၂၁+၂၂

12.6K 961 40
                                    

21 >> အပြုံးတစ်ပွင့်

နွေးထွေးလွန်းတဲ့ခံစားမှုနဲ့အတူ Ruyi နိုးထလာတယ် ။ အရမ်းနွေးလွန်းတာကြောင့် Ruyi ထိုအနားကိုပိုကပ်လိုက်ပြီး မျက်လုံးတွေဖွင့်လိုက်တဲ့အခါ Ruyi ကိုပြုံးပြီးကြည့်နေတဲ့မင်းသားမျက်နှာ.….။ Ruyi အံ့အားသင့်နေတုန်းမှာပဲ ခါးကနေ တင်းတင်းကျပ်ကျပ်ဆွဲကိုင်တာခံလိုက်ရတယ် ။

Ruyi နှုတ်ခမ်းတွေကိုစုပ်ယူနေတဲ့မင်းသားကို အားအင်ချိနဲ့နေတာတောင် Ruyi မော့ကြည့်လိုက်သေးတယ် ။ သူ့ရဲ့နှုတ်ခမ်းတွေက Ruyi နှုတ်ခမ်းတို့ကိုဖွင့်ဟစေလိုက်ပြီး သူ့လျှာက အတွင်းထဲကို လျှောဝင်လာတဲ့အခါမှာ ကျောက်စိုင်လိုမာကျောနေတဲ့မင်းသားရင်ဘတ်ကို Ruyi လက်တို့ဖြင့် တွန်းထားမိလျက်သားဖြစ်သွားတယ် ။

" Ruyi … "

သူ့ရဲ့လျှာက Ruyi ရဲ့အောက်နှုတ်ခမ်းအဖျားကိုဖွဖွသပ်နေရင်း သူ့သြရှရှအသံကထွက်ပေါ်လာတယ် ။

" စုပ်ယူဖို့ကြိုးစားကြည့် … ! "

Ruyi နှုတ်ခမ်းတို့ပေါ်ထပ်ကာကျရောက်လာတဲ့သူ့နှုတ်ခမ်းတွေနဲ့အတူ Ruyi ပါးစပ်ထဲရောက်လာတဲ့ သူ့လျှာကို ခံစားမိလိုက်တယ် ။ Ruyi စိတ်အရမ်းလှုပ်ရှားနေပေမယ့် သူပြောတဲ့အတိုင်းလုပ်ပြီး စုပ်ယူဖို့ကြိုးစားလိုက်တယ် ။ တံတွေးတွေလျှံကျလာတဲ့အခါမှာ Ruyi နှုတ်ခမ်းကို မင်းသားကလျှာနဲ့အသာသပ်ပေးတယ် ။

" မြိုချလိုက် … Ruyi … !

မင်းသားက သူ့လျှာကို Ruyi ပါးစပ်ထဲ ပြန်မထည့်သွင်းခင်မှာ စကားဆိုလာတယ် ။

အိပ်ရာနဲ့ Ruyi ကျောထိကပ်သွားပြီး မင်းသားက Ruyi ကိုယ်ကိုဖက်တွယ်ထားရင်း သူ့ခေါင်းကိုလှည့်ကာ အနမ်းကိုပိုနက်ရှိုင်းအောင်လုပ်ဆောင်နေတယ် … ။

Ruyi ခေါင်းထဲမှာလင်းခနဲဖြစ်မသွားခင်အချိန်ထိ Ruyi တတ်နိုင်သမျှစုပ်ယူရင်း မြိုချနေရတယ် ။ Ruyi မလွတ်မြောက်ခင်မှာ မင်းသားကသူ့လျှာကိုပြန်ထုတ်လိုက်ရင်း Ruyi ပါးကိုသူ့လက်နှစ်ဖက်နဲ့အသာဆုပ်ကိုင်တယ် ။ သူ့မျက်နှာမှာ ကျေနပ်မှုတွေအထင်းသားပေါ်နေခြင်းက Ruyi ကိုစိတ်ရှုပ်ထွေးစေတယ် ။

ဘာလို့သူပြုံးနေရတာလဲ …   !

" ဗိုက်ဆာပြီလား … "

RUYIWhere stories live. Discover now