ကိုယ့်ဆီမှာ မရှိတဲ့ အရာတစ်ခု ဆုံးရှုံးတယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။
ကျွန်မက ချစ်ခြင်းမေတ္တာတွေနဲ့ မွေးဖွားလာတဲ့ သူတော့ မဟုတ်ဘူး။
ကျွန်မ အမေက အိမ်ကြီးရှင် သခင်ရဲ့ အိပ်ရာပေါ် ရောက်ဖို့အရေး အမျိုးမျိုး ကြံစည်နေတဲ့ အနိမ့်တန်းစား အစေခံ တစ်ယောက်။
သခင်ကြီးနဲ့ တစ်ခါ အိပ်ပြီးနောက်မှာတော့ ကျွန်မကို မွေးပေးခဲ့ပြီး သခင်ကြီး၏ အငယ်အနှောင်း ဖြစ်လာခဲ့တယ်။
နဂိုကတည်းက လောဘကြီးတဲ့ အမေက ဒီ့ထက် နေရာပိုရဖို့ စီမံချက်တွေ ချခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ကျွန်မက အမေ့အကြံအစည်ရဲ့ အာမခံပစ္စည်းတစ်ခု ဖြစ်လာပါတော့တယ်။အကယ်၍ကွာ မင်းရဲ့ မိခင်က တစ်ခြားလူတွေရဲ့ သနားကြင်နာမှုကို ခံရဖို့ မင်းကို အဆိပ်ခတ်မယ်ဆိုရင် ရင်ထဲမှာ ဘယ်လို ခံစားသင့်တယ် ထင်လဲ။
အမေ ငါ့ရဲ့ မနက်စာ ဆန်ပြုတ်ထဲကို အဆိပ် (white powder) စိမ်ပြေနပြေ ထည့်နေတုန်းက ငါ့အသက် ခုနစ်နှစ်ပဲ ရှိသေးတယ်။
စမ်းသပ်မှုတွေလိုမျိုး ငါ့ခန္ဓာကိုယ် သေးသေးလေးရဲ့ ခံနိုင်ရည်ကို စမ်းသပ်ဖို့ ဆေးညွှန်းလေးတွေနဲ့ စခဲ့တယ်။
အစပိုင်းတုန်းကတော့ ဗိုက်အောင့်တာလောက်ပဲ သက်ရောက်မှု ရှိတယ်။
သူမရဲ့ ဆန်ပြုတ်ကို စားလေလေ၊ ရက်ပေါင်းများစွာ အိပ်ရာထဲ လဲတဲ့အထိ နေမကောင်း ပိုဖြစ်လာလေလေပဲ။
ငါ့အသက် ဆယ်နှစ်ပြည့်တော့ သူမက အဆိပ်ပမာဏကို တိုးမြှင့်လိုက်တယ်။
ဘာလို့လဲဆို ငါ့ခန္ဓာကိုယ်က သူမအရင် သုံးခဲ့တဲ့ ပမာဏကို ခံနိုင်ရည် ရှိနေပြီလေ။သူမအမြင်မှာ တစ်အိမ်လုံးစီက အထူးသဖြင့် အဖေ့စီက သနားကြင်နာမှုကို ရဖို့ ငါက အမြဲ အားနည်းလွယ် ထိခိုက်လွယ်တဲ့ ပုံစံ ရှိနေရမယ်။
ငါ နေမကောင်း ဖြစ်ရတဲ့ အကြောင်းရင်းကို ရှာဖို့ ဘယ်သူမှလည်း စိတ်မဝင်စားဘူး။
အဲ့ဒီအစား ငါ့ဆီက ရောဂါ မကူးအောင်သာ ဝေးဝေးကို ရှောင်ကြတယ်။အမေက ငါ့ရောဂါဆိုတာ ဘယ်သူမှ မသိကြဘူး။
နောက်ဆုံးမှာတော့ အမေက သူအရမ်းလိုချင်နေတဲ့ အရာ (သားတစ်ယောက်) ရလာတဲ့အခါမှာတော့ အဆိပ်ခတ်တဲ့ ကိစ္စကို ရပ်တန့်လိုက်တယ်။
သားတစ်ယောက်နဲ့ဆိုရင် သူမ လိုချင်တဲ့ လီသခင်ကြီး၏ ငါးယောက်မြောက် ကိုယ်လုပ်တော် နေရာကို အလွယ်တကူ ရနိုင်တယ်လေ။
အသက် ဆယ့်ငါးနှစ် အရွယ်မှာတော့ ငါ့ဘဝကြီးက အေးချမ်းသွားပြီ။
လူတိုင်းက ငါ့ရဲ့ တည်ရှိမှုကို မေ့နေကြတယ်။
အမေကလည်း သူ့သားလေးကို ကာကွယ်နေရတဲ့အတွက် ငါ့ကို ဂရုစိုက်ဖို့ အချိန်မရှိဘူး။
လူတိုင်းရဲ့ အာရုံကလည်း မွေးလာတဲ့ ကလေးလေးအပေါ်မှ့ာဆိုတော့ ငါ့ရောဂါ ပျောက်သွားမှန်းတောင် မသိကြဘူး။ငါဟာ တစ်ယောက်မှ မမြင်နိုင်တဲ့ သရဲတစ်ကောင်လို တည်ရှိမှုမျိုးနဲ့ နေထိုင်လာခဲ့တယ်။
ငါ့ရဲ့ ခြံဝင်းသေးသေးလေးထဲမှာ နေရင်း တစ်နေ့တာကို စာဖတ်ရင်း ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းခွင့် ရနေသရွေ့ကတော့ အရာအားလုံး အဆင်ပြေပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~
လေနည်းနည်း ရှည်မယ်နော် 😅
ဒီအပိုင်းကလေ Ruyi's POV ဆိုတော့ စကားပြောပုံစံလေး ပေါက်နေတာပါ။
ပြီးတော့ ကျွန်တော်က ရှန်းမြောင်ကိုလည်း ဘာသာ ပြန်ချင်ပေမယ့် သူက ruyi ထက် အပိုင်းပိုရှည်တာကြောင့်ရော စာမေးပွဲ ကာလအတွင်း ရောက်နေတာကြောင့်ရော ဒီအကြောင်းနှစ်မျိုးကြောင့် ကျွန်တော် တတ်နိုင်တဲ့ ဒါလေးကိုပဲ လုပ်ပေးတာပါ။
ရှန်းမြောင်ရဲ့ translator နှစ်ယောက် ဖြစ်တဲ့ @No_cause နဲ့ @MoMo_Ely947's တို့ကို တောင်းပန်ပါတယ်လို့ 😁
ပြီးတော့ ကျွန်တော့် wattpad က media တစ်ပုံပဲ ထည့်လို့ရတာပါ။
အဲ့ဒါကြောင့် ဆန်ပြုတ်ပုံ မထည့်တော့ပဲ white powder ပုံကိုပဲ ထည့်ပေးထားပါတယ်။
စာလုံးပေါင်း မှားတာတွေ ရှိရင် ထောက်ပြကြပါလို့ 😁
YOU ARE READING
RUYI
Romanceကိုယ်ပိုင် မဟုတ်တာကို ဆုံးရှုံးရမှာ ကြောက်ဖူးပါသလား... မွေးမိခင်ကိုယ်တိုင်က အဆိပ်ခပ်ရင်ရော သင်ဘယ်လို ခံစားရမလဲ... ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ပြုရရင်...သင့်အိပ်မက်တွေကို ဆုံးရှုံးခဲ့ရင်...သင် ကျရှုံးခဲ့ရင်...သင့်ဘက်မှာ ဘယ်သူမှ မရှိခဲ့ရင်...သင် တစ်ယောက်တ...