၂၃။ ဝမ်ဖေး နေမကောင်းဘူး

11.6K 908 35
                                        

Ruyi သူနဲ့ မတွေ့ရတာ တော်တော်ကြာပြီ။ အစေခံတွေကို မေးရင်လည်း သူ အလုပ်များနေတယ်လို့သာ ပြောကြတယ်။ ဒါပေမယ့် Ruyi့ မျက်လုံးကို တည့်တည့်ကြည့်ပြီး သူတို့ မပြောရဲကြဘူး။ 

Ruyi မကျေနပ်ဘူး။ ဒါပေမယ့် Ruyi့ ခံစားချက်ကို မပြောရဲဘူး။ Ruyi နာကျင်နေရတယ်။ ဒါပေမယ့် Ruyi မထုတ်ပြရဲဘူး။

မနာပါဘူး…မနာပါဘူး…မနာပါဘူး…

အစေခံတွေ Ruyi့ နား မရောက်ခင်မှာပင် Ruyi သွေးများအန်ချလိုက်သည်။ အော်သံများက အခန်းတွင်း ပြည့်နှက်သွားပြီး အချို့က အခန်းထဲမှ ပြေးထွက်သွားပြီး အချို့က Ruyi့ နား ပြေးလာကြသည်။ Ruyi့ လက်ခုပ်ထဲမှ သွေးများကို ကြည့်ကာ Ruyi ကိုယ်တိုင်ပင် အံ့သြောမိသည်။
အရင်က ဒီလို မဖြစ်ဖူးပါဘူး။  Ruyi့ အတွက် နာကျင်မှုသာ ရှိခဲ့သည်။ သွေးအန်ခြင်းမျိုးတော့ မရှိခဲ့။ ဝမ်းတွင်းမှ ပျို့တက်လာသော သွေးများကို ထိန်းကာ Ruyi ရေချိုးကန်ဆီသို့ ရောက်အောင် ပြေးလိုက်သည်။ သို့သော် လမ်းတစ်ဝက်မှာတင် ကြမ်းပြင်ပေါ် ခြေချော် လဲကျသွားသည်။

"Ruyi!"

မင်းသား၏ ဒေါသအပြည့်နှင့် အော်သံက အခန်းတွင်းရှိ လူတိုင်းကို ထိတ်လန့်စေသည်။ သူ Ruyi့ ကို ဆွဲပွေ့လိုက်သောအခါ ပွင့်ဟနေသော ဝတ်ရုံသည် သူ့လည်ပင်းပေါ်က အနီရောင် အမှတ်များကို လှစ်ဟပြနေသည်။ ခပ်ပျော့ပျော့ အမွှေးနံ့က ပို၍ ချောင်းဆိုးစေချင်သည်။ Ruyi အသက်ရှူရန် လိုအပ်သောကြောင့် သူ့ကို တွန်းထုတ်လိုက်သည်။

"Ruyi!"
သူ Ruyi့ မေးရိုးကို ဆွဲကာ မျက်လုံးချင်း ဆုံစေလိုက်သည်။

သူ့ကို တွန်းထုတ်နေသော Ruyi့ လက်များကို လျစ်လျူရှုကာ အိပ်ဆောင်သို့ ပွေ့ခေါ်သွားသည်။

"ဝမ်ဖေးအတွက် ဆေး ဘယ်မှာလဲ?"

မင်းသား Ruyi့ ကို ပိုးသား အပေါ်ထပ်နှင့် ခပ်တင်းတင်း ဆွဲပတ်လိုက်သည်။ လက်တစ်ဖက်နှင့် Ruyi့ ကို ဖက်ထားပြီး တစ်ဖက်က ဆေးပန်းကန်ကို ကိုင်ထားသည်။  Ruyi့ ခန္ဓာကိုယ်ကတော့ တဆတ်ဆတ် တုန်ခိုက်နေသည်။ တံတွေး မျိုချရန်ပင် ခက်ခဲနေသော်လည်း Ruyi ဆေးကိုတော့ ဝင်အောင် ကြိုးစားလိုက်သည်။

"ထွက်သွား!"
မင်းသားသည် သူ့ ဝတ်ရုံကို ဆွဲချွတ်နေရင်း အားလုံးကို နှင်ထုတ်လိုက်သည်။ 

တောင့်တင်းသော သူ့လက်မောင်းများကြား Ruyi တုန်ခိုက်နေရင်း တံခါးပေါက်နားတွင် မိန်းမလှ တစ်ဦး ရပ်နေသည်ကို တွေ့လိုက်သည်။  သူမ၏ မျက်ဝန်းတို့က ရေသေလို တည်ငြိမ်နေသည်။ အဖေက တခြား မိန်းမနှင့် ရှိနေချိန်တွင် အမေ ဒီလို အကြည့်မျိုးနှင့် ကြည့်လေ့ရှိသည်။ ဘယ်သူမှ မသိတဲ့ အဓိပ္ပါယ် များစွာကို ဖုံးကွယ်ထားသော မျက်ဝန်းမျိုး…

"Ruyi နေကောင်းသွားပါပြီ…"
အဝတ် ကင်းမဲ့နေသော သူ့ရင်ဘတ်ကို Ruyi တွန်းလိုက်သည်။
"စိုးရိမ်စရာ မရှိတော့ပါဘူး…Ruyi…မလို…"

သူ Ruyi့ စကားကို လုံးဝ လျစ်လျူရှုကာ Ruyi့ ကိုယ်ကို ပတ်ထားသော ပိုးစကို ဖယ်လိုက်သည်။ တွန်းထိုးရုန်းကန်ရင်းနှင့်ပင် Ruyi့ အဝတ်အစား အကုန်လုံးကို ဆွဲချွတ်လိုက်သည်။ သူ့ရဲ့ ချောမွေ့သော အသားနှင့် ထိမိကာမှ Ruyi ဘယ်လောက် အေးခဲနေမှန်း သိလိုက်ရသည်။

"မင်း ဘာလို့ အရမ်းတုံးရတာလဲ? မင်း နာကျင်နေရင် မင်း သောက်ရမယ့် ဆေးကို တောင်းလေ! မင်းမှာ ပါးစပ်မပါဘူးလား!? ဟမ်…!!"

Ruyi့ အပြုအမူတွေကို Ruyi ကိုယ်တိုင်လည်း နားမလည်တော့ပေ…

"ငါ့ကို စိတ်ပူအောင် လုပ်ရတာ တော်တော် ပျော်နေလား?"

TN-သူ့ဟာမတွေနဲ့ ပျော်ပါးနေပြီးတော့မှ စိတ်ပူတယ်ဆိုပဲ 😏

နောင်တများနှင့် Ruyi့ ပါးပြင်တစ်လျှောက် မျက်ရည်များ စီးကျလာသည်။

T- မငိုပါနဲ့ ကလေးရယ် ရင်တွေ နာလို့ပါ 😭

"တောင်းပန်ပါတယ်…"
Ruyi ပြောနိုင်တာ ဒါပဲ ရှိသည်။
"တောင်းပန်ပါတယ်…"

Ruyi နောင်တများနှင့် ငိုကြွေးနေချိန်တွင် သူ Ruyi့ ကို ပွေ့ဖက်ခဲ့သည်။

"တစ်ကယ် တောင်းပန်ပါတယ်…"

Translator-Vipvkook

RUYIМесто, где живут истории. Откройте их для себя