၂၉+၃၀

12.2K 860 70
                                    

၂၉-မျက်ဝန်း

စာကြည့်ခန်း အပြင်ဘက်က အစေခံတွေကတော့ မျက်နှာပူနေကြတယ်။ မင်းသား အနားမှာ နေပြီး အမှုထမ်းနေတဲ့ ကာလတစ်လျှောက်လုံး မင်းသားရဲ့ ကျေနပ်မှု အပြည့် ညည်းညူသံတွေကို သူတို့ တစ်ခါမှ မကြားဖူးဘူး။ မင်းသားနဲ့ အတူနေ ကိုယ်လုပ်တော်တွေရဲ့ အော်ဟစ်သံ၊ ညည်းညူသံတွေကို ကြားခဲ့ပေမယ့် ဒီ ထိန်းချုပ်မှု အပြည့်နဲ့ အမျိုးသားကတော့ အသံ တစ်သံတောင် မထွက်ခဲ့ဘူး။ အခုတော့ မင်းသားက ဝမ်ဖေးရဲ့ အပြုအစုကို အလုံးစုံ ကျေနပ်မှု ရှိပုံပေါ်တယ်။ တစ်ချိန်တည်းမှာပင် မင်းသား၏ ကိုယ်လုပ်တော် အားလုံး အိပ်ရာပေါ်က သူတို့ရဲ့ နေရာကို ဆုံးရှုံးသွားမှန်း နားလည်လိုက်ကြသည်။ 

မင်းသားနဲ့ မိန်းမတွေကြားက ကောလဟာလဟာ အမှား မဟုတ်ဘူး…! အန္တရာယ် များပြီး အေးစက်လွန်းတဲ့ ဒီအမျိုးသားက မိန်းမတွေကို သူ့ရဲ့ သွေးသားဆန္ဒအတွက်သာ သုံးခဲ့တယ်။ အိပ်ရာပေါ်က စွမ်းဆောင်မှု မကောင်းရင် မိန်းမတစ်ယောက်က သူ့အတွက် ဘာမှ အသုံးမဝင်ဘူး။ ဒီနှစ်တွေ အတွင်းမှာ မင်းသားရဲ့ အိမ်တော်ထဲ မိန်းမများစွာ ဝင်လာခဲ့ပြီး ထွက်သွားကြတယ်။ တစ်ချို့ကလည်း မင်းသားရဲ့ ကြင်နာမှုအတွက် ကြိုးစားကြရင်း အသက်ပေးလိုက်ကြတယ်။ ဘယ်သူမှ သူ့ရဲ့ ကြင်နာမှုကို မရခဲ့ဘူး။ ဒါကို အစေခံတွေသာလျှင် အသိဆုံးဖြစ်သည်။

သို့သော် လွန်ခဲ့တဲ့ လအနည်းငယ် ဝမ်ဖေး ရောက်လာကတည်းက၊ ဝမ်ဖေးကို မြင်ပြီးကတည်းက ပြောင်းလဲမှုတွေ စဖြစ်ခဲ့သည်။ အမြဲတမ်း တည်ငြိမ်ပြီး သွေးအေးတဲ့ မင်းသားက ဝမ်ဖေးနဲ့ ပတ်သက်ရင် ဒေါသကြီးလာတယ်။ ဝမ်ဖေး အနားမှာ ရှိရင် မတည်ငြိမ်တော့ဘူး။ အထူးသဖြင့် နူးညံ့ခြင်းရဲ့ အဓိပ္ပါယ်ကိုတောင် မသိတဲ့ မင်းသားက ဝမ်ဖေးကိုတော့ ရှားပါး ရတနာ တစ်ခုလိုမျိုး ထိတွေ့ ကြင်နာတယ်။

ဝမ်ဖေးကလွဲရင် ကျန်တဲ့သူတွေက ဖွဲနဲ့ ဆန်ကွဲပဲ…!

အစကတော့ ဘယ်လိုမှ စိတ်ခံစားမှု မရှိတဲ့ မင်းသားက ဘာလို့ ပြောင်းလဲသွားမှန်း သူတို့ နားမလည်ဘူး။ ဝမ်ဖေးရဲ့ အလှက ကိုယ်လုပ်တော်တွေထက် ထူးကဲသာလွန်ခြင်းလည်း မရှိဘူး။ သူမရဲ့ အသားအရေက ဖြူဖြော့ပြီး အေးစက်နေတယ်။ သူမက ပိန်သွယ်ပြီး သေးညှက်တယ်။ လိင်လှုံ့ဆော်မှု ဖြစ်စေတဲ့ အငွေ့အသက်လည်း သူမမှာ မရှိဘူး။

RUYIDove le storie prendono vita. Scoprilo ora