၁၇+၁၈

11.8K 1K 51
                                        

၁၇။ အဆိပ်ဆေး

Ruyi မျက်လုံး ဖွင့်ဖွင့်ချင်း ပန်းပွင်း သဏ္ဌာန် ပန်းပုများနှင့် လှပသော သစ်သားမျက်နှာကျက်ကို တွေ့လိုက်ရသည်။ နံဘေးတွင်လည်း ခပ်ကြိတ်ကြိတ် စကားသံများကို ကြားနေရသည်။

"မလှုပ်နဲ့!"

မင်းသားသည် Ruyi့ဘေးသို့ ချက်ချင်း ရောက်လာပြီး ကုတင်ကို မှီထိုင်နိုင်ရန် ထူမပေးသည်။ ထို့နောက် Ruyi့ နဖူးနှင့် ပါးပြင်တို့ကို ထိကာ စမ်းသပ်နေပြန်သည်။ ဘာတွေ ဖြစ်နေမှန်း Ruyi မသိပေမယ့် တိတ်တိတ်လေးသာ ငြိမ်ခံနေလိုက်သည်။

"သူမ အခြေအနေကို လာကြည့်စမ်း။"

Ruyi မသိသော အမျိုးသားကြီးတစ်ယောက်က Ruyi့ လက်ကောက်ဝတ်ကို မရဲတရဲ လာကိုင်သည်။ သို့သော် Ruyi ၏ အေးခဲနေသော အရေပြားနှင့် ထိတွေ့မိသောအခါ ချက်ချင်းပင် လွှတ်ချလိုက်သည်။

"အဲ့ဒါ ဘာလုပ်တာလဲ?!?"

မင်းသားရဲ့ ဒေါသသံက သမားတော်ကို တွေဝေခြင်းမရှိ Ruyi့ လက်ကောက်ဝတ်ကို တစ်ခါ ပြန်ကိုင်ရင်း သွေးခုန်နှုန်းကို စမ်းသပ်စေသည်။

"ကျွန်တော်မျိုး……"

သမားတော် နောက်ပြန်ဆုတ်သွားသောအခါ မင်းသားသည် Ruyi့ လက်များကို ဆုပ်ကိုင်လာသည်။ ရေခဲကဲ့သို့ အေးစက်နေသော Ruyi့ အသားက သူ့ကို မထိတ်လန့်စေဘူးလား။

"သခင်မလေး အသက်ရှင်တာ ကောင်းသလား၊ ဆိုးသလားတောင် ကျွန်တော်မျိုး မသိတော့ပါဘူး။"

မင်းသား၏ မျက်ဝန်းများတွင် လူသတ်တော့မည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"သခင်ကြီး…စိတ်လျှော့ပါ။ ကျွန်တော်မျိုး ဆိုလိုတာ အဲ့လို မဟုတ်ပါဘူး။"

"ဒါဆို ဘာလဲ!?"
မင်းသားသည် အကြောင်းပြချက်ကိုသာ သိချင်သူ ဖြစ်သည်။

"ကျွန်တော်မျိုး အရင်ကလည်း ပြောဖူးပါတယ်။ အဆိပ်က သခင်မလေးရဲ့ သွေးကြောထဲအထိ ရောက်နေပါပြီ။ အချိန်ကလည်း ကြာနေပြီ။"
သမားတော်ကြီးသည် Ruyi့ ကို ဂရုဏာမျက်ဝန်းများနှင့် ကြည့်လာသည်။
"အရင်ကလည်း နာကျင်မှုနဲ့ အေးခဲမှုတွေကို မကြာခဏ ခံစားခဲ့ရမှာပါ။"

RUYIDonde viven las historias. Descúbrelo ahora