This is the translation of RUYI.
Translator-PhuThetKhin9402
…
ထိုမိန်းမက…သူမလက်တွေကို ဆန့်တန်းလိုက်ရင်းနဲ့ Ruyi ဆီကိုလျှောက်လှမ်းလို့သွားတယ်။
ဒါပေမယ့်…သူမ အရမ်းနီးနီးမရောက်ခင်မှာ…အစောင့်လေးယောက်က သူတို့ဓားတွေကိုဆွဲထုတ်လိုက်ရင်း Ruyi ရှေ့က ကာကွယ်လိုက်ကြတယ်။
ကြောက်လန့်ပြီး အံ့အားသင့်သွားတာမို့ သူမ ခြေလှမ်းတော်တော်များများ နောက်ပြန်ဆုတ်မိလိုက်တယ်။
လူတိုင်းလိုလိုကလည်း… မတူညီတဲ့အမူအရာနဲ့ ငယ်ရွယ်တဲ့ မင်းသားဆီအကြည့်တွေရောက်လို့သွားကြတယ်။
" ဒါ ဘာသဘောလဲ " အမတ်ချုပ်ကြီးကလည်း ဒေါသထွက်စွာထရပ်တယ်။ " မင်းရဲ့ အစောင့်တွေကို ပြန်ခေါ်…ဒါက မဟုတ်……… "
" Ruyi က ကျုပ်ရဲ့ ဇနီးကညာလေ…" မြို့စားက အေးစက်စွာပြောလာတယ်။ " ကျုပ်ရဲ့ ခွင့်ပြုချက်မပါပဲ သူမကို ဘယ်သူက ထိနိုင်ရမှာလဲ? "
ထိုအခြေအနေကြောင့်…Ruyi အမေကလည်းငေးကြောင်သွားပြီး…သူမ အမှားလုပ်မိလိုက်တဲ့မျက်နှာမျိုးနဲ့… မျက်ရည်တွေဝိုင်းနေတဲ့မျက်ဝန်းတွေနဲ့ မြို့စားကိုကြည့်လာတယ်။ သူမရဲ့ မျက်ရည်တွေကို မြို့စားကလည်း မတုန်မလှုပ်ပဲ အေးဆေးတည်ငြိမ်စွာကြည့်နေတယ်။ ဒါက ကစားပွဲတစ်ခုဆိုတာ သူသိတယ်လေ။ သူမက လှပတာကြောင့်…ဘယ်ယောကျာ်းကိုမဆို သူမမျက်ရည်နဲ့ မြူဆွယ်လို့ရမယ်လို့ထင်နေပုံပဲ။
ဟုတ်တာပေါ့…။ သူမ မျက်ရည်တွေနဲ့ ညွှတ်ကွင်းကြား ဖမ်းမိသွားတာ အမတ်ချုပ်ကြီးကိုယ်တိုင်ပဲလေ။ တကယ်လို့ မြို့စားသာ အနည်းငယ်ကြင်နာပြလိုက်မယ်ဆိုရင် သူမကိုစိတ်ဝင်စားသွားမယ်လို့ ထင်မှာ မလွဲမသေပဲ။
အပြုံးတစ်ချက်နဲ့တင်… သူမက ဘာမှမဟုတ်ဘူးဆိုတဲ့ စကားလုံးကို မင်းသားက ပုံဖော်ပြသွားတယ်။
သူ့ရဲ့ အေးစက်တဲ့မျက်လုံးတွေကြောင့် ငေးကြောင်သွားပြီး သူမရှက်ရွံစွာ အကြည့်လွှဲလိုက်ရတယ်။
" မင်းပြောနေတာ သူ့အမေပါ!မိသားစုကတောင် ထိခွင့်မရှိဘူးပေါ့လေ? "
KAMU SEDANG MEMBACA
RUYI
Romansaကိုယ်ပိုင် မဟုတ်တာကို ဆုံးရှုံးရမှာ ကြောက်ဖူးပါသလား... မွေးမိခင်ကိုယ်တိုင်က အဆိပ်ခပ်ရင်ရော သင်ဘယ်လို ခံစားရမလဲ... ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ပြုရရင်...သင့်အိပ်မက်တွေကို ဆုံးရှုံးခဲ့ရင်...သင် ကျရှုံးခဲ့ရင်...သင့်ဘက်မှာ ဘယ်သူမှ မရှိခဲ့ရင်...သင် တစ်ယောက်တ...
