၉။ ဒီနေ့ရောပဲလား...

10K 982 40
                                    

Warning: ၁၈ နှစ် ပြည့်ပြီး သူများသာ ဖတ်ပါလို့ မဆိုလိုပါဘူး။ မပြည့်လည်း ဖတ်ကြတာပဲ။ သိပ်ပြီး လွန်လွန်ကျူးကျူး မပါပေမယ့် သာသာ့ တာဝန်အရ warning ပေးပါတယ်နော်။ ဒါမျိုးတွေ မကြိုက်ရင် ဒီအခန်းကို ကျော်ဖတ်ပါ

အစာ မစားရတာ သုံးရက် ရှိလာသောအခါ Ruyi ထိုင်ဖို့ပင် အားမကျန်တော့ပေ။ အစေခံများ Ruyi့ကို အလှပြင်ပေးနေချိန်တွင် Ruyi ခေါင်းမူးလာသည်။ ခြေထောက်ပေါ် မတ်မတ်ပင် မရပ်နိုင်သောကြောင့် အစေခံတစ်ယောက်အား မင်းသားစီ အသနားခံပေးရန် Ruyi တောင်းဆိုမိသည်။ အစေခံများ အားလုံး မင်းသားစီ မသွားချင်ကြပေ။ သို့သော် သူတို့ကို ဂရုစိုက်ရန် ခွန်အား Ruyi့ တွင် မရှိတော့ပေ။ Ruyi ဘယ်ကိုမှ သွားချင်စိတ် မရှိပေ။ ထို့ကြောင့် ခေါင်းပေါ်မှ အဆင်တန်ဆာများနှင့်ပင် အိပ်ယာပေါ် လှဲလိုက်သည်။

အိပ်စက်ခြင်းကသာလျှင် ဆာလောင်ခြင်းကို ကုစားပေးနိုင်မည်

တံခါးရွက် ကျိုးသံတစ်ခုကြောင့် Ruyi နိုးလာခဲ့သည်။ တံခါးပေါက်နားတွင် ရပ်နေသော ဒေါသထွက်နေသည့် အမျိုးသားကို တွေ့သောအခါ Ruyi ထထိုင်လိုက်သည်။ မင်းသား Ruyi့ကို အိပ်ယာပေါ် တွန်းလှဲလိုက်သောအခါ Ruyi မျက်လုံးပြူးမိသည်။

"ဒါက ငါ့ရဲ့ အာရုံကို ရဖို့ သုံးတဲ့ နည်းလမ်း ဆိုရင်တော့ မင်းရဲ့ အကြံအစည် အောင်မြင်ပါတယ်။" အေးစက်သော အသံက အခန်းထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

Ruyi ဘာမှ မတုံ့ပြန်နိုင်သေးခင် မင်းသားသည် Ruyi ၏ ဝတ်ရုံကို ဆွဲဖြဲလိုက်သည်။ Ruyi့ အရှက်ကို ကာကွယ်ပေးထားသော အစိမ်းဖျော့ဖျော့ အဝတ်တစ်စသာ Ruyi ၏ ကိုယ်ပေါ်တွင် ကျန်ခဲ့သည်။ ဘာတွေ ဖြစ်ပျက်နေမှန်း နားမလည်နိုင်လောက်အောင် Ruyi အံ့သြနေမိသည်။ Ruyi့ ကိုယ်ပေါ်မှ နောက်ဆုံး အဝတ်တစ်စကို ဖယ်လိုက်သောအခါ Ruyi့ မျက်နှာ ရဲတက်လာသည်။ ထို့နောက် Ruyi့ လည်ပင်းပေါ်တွင် မင်းသား၏ နှုတ်ခမ်းနှင့် ရင်သားပေါ်တွင် မင်းသား၏ လက်တို့က အသီးသီး နေရာယူလာကြသည်။

အစကတည်းက အသံ မထွက်ခဲ့သော Ruyi…ရုတ်တရပ် ထအော်သောအခါ မင်းသား၏ လှုပ်ရှားမှု အားလုံး ရပ်တန့်သွားသည်။ မင်းသား၏ ပြေလျော့သွားသော လက်များအောက်မှ Ruyi ရုန်းထွက်ကာ ကုတင်စွန်းသို့ ကပ်သွားလိုက်သည်။ အရှိန်လွန်ကာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည့်တိုင် Ruyi ပြဲသွားသော ဝတ်စုံကို ပခုံးပေါ်နှင့် လစ်လပ်နေသော နေရာအားလုံးကို ဖုံးရင်း စားပွဲအောက်ခြေသို့ ဝင်လိုက်သည်။ စားပွဲရှေ့သို့ မင်းသား၏ ဖိနပ် ရောက်လာသောအခါ ကြောက်ရွံ့မှုနှင့် နာကျင်မှုတို့ကြောင့် Ruyi မျက်ရည်ကျမိသည်။

RUYIWhere stories live. Discover now