WuJian နှစ်နှစ်ခြိုက်ခြိုက်ကြီးကို အိပ်ပျော်ခဲ့တာကြောင့် လန်းဆန်းစွာနဲ့ အိပ်ရာမှ နိုးထလာခဲ့သည် ။ သို့ပေမယ့် သူ၏ ဘေးက အေးစက်ပြီး နူးညံ့နေသည့်ခန္ဓာအိအိလေးကိုခံစားမိလိုက်သည်နှင့် သူ့နှုတ်ခမ်းမှာ အပြုံးတို့ဝေဆာသွားရပြန်တယ် ။
နောက်တော့ သူ့ဝမ်ဖေးလေးရဲ့ကိုယ်တစ်ဝိုက်မှ သူ့လက်တို့သိုင်းယှက်ထားရင်းနဲ့ အိပ်မောကျနေသည့် Ruyi မျက်နှာလေးကို တစိမ့်စိမ့်ထိုင်ကြည့်နေမိသည် ။ သူ့ရဲ့ရွှေဝါရောင် အသားအရည်နဲ့စာရင် Ruyi အသားအရည်က ရေခဲလွှာလေးတစ်ခုလိုပဲ … ။ ကြည်လင်ပြီး ထွင်းဖောက်မြင်နိုင်တယ်လို့တောင် ထင်ရက်ဖွယ်ရှိတဲ့ အလှတရားလေး ။
WuJian အိပ်ရာထဲရောက်ဖူးတဲ့မိန်းမတွေဆိုတာ ရေတွက်လို့တောင် မကုန်နိုင်တာ မှန်တယ် ။ ဒါပေမယ့် Ruyi ရဲ့လက်ချောင်းလေးတစ်ချောင်းအပေါ် မင်းသားမြတ်နိုးမှုလေးနဲ့ယှဉ်ရင်တောင် သူတို့ဆိုတာ ဘာမှကိုမဟုတ်တော့ပါဘူး ။
မနေ့ညက သူတို့နှစ်ယောက်ရဲ့ချစ်တင်းနှောမှုကို ပြန်သတိရလာတော့ မင်းသား ပြုံးဖြီးဖြီးဖြစ်သွားခြင်းက ဖုံးမရဖိမရပါပဲ ။ သူ့ရဲ့ဖြူစင်လွန်းတဲ့ Ruyi လေးက သူပေးတဲ့ သာယာမှုတို့ကို တောင့်ခံနိုင်စွမ်းမရှိတော့သည်ထိ ဖြစ်ခဲ့သေးတာ ။ သူ့ရဲ့အားကိုးရာမဲ့ အော်ညည်းသံလေးတွေက မင်းသားအတွက်တော့ နားဝင်ချိုလွန်းတဲ့ တေးသံသာလေးဖြစ်ရုံမက သနားစရာလေးတောင် ဖြစ်နေတယ် ။
" Jian … "
သူ့ရဲ့ကျောက်စိုင်လို မာကျောနေတဲ့နှလုံးသားက တုန်လှုပ်လာမယ်လို့ သူတစ်ခါမှ မတွေးထားခဲ့ဘူး ။ အိပ်နေရင်း ယောင်ယမ်းပြီး သူ့နာမည်ကို ခေါ်လိုက်တဲ့ Ruyi အသံလေးက သူ့နှလုံးသားကို အရည်ပျော်ကျသွားစေတယ် ။ ဒီလိုအချိန်မှာ … Ruyi တစ်ကမ္ဘာလုံးကို အလိုရှိတယ်ဆိုရင်တောင် ဒီက WuJian က သူမဆန္ဒပြည့်ဝစေဖို့ တစ်လောကလုံးကို ဆန့်ကျင် တိုက်ခိုက်ပြီး အရယူပေးမှာပါ … ။
" ကိုယ်ဒီမှာ ရှိတယ် … Ruyi … "
ချစ်စရာကောင်းလွန်းစွာနဲ့ ယောင်ယမ်းမြည်တွတ်နေသည့်သူ့နှုတ်ခမ်းလေးကို မင်းသား လက်မဖြင့်အသာပွတ်ပေးလိုက်ပြီး ပါးလေးကိုအသာဆုပ်ကိုင်ထားမိတယ် ။
" ကိုယ့် Ruyi လေး … ဘာလိုချင်လို့လဲ … ? "
Ruyi ရဲ့မျက်ခုံးလေးတွေက စဉ်းစားနေဟန် တွန့်ချိုးသွား၍ WuJian ပြုံးမိလိုက်သေးတယ် ။ Ruyi လေး အိပ်ပျော်နေတဲ့အချိန်မှာတော့ သူဘာကိုလိုချင်လဲ ပြောပြပေးမယ်လို့ WuJian တွေးမိတယ်လေ ။
" ဘာကိုမှ မလိုချင်ဘူး … Ruyi ဘာကိုမှ မရချင်ဘူး … "
WuJian သူ့ကို အရာအားလုံးပေးအပ်ချင်ပေမယ့် သူလေးက ဘာကိုမှအလိုမရှိဘူးတဲ့လား … ။
ဖြူစင်လွန်းတဲ့မိန်းမပျိုလေးက သူ့ဆီကဘယ်အရာကိုမှ တောင်းဆိုခြင်းမရှိခဲ့ဘူး ။ ဒီအရာကို မင်းသား မြတ်နိုးမိသလို တစ်ချိန်တည်းမှာပဲ အလိုမကျဖြစ်မိပြန်တယ် ။ သူ့ဘဝထဲ ဝင်လာတဲ့တခြားမိန်းကလေးတွေအကုန် တစ်ခုခုတော့အလိုရှိကြတာချည်းပဲ ။ ဥပမာ - အဆင့်အတန်း ။ စည်းစိမ်ဥစ္စာ ။ အာဏာ ။ ပြီးတော့ သူကိုယ်တိုင်ကိုရောပေါ့ ။
ဒါပေမယ့် ဒီမိန်းကလေးကျ ဘာကိုမှမလိုချင်ဘူးတဲ့ … ။ ဒါက Ruyi ကြောက်နေလို့ဆိုတာ WuJian နားလည်တယ် ။ သူမ နှလုံးသားနဲ့ စိတ်အစဉ်က ဘယ်တော့မှ လောဘနဲ့ တပ်မက်ခြင်းဆိုတာ ရှိလာမှာမဟုတ်ဘူး ။
အမတ်ချုပ်နဲ့သူ့မိသားစုတွေ Ruyi ကိုဘယ်လိုဆက်ဆံတယ်ဆိုတာ သူမြင်ခဲ့တာပဲ ။ အဲ့အရူးတွေက မင်းသားကိုတောင် အရူးလုပ်ဖို့ ကြိုးစားခဲ့ကြသေးတယ် ။ Ruyi ကဖျက်လိုဖျက်ဆီးနဲ့ မာနကြီးလွန်းတယ် ဆိုပဲ ။ အဲ့စကားလုံးတွေနဲ့ သူ့ Ruyi ဆိုတာ တစ်ကယ် လားလားမှမဆိုင်တဲ့အရာတွေ ။
" Jian …… "
သူ့နာမည်ကိုယောင်နေတာလေး ထပ်ကြားလိုက်ရတော့ မင်းသား ကိုယ်ကိုကိုင်းပြီး Ruyi နှုတ်ခမ်းတို့ကို အသာထိကပ်လိုက်မိတယ် ။ အိပ်နေတဲ့မိန်းမပျိုလေးက သူ့အနမ်းကို တုံ့ပြန်လာတာမြင်တော့ မင်းသားရဲ့တပ်မက်မှုတွေကို မီးစာထည့်ပေးလိုက်သလိုပဲ ဖြစ်သွားတယ် ။
အိပ်ပျော်နေတာတောင် သူ့ဝမ်ဖေးရဲ့ အနမ်းတွေက ချိုမြိန်လွန်းတယ် ။ ရိုးရိုးအနမ်းလေးကို မချိုးဖျက်မိခင်မှာပဲ WuJian သူ့နှုတ်ခမ်းတွေကို ပြန်ခွာလိုက်ရတယ် ။ သူမရဲ့ညည်းသံတိုးတိုးလေးကတောင်မှ သူ့ရဲ့ချုပ်တည်းထားတဲ့စိတ်တွေ ပေါက်ထွက်လုနီးပါးဖြစ်သွားစေခဲ့တာ ။
" ဟူး …… မင်းလေးကို ဘယ်လိုလုပ်ပေးမှရမှာပါလိမ့် ? "
ВЫ ЧИТАЕТЕ
RUYI
Любовные романыကိုယ်ပိုင် မဟုတ်တာကို ဆုံးရှုံးရမှာ ကြောက်ဖူးပါသလား... မွေးမိခင်ကိုယ်တိုင်က အဆိပ်ခပ်ရင်ရော သင်ဘယ်လို ခံစားရမလဲ... ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ပြုရရင်...သင့်အိပ်မက်တွေကို ဆုံးရှုံးခဲ့ရင်...သင် ကျရှုံးခဲ့ရင်...သင့်ဘက်မှာ ဘယ်သူမှ မရှိခဲ့ရင်...သင် တစ်ယောက်တ...