၅၉။ ချောက်အစွန်က အိမ်တော်

7.7K 783 33
                                    

This is the translation of RUYI.
Translator- SereniTY

တစ်ကယ်ကို WuXi ရဲ့မြို့တော်က Milong ထက် အဆတစ်ဆယ် ပိုကြီးမားတယ် ။ မြို့ထဲ မဝင်သေးခင် အပြင်ကတည်းကကို တောင်တန်းမြင့်တို့ကြားတည်ဆောက်ထားသည့် မြို့တော်ကြီး မှန်း မြင်နိုင်တယ် ။ မြို့ ပင်မ တံခါးပေါက်ကြီးက မဖြတ်ခင်မှာ Ruyi ကို ဘယ်သူမှ မတွေ့နိုင်အောင် မင်းသားက မြင်းလှည်းထဲ ပြန်ဝင်ခိုင်းစေတာ ။ မြို့ထဲစဝင်လာကြမှ မင်းသားရဲ့ဆုံးဖြတ်ချက်အပေါ် Ruyi ကျေးဇူးတင်မိတယ် ။ ဘာလို့လဲဆိုတော့ မြို့လမ်းမကြီးဆီက အသံတွေက ဝင်ဝင်ချင်းကို ပွက်လောရိုက်ဆူညံနေရုံတင်မက လူတွေကလည်း မင်းသား Wu Jian ပြန်အလာကို ကျွက်ကျွက်စီအောင် အားပေးကြိုဆို နှုတ်ဆက်နေကြတယ် ။

မင်းသား အိမ်တော်ကို ရောက်လာမှ သူ့ဘေးမှာရပ်လိုက်ရင်း Ruyi မျက်လုံးအပြုးသားလေးနဲ့ သူ့အိမ်တော်ကို စိုက်ကြည့်နေမိတယ် ။ သူပြောတဲ့အတိုင်းပဲ စံအိမ်က ချောက်ကမ်းပါးအစွန်းမှာ ဆောက်ထားတာ ။ တကယ်ဆို ဒီလောက်ကြီးမားတဲ့အိမ်တော်ကြီးတစ်ခုလုံးကို ချောက်အစွန်လေးမှာ လဲပြိုမသွားအောင် ထိန်းဆောက်ထားနိုင်တာ စွဲမက်ဖို့ ကောင်းသလို ကြောက်ဖို့လဲ ကောင်းတယ် ။ ကြည့်နေရတာတောင် ခဏနေ စံအိမ်တစ်ခုလုံး ချောက်အောက်ထိုးကျသွားတော့မယ့် ပြုတ်ကျခါနီးနီး ပုံကြီး ။ ပြီးတော့ မကြာခင် အောက်ကို ကျတော့မလို ဟန်ဖြစ်နေပေမယ့် မြင့်မြင့်မားမားဖြစ်နေတဲ့ စံအိမ်က အသက် ဘေးကြားမှာတောင် ရဲရင့်မှုအပြည့်ဖြင့် ရှိနေနိုင်သူ အန္တရာယ်များသည့် မင်းသား အတိုင်းပဲ ။

" ဘယ်လိုလဲ ... ? Ruyi ... "

မင်းသားက Ruyi ကို စတင်၍ စနောက်လာတယ် ။

" ကြောက်သွားသလား ... ? "

Ruyi ခေါင်းပဲ ငြိမ့်ပြလိုက်မိတယ် ။ စံအိမ်ကြီးက ချောက်ကမ်းစွန်းမှာ ထိုင်နေတာကြီးကို !

" Jumao ... "

မင်းသားက ရယ်သံကြားက တစ်ယောက်ယောက်ကို လှမ်းခေါ်တယ် ။ အိမ်တော်ကိုပဲ Ruyi ငေးမောနေမိတာ အနီးအနားက အစေခံနဲ့ကျွန်တို့ကိုတောင် Ruyi သတိမထားမိလိုက်ဖူး ။ မင်းသားခေါ်သံနဲ့အတူ အသက်အရွယ်ကြီးကြီးအမျိုးသမီးတစ်ဦးက ရှေ့ထွက်လာရင်း ဦးညွတ်လာတယ် ။

" Ruyi ... Jumao က ဒီက အစေခံတွေ ကျွန်တွေအကုန်လုံးရဲ့ခေါင်းဆောင်ပဲ ... ။ သူမင်းကို ပြုစုပေးလိမ့်မယ် ... "

မင်းသားက Ruyi ကိုမှာပြီးတာနဲ့ အဲ့အသက်ကြီးကြီးအမျိုးသမီးဘက် လှည့်ကာ -

" Jumao ... ငါမှာထားတဲ့အရာ လုပ်ပြီးပြီလား ? "

" ဟုတ်ကဲ့ ... အရှင့်သား ! ပြီးပါပြီ ... "

" ကောင်းပြီ ... သမားတော် ရော ရောက်ပြီလား ? "

" ဟုတ်ကဲ့ပါ ... အရှင့်သား ! သမားတော် လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက ရောက်နေပြီးပါပြီ "

" ငါ့ဝမ်ဖေး ဆေးသောက်ဖို့လိုအပ်တယ် ... သူ့ကိုချက်ချင်းခေါ်လိုက် ။ ပြီးတော့ ဝမ်ဖေး အနားယူနေချိန်မှာလည်း ဘယ်သူမှ အနှောက်အယှက်မပေးစေနဲ့ ... "

Jumao ကနောက်တစ်ကြိမ်ဦးညွတ်ရင်း လုပ်စရာရှိတာ အမြန်သွားလုပ်တော့တယ် ။

" Ruyi ... "

မင်းသားက Ruyi နဖူးပြင်ကို သူ့နှုတ်ခမ်းနဲ့အသာထိကပ်လာတယ် ။

" အထဲဝင်နားတော့ ... Ruyi ... ပြီးရင် ကိုယ်ပြန်အလာကို စောင့်နေ ... "

မြင်းလှည်းတွေ အများကြီးပဲ ... ! Ruyi သူ နန်းတော်ဆီ သွားဖို့လိုမှန်း သိလိုက်တယ် ။

" ကိုယ် မင်းကို မကြာခင် အဖော်ပြုပေးပါ့မယ် ... "

မင်းသားက သူ့မြင်းပေါ် မတက်ခင်မှာ Ruyi ပါးကို အသာလေးပုတ်သွားသေးတယ် ။ Ruyi မြင်ကွင်းကနေ သူပျောက်မသွားခင်ထိ Ruyi စိုက်ကြည့်နေမိတာ ။

" ကျွန်မနောက် လိုက်ခဲ့ပေးပါ ... ဝမ်ဖေး "

Ruyi လှည့်ကြည့်လိုက်တော့ Jumao နောက်မှာ အစေခံတစ်စုလိုက်နဲ့ ။

" ဝမ်ဖေး ရေချိုးသန့်စင်ရန် အကုန်အဆင်သင့်ပြင်ထားပြီးပါပြီ ... "

Jumao ကခေါင်းညွတ်ထားရင်းပဲ ပြောလာတယ် ။

ရေချိုးရမှာက ကောင်းတဲ့အကြံပဲ ... ။ ဒီတော့ Ruyi Jumao အနောက်ပဲလိုက်သွားလိုက်တယ် ။

.....................................................................

RUYIWhere stories live. Discover now