၃၉။ ဧကရာဇ်လား ကိုယ်လား...

8.7K 824 34
                                        

မင်းသားက သူပြောခဲ့တဲ့ စကားအတိုင်း Ruyi ကို ရေကန်နဲ့ အနီးဆုံး စားပွဲဆီ ခေါ်သွားတယ်။ တိုက်ဆိုင်စွာနဲ့ပဲ Ruyi နဲ့ သူ ထိုင်တဲ့ နေရာက တော်ဝင်မိသားစုနဲ့ အဝေးဆုံးကို ရောက်နေတယ်။ သူ့ရဲ့ ဂုဏ်အနေနဲ့ဆို တော်ဝင်မိသားစုနဲ့ အနီးဆုံးမှာ မထိုင်သင့်ဘူးလား…မယ်တော်ကြီးနဲ့ ဧကရာဇ်ကို ကြည့်ရင်း Ruyi တွေးမိတယ်။ ဒီလိုနေရာက သူ့အတွက် သင့်တော်ပါ့မလား…

"မင်း ဧကရာဇ်ကို အဲ့လောက်တောင် သဘောကျနေတာလား! ဒါဆိုလည်း နေမင်းကြီးကို ကောင်းကောင်း မြင်နိုင်မယ့် နေရာ ရွှေ့ပေးရမလား?"

သူ့ စကားလုံးတွေကြောင့် Ruyi နည်းနည်း လန့်သွားတယ်။ သူက ဝိုင်ခွက်ကို မော့သောက်နေပြီး ဒေါသထွက်နေပုံလည်း ပေါ်တယ်။ ဘာကြောင့်လဲ ဆိုတာတော့ Ruyi နားမလည်ဘူး…

"နေမင်းထက် စာရင် Ruyi က လမင်းကို ပိုနှစ်သက်တယ်…"
သူ့ရဲ့ စိတ်အခြေအနေက အကြောင်းပြချက်မရှိပဲRuyi ကို စိတ်မကောင်းဖြစ်စေတယ်…

"Ruyi လမင်းကို နှစ်သက်တယ်ဆိုတာ သေချာရဲ့လား…"

သူ့ မျက်နှာပေါ်က ရန်လိုဟန်တွေ အခုတော့ ဘယ်နေရာမှာမှ ရှာမရတော့ပေ…

"လူတိုင်းက နေမင်းကိုပဲ နှစ်သက်တာ…လမင်းကို မဟုတ်ဘူး…"

သူ ဘာကို ပြောချင်တာလဲ?

"မင်းသား ဘာကို ဆိုလိုသလဲဆိုတာ Ruyi နားမလည်ဘူး…"

ရုတ်တရပ် သူက Ruyi ပါးပြင်ကို အုပ်ကိုင်ပြီး မေးလာသည်။

"Ruyi…ဧကရာဇ်ကို နှစ်သက်လား…ကိုယ့်ကို နှစ်သက်လား…"

ဘာလို့ ဒီ ထူးထူးဆန်းဆန်း မေးခွန်းကို မေးရတာလဲ?

"Ruyi…ကိုယ် မင်းအဖြေကို ကြားချင်တယ်…"

"Ruyi မင်းသားကို နှစ်သက်ပါတယ်…"

Ruyi အတွက် လမင်းက နေထက် ပိုအရေးကြီးတယ်…Ruyi သိတာက သူ့ကိုလေ…ဧကရာဇ်မှ မဟုတ်တာ…Ruyi့ ရွေးချယ်မှုက သေချာပေါက် သူနဲ့ လမင်းပဲ…

"Ruyi…"

Ruyi နားဆီသို့ သူ တိုးလာပြီး နားဖျားလေးကို ခပ်ဖွဖွ နမ်းကာ တိုးတိုးလေး ပြောသည်။

RUYIDonde viven las historias. Descúbrelo ahora