အချိန်မှာ မရင်းနှီးတဲ့အသံတွေကပါ စတင်အော်ဟစ်လာကြတယ်။ Ruyi တို့ကိုရထားလုံးထဲကထွက်ခဲ့ဖို့ တယောက်ယောက်ကအော်ဟစ်နေတယ်။
အခြေအနေကိုနားလည်ဖို့Ruyi ကြိုးစားနေစဉ်မှာကို အစေခံတွေရဲ့ ငိုကြွေးသံတွေကစတင်ထွက်ပေါ်လာတယ်။
" အထဲမှာပဲနေ…Ruyi " မင်းသားရဲ့အသံက ကျယ်လောင်ပေမယ့် တည်ငြိမ်တယ်။
Ruyi နေရာမှာပဲ Ruyi ပြန်ထိုင်လိုက်စဉ်မှာ အစေခံတွေကတော့ တုန်ယင်ကာငိုကြွေးနေကြတယ်။ ဘာတွေဖြစ်နေမှန်း Ruyi မသိပေမယ့်…ဓားချင်းထိခတ်သံတွေကိုတော့ Ruyi ခန့်မှန်းမိတယ်။
ရုတ်တရက်လူကြီးတစ်ယောက်က ရထားလုံးတံခါးကို ဆောင့်ပိတ်လိုက်တာကြောင့် Ruyi ဘက်က အစေခံတွေအော်ဟစ်လိုက်ကြတယ်။ သန့်ရှင်းပြီး ကိုယ်ခန္ဓာတည်ဆောက်ပုံကောင်းမွန်တဲ့ မင်းသား နဲ့ သူ့လူတွေ…နဲ့မတူညီစွာပဲ ဒီလူကတော့…ညစ်ပေနေတဲ့ဆံပင်တွေနဲ့ မသန့်ရှင်းပဲ ကြည့်ရတာ ရှုပ်ထွေးနေတယ်။ သူ့မျက်နှာကနေ လက်တွေအထိကို ညစ်ပတ်ပြီး စုတ်ပြတ်နေတယ်။ သူက ရွံရှာစွာကြည့်နေရင်းကနေ…အဝါနဲ့အမည်းရောင်သွားတွေက Ruyi ဆီအရောင်ပြန်လာတယ်။
ВЫ ЧИТАЕТЕ
RUYI
Любовные романыကိုယ်ပိုင် မဟုတ်တာကို ဆုံးရှုံးရမှာ ကြောက်ဖူးပါသလား... မွေးမိခင်ကိုယ်တိုင်က အဆိပ်ခပ်ရင်ရော သင်ဘယ်လို ခံစားရမလဲ... ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ပြုရရင်...သင့်အိပ်မက်တွေကို ဆုံးရှုံးခဲ့ရင်...သင် ကျရှုံးခဲ့ရင်...သင့်ဘက်မှာ ဘယ်သူမှ မရှိခဲ့ရင်...သင် တစ်ယောက်တ...
