၃၁။ ငါးမန်းဆူးတောင် စွပ်ပြုတ်

10.1K 865 94
                                    

ကိုယ်လုပ်တော်မေလင်းဧ။် လှပသော အဆောင်တော်ဝယ်…

ပန်းပွင့်တို့အစီတကျရှိနေသော လှပသော ရွှေဝါရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ လှဲအိပ်နေသည့်အမျိုးတစ်ယောက်…။

ဧည့်ခန်းခုံမှာ လှဲလျောင်းနေရင်းနှင့် သူမဗိုက်ပေါ် လက်တစ်ဖက်တင်ထားကာ ပူပင်သောကရောက်နေပုံက…လှပတဲ့မင်းသမီးလေးတစ်ပါးလိုပဲ…။

သူမဘေးက သမားတော်က သူမလက်ကောက်ဝတ်ကို စစ်ဆေးနေချိန်မှာ သူမမျက်နှာမှာ ဝမ်းနည်းမှုတွေနှင့် ပြည့်နှက်နေခဲ့သည်။ အစေခံတွေနဲ့ အပျိုတော်တွေလည်း သူတို့သခင်မလေးအတွက် သောကကြီးစွာနှငိ့ ဘေးတွင်ရှိနေသည်။

" မင်းသား…ရောက်ရှိလာကြောင်းပါ… "

ချက်ချင်းဆိုသလို လူတိုင်းလိုလို စိတ်ချမ်းသာသွားကြတယ်။ ဘာလို့ဆို မင်းသားရဲ့ အေးစက်တဲ့စရိုက်အခြေအနေအရ မလာဘူးလို့ သူတို့တွေးထင်ထားကြလို့ပဲ…။

သူရောက်ရှိလာတာကြောင့်…သူတို့သခင်မလေးက မင်းသားရဲ့ နှလုံးသားမှာ ရှိနေသေးတာပဲလို့တောင် တွေးမိလိုက်ကြတယ်။ အခုလက်ရှိမှာ မင်းသားက သူ့ဝမ်ဖေးဆီမှာ စိတ်အာရုံရောက်ရှိနေပေမယ့်… သူတို့ရဲ့ လှပတဲ့သခင်မလေးကိုလည်း မမေ့နိုင်သေးပုံပဲ…။

" အချစ်…… " ကိုယ်လုပ်တော်မေလင်းရဲ့အသံက စိတ်လှုပ်ရှားမှုကြောင့် တုန်လှုပ်နေတယ်။
" ရှင် လာတယ်ပေါ့ "

သူက သူမဆီကို လှမ်းလာပြီး… ဟိုဖြူဖျော့နေတဲ့ မိန်းမရဲ့ လည်ပင်းတွေကို ထိသလိုမျိုး…နူးညံ့စွာနဲ့ သူမလည်တိုင်ကို ထိတွေ့လာမယ်လို့ သူမတွေးမိခဲ့တာ။

ဒါပေမယ့်…အဲ့ဒီအစား ထိုယောကျာ်းက သစ်ထားထိုင်ခုံမှာ ပေါ့ပေါ့ပါးပါးပဲထိုင်နေခဲ့တယ်။

မင်းသားရဲ့ကိုယ်ပိုင်အစေခံက မင်းသားကို လက်ဖက်ရည်ငဲ့ပေးနေတဲ့အချိန်မှာ လူတိုင်းလိုလိုစိတ်လှုပ်ရှားနေကြတယ်။ မင်းသားက လက်ဖက်ရည်သောက်တုန်းမှာတောင်မှ ကိုယ်လုပ်တော်မေလင်းကို တစ်ချက်ကလေးတောင် လှည့်မကြည့်ဘူး။

" အချစ်_ "

" ဘယ်လောက်ကြာပြီလဲ  "

ဘယ်သူမှ စကားမဆိုကြတာကြောင့်…အခန်းထဲက လေထုက တဖြည်းဖြည်းလေးလံလာသည်။
ကိုယ်လုပ်တော်မေလင်း…သူမဘေးက သမားတော်ကို စူးရှစွာစိုက်ကြည့်လိုက်တယ်။

RUYIWhere stories live. Discover now