၅။ မင်း...အအလား...

9.9K 986 57
                                    

"မင်းသား…မေးနေတယ်လေ။ ညီမလေး ပြန်ဖြေတာ ကောင်းမယ်နော်။ မဟုတ်ရင် မင်းသားကို ပိုပြီး ဒေါသထွက်စေလိမ့်မယ်။"

ကိုယ်လုပ်တော်များထဲမှ တစ်ယောက်သည် သူမအား ညင်သာစွာ အကြံပေးလေသည်။ သို့သော် သူမ၏ အကြံဥာဏ်တွင် စိတ်ရင်း စေတနာ မပါမှန်း Ruyi သိသည်။ သူမ၏ အသံသည် Ruyi့ အမေ အသံလိုပင်  အတုအယောင်တွေမှန်း သူမ ခံစားမိသည်။

"မင်းသားကို စောင့်ဆိုင်းစေမိတဲ့အတွက် Ruyi တောင်းပန်ပါတယ်။ မင်းသားရဲ့ အိမ်တော်က အရမ်းကြီးပြီး Ruyi ကိုယ်တိုင်ကလည်း ပင်မဆောင် ဘယ်မှာမှန်း မသိလို့ပါ။"

Ruyi သူမ နောက်ကျရသည့် အကြောင်းအား တိုတိုနှင့် လိုရင်းရောက်အောင် ရှင်းပြလိုက်သည်။ ဘယ်သူကမှ အကြောင်းပြတာမျိုးကို မကြိုက်ကြဘူးလေ။ မည်သည့် တုံ့ပြန်မှုမှ မလာသောအခါ Ruyi သူမ၏ ခေါင်းအား ဖြေးဖြေးချင်း မော့လိုက်သည်။ သူမရှေ့မှ အမျိုးသားသည် သူမ နားမလည်သော အကြည့်မျိုးနှင့် သူမကို စိုက်ကြည့်နေမှန်း အံ့သြဖွယ် တွေ့လိုက်ရသည်။

ရုတ်တရပ် တခစ်ခစ် ရယ်သံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်လေသည်။
(TN-တခစ်ခစ်နဲ့ တက်နေလား မသိဘူး 😒😑)
သူမ နှုတ်ခမ်းကို ယပ်တောင်နှင့် ကာရင်း ရယ်နေသော လှပသည့် အနီရဲရဲ အမျိုးသမီးကို Ruyi ကြည့်လိုက်သည်။ အဆိုပါ အမျိုးသမီး၏ မျက်ဝန်း တောက်တောက်များသည် Ruyi့အား သူမအမေကို အမှတ်ရစေသည်။ Ruyi့ကို လမ်းမပြသည့် အစေခံအား အပြစ်ပေးသင့်ကြောင်း သူမ ဆိုသောအခါ မင်းသားလည်း အစေခံအား ရိုက်ထုတ်ပြီး အိမ်တော်မှ မောင်းနုတ်ရန် ချက်ချင်း အမိန့်ပေးလေသည်။ ဘယ်သူက အစေခံ၊ ဘယ်သူက သခင်မှန်း မသိသော အသုံးမကျသည့် သူများကို မင်းသား အိမ်တော်က မလိုမရှိပေ။

အစေခံသည် ခွင့်လွှတ်ပေးရန် အော်ဟစ် ငိုယိုသော်လည်း အစောင့်နှစ်ယောက်မှ သူမအား ဆွဲထုတ်သွားလေသည်။ အစေခံနှင့် အပျိုတော်များ အမှိုက်လို ဆက်ဆံခံရပုံ အမျိုးမျိုးကို Ruyi့ ဘဝတစ်လျှောက်လုံး လုံလောက်စွာ မြင်ခဲ့ဖူးပြီ ဖြစ်သည်။ သူမ အမေကိုယ်တိုင်က ကိုယ်ကျိုးအတွက် ဤကဲ့သို့ ကြိမ်ဖန်များစွာ ပြုမူဖူးသည်။ သူမ အမေနှင့် နေစဉ်ကတည်းက သူမတွင် ခံစားချက် မရှိသောကြောင့် မည်သည့်အရာကမျှ သူမကို ခံစားနိုင်အောင် မလုပ်ဖူးပေ။ အစေခံသည် သူမအား ကူညီရန် တောင်းပန်ချိန်တွင်လည်း မည်သို့မျှ မခံစားရပေ။
(သနားလိုက်တာ Ruyi လေး 😭)

သူမကို ဘယ်လိုလုပ်ပြီးတော့ Ruyi က ကူညီနိုင်မှာလဲ။ သူမက ဘယ်သူမှန်းတောင် မသိတာ ဘာလို့ ကူညီရမှာလဲ

"ထွက်သွားတော့။"

Ruyi  မင်းသားကို ဦးညွှတ်လိုက်ပြီး အမိန့်အတိုင်း ပြန်ရန် မင်းသားအား ကျောခိုင်းလိုက်သည်။ နောက်တစ်ကြိမ် ခပ်ကြမ်းကြမ်း လက်ကို ဆွဲခံလိုက်ရသောအခါ ထိုမျက်ဝန်းနက်များ ရှိရာဆီသို့ Ruyi မော့ကြည့်လိုက်သည်။

"မင်းကို ပြောတာ မဟုတ်ဘူး။"

ပြင်းပြင်းထန်ထန် စူးစိုက်ကြည့်ခံရခြင်းက Ruyi့ကို အနေခက်စေသည်။

"ထွက်သွား!!"

သူ၏ အသံသည် စူးရှပြီး ကျယ်လောင်လွန်းသောကြောင့် Ruyi့ ခန္ဓာကိုယ်လေး ကြောက်စိတ်နှင့် တုန်တက်သွားသည်။ Ruyi တို့ နှစ်ယောက်တည်း ကျန်ခဲ့သောအခါ သူသည် Ruyi့ လက်ကို လွှတ်ပေးလိုက်ပြီး စိုက်ကြည့်နေသည်။ သူသည် Ruyi့ ထက် အဆများစွာ လူကောင်ပိုကြီးပြီး အရပ်လည်း ပိုရှည်သည်။
(TN-သြော်…ကလေးရယ် သူက ယောက်ျားကြီးလေ။ သေချာပေါက် ကလေးထက် ကြီးမှာပေါ့ 😂)
မင်းသားသည် သူမကို သစ်ကိုင်းတစ်ခုနှယ် အလွယ်တကူ ချိုးပစ်နိုင်သည် ဟူသော အတွေးက Ruyi့အား ပိုကြောက်စိတ်ဝင်စေသည်။ ထို့အပြင် မင်းသားက ဘာမှ မပြောဘဲ သူမကို ငေးကြည့်နေသောကြောင့် သူမ၏ အသွင်အပြင်က သူ့အား စိတ်အနှောင့်အယှက် ဖြစ်စေသလားဟု Ruyi တွေးမိသည်။ သူမ၏ အဖေသည် သမီးချောများ ပိုင်ဆိုင်ထားသူဟု နာမည်ကြီးသည်။ မင်းသားသည် သူ၏ လှပချောမောသော ကိုယ်လုပ်တော်များနှင့်တောင် မယှဉ်သာသော သူမ၏ ရုပ်ရည်ကြောင့် မကျေမနပ် ဖြစ်နေသည်ဟု သူမစိတ်ထဲတွင် မှတ်ယူလိုက်သည်။
(TN-ကလေးက လှပါတယ်ကွာ။ အဲ့လို မပြောပါနဲ့ 😢)
သူ၏ သမီးများအကြောင်း အမြဲ ကြွားဝါလေ့ရှိသော သူမ အဖေ၏ လှည့်စားခြင်းကို ခံရသောကြောင့် ကြိတ်မနိုင် ခဲမရ ဖြစ်နေတာလည်း ဟုတ်နိုင်သည်ဟု သူမ တွေးလိုက်သည်။

"ဘာလို့ မင်းလေးက အရမ်း ဖြူဖျော့နေတာလဲ?"

မင်းသားသည် သူမ၏ ပါးပြင်အား ညင်ညင်သာသာ ပွတ်သပ်လိုက်သောအခါ Ruyi သူမ၏ တုန်လှုပ်မှုကို ဆက်လက် မဖုံးကွယ်နိုင်တော့ပေ။

RUYIOpowieści tętniące życiem. Odkryj je teraz