This is the translation of RUYI.
Translator-Vipvkook…
Wu Xi ကို အမြန်ဆုံး ရောက်နိုင်မည့် လမ်းကြောမှာ မြု့များနှင့် ရွာများကို ဆက်ထားသော်လည်း Ruyi တို့နှင့်အတူ ပါလာသည့် ဝန်စည်စလယ်များကြောင့် မြို့ပြင်မှ သွားရန် ဖြစ်လာခဲ့သည်။ တောတွင်းလမ်းကြောကလည်း သူ့ဟာနှင့်သူ သက်ရောက်မှု ရှိသည်။ Ruyi အတွက်ဆိုလျှင် တောင်တန်း၊ ပင်လယ်နှင့် မြေနိမ့်ချိုင့်ဝှမ်း၊ လွင်ပြင်များကို ကြည့်နိုင်သည်။
ကြောက်မက်ဖွယ်ကောင်းသော တောနက်ကို သုံးရက်ကြာ ဖြတ်ကြော်ပြီးသော်လည်း မရပ်နားပဲ ခရီးဆက်ခဲ့ကြသည်။ Ruyi အတွက် နေ့လည်စာကိုပင် အစေခံများက ရထားလုံးအတွင်းတွင် စားနိုင်အောင် စီစဉ်ပေးသည်။ မင်းသားနဲ့ အစောင့်တွေကရော ဘယ်လိုစားလဲ…ဒါမှမဟုတ် လုံးဝ မစားကြဘူးလား…ယောက်ျားလေးတွေက ခရီးသွားရင် ထမင်းမစားကြဘူးလား…
Vipvkook- Ruyi…ကလေးရယ်…ကိုယ်တို့ ယောက်ျားတွေမှာလည်း ပါးစပ်နဲ့ပါ…မစားပဲနဲ့တော့ ဘယ်နေမလဲ 😂
နေဝင်ပြီး လုံးဝ အမှောင်ကျမှသာ ရထားလုံးကို ရပ်လိုက်ကြသည်။ ဒါတောင် Ruyi ကို ရွက်ဖျင်တဲ ဆောက်လို့မပြီးမချင်း ရထားလုံးပေါ်က ဆင်းမလာခိုင်းပေ… အားလုံး ပြီးစီးသည့်အခါ မင်းသားသည် ရထားလုံးတံခါးကို ဖွင့်လျက် Ruyi ကို လက်ကမ်းစောင့်ကြိုသည်။ ညတိုင်း ရွက်ဖျင်တဲနှင့် မီးဖိုများကို တွေ့ရတတ်ပြီး အစောင့်များက ညစာစားရန်နှင့် စကားစမြည်ပြောရန် စုဝေးထိုင်တတ်ကြသည်။
Ruyi အတွက် မင်းသားက အကြီးဆုံး ရွက်ဖျင်တဲကို ပြုလုပ်ပေးသည်။ အလယ်တွင် တိရစ္ဆာန် အရေခွံနှင့် သားမွေးများကို ဖြန့်ခင်းထားပြီး တဲထောင့်တိုင်းတွင် အလင်းရောင်အတွက် ဖယောင်းတိုင်မီးများ ထားရှိသည်။
"ကိုယ် ပြန်လာခဲ့မယ်…ခဏစောင့်နော်…"
ညတိုင်း မင်းသားသည် စခန်းချရာ နေရာပတ်ပတ်လည်ကို စစ်ဆေးပြီး အစောင့်များကို မည်သည့်နေရာတွင် လုံခြုံရေးထားရန် ညွှန်ကြားပြီးမှ အိပ်လေ့ရှိသည်။ Ruyi မင်းသား ပြန်အလာကို စောင့်ချင်သော်လည်း သားမွေး၏ နူးညံ့ နွေးထွေးမှုက Ruyi ကို ငိုက်မြည်းစေသည်။
"Ruyi…"
မင်းသား၏ သြရှရှ အသံက Ruyi ငိုက်မြည်းမှုများကို ပျောက်စေသည်။
"ဗိုက်ဆာလား…"
Ruyi ခေါင်းခါပြလိုက်သည်။ တစ်နေ့ခင်းလုံး အစေခံများက Ruyi ကို တစ်မျိုးပြီးတစ်မျိုး ကျွေးမွေးပြီးပြီ။
"ပင်ပန်းနေပြီလား…"
မင်းသား Ruyi ဘေးတွင် ဝင်လှဲကာ Ruyi ကို ဖက်ထားပေးသည်။ Ruyi ခေါင်းကို မင်းသားလက်မောင်းပေါ် တင်စေပြီး
နဖူးတွင် အိပ်ရာဝင်အနမ်း ပေးသည်။"ပြန်အိပ်လေ…"
မင်းသား၏ နွေးထွေးသော ရင်ခွင်ကျယ်က Ruyi ကို နောက်တစ်ကြိမ် အိပ်ပျော်သွားစေသည်။
…
Vipvkook- Ruyi က အခုထိ တစ်ဝက်မကျိုးသေးပါဘူး နောက်မှာ အများကြီး ကျန်ပါသေးတယ် နောက်ပိုင်းတွေ ခင်ဗျားလေးတို့ ဒေါသထွက်လွန်းလို့ အော်ဟစ်ပေါက်ကွဲစေချင်လောက်မယ့် အခန်းတွေ အများကြီး ကျန်ပါသေးသည် 😉
![](https://img.wattpad.com/cover/140063942-288-k894805.jpg)
YOU ARE READING
RUYI
Romanceကိုယ်ပိုင် မဟုတ်တာကို ဆုံးရှုံးရမှာ ကြောက်ဖူးပါသလား... မွေးမိခင်ကိုယ်တိုင်က အဆိပ်ခပ်ရင်ရော သင်ဘယ်လို ခံစားရမလဲ... ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ပြုရရင်...သင့်အိပ်မက်တွေကို ဆုံးရှုံးခဲ့ရင်...သင် ကျရှုံးခဲ့ရင်...သင့်ဘက်မှာ ဘယ်သူမှ မရှိခဲ့ရင်...သင် တစ်ယောက်တ...