၅၃။ အဆင်သင့် ဖြစ်ပြီလား...

7.7K 798 16
                                        

This is the translation of RUYI.
Translator-Vipvkook

ရက်အနည်းငယ်ကြာပြီး နောက်ဆုံးမှာတော့ Wu Xi မြို့သို့ ခရီးဆက်ရတော့မည်ဖြစ်သည်။

Wu Jian သည် ဧကရာဇ်နှင့် နောက်ဆုံးအကြိမ် ဆွေးနွေးရန်အတွက် မနက်အစောကပင် အိမ်တော်မှ ထွက်ခွာသွားသည်။ နန်းတော်မှ ပြန်ရောက်သောအခါ ကျန်ရှိနေသေးသော ကိုယ်လုပ်တော်များကို ခန်းမတွင် စုဝေးစေသည်။ Wu Jian သည် သူမတို့ကို Wu Xi သို့ အတူခေါ်ဆောင်သွားမည် ဟူသော မျှော်လင့်ချက်နှင့် ကိုယ်လုပ်တော်များ၏ မျက်နှာသည် ဝင်းပနေခဲ့သည်။ သို့သော် မင်းသား၏ သူတို့ကို အလိုမရှိတော့ကြောင်း၊ နေချင်နေ၊ ထွက်သွားချင်ရင် ထွက်သွားနိုင်ကြောင်း စကားကို ကြားရသည့်အခါ သူမတို့၏ အပြုံးသည် မျက်ရည်များအဖြစ် ပြောင်းလဲသွားတော့သည်။ နေခဲ့လျှင် Wu အင်ပါယာ၏ တင်းကျပ်သော စည်းမျဉ်းများကို လိုက်နာရမည်။ ထွက်သွားချင်လျှင် တစ်သက်လုံး သက်သောင့်သက်သာ နေနိုင်ရန် ရွှေအပြည့်အစုံ ပေးမည်။ သူမတို့တွင် ငြင်းပိုင်ခွင့်မရှိ။ ရိုးရှင်းသည်။ တစ်ချိန်တည်းမှာပင် ရက်စက်သည်။ ကိုယ်လုပ်တော်များသည် သူမတို့ကို တစ်ချက်မှပင် လှည့်မကြည့်ခဲ့သော မင်းသား၏ နောက်ကျောကိုသာ မျက်ရည်ပြည့်သော မျက်ဝန်းများနှင့် ငေးကြည့်ကျန်ရစ်ခဲ့ကြသည်။

အစေခံများနှင့် အစောင့်များက ပစ္စည်းများကို ထုတ်ပိုးသယ်ရွှေ့နိုင်ချိန်တွင် Ruyi ငြိမ်ငြိမ်လေး ထိုင်နေမိသည်။ စင်ပေါ်မှ စာအုပ်အချို့ကို မြင်သည့်အခါ ထုတ်ပိုးရန် ပြင်ဆင်ချိန်တွင် အစေခံများက Ruyi ကို အလန့်တကြား တားဆီးပြီး သူတို့ကိုသာ ခိုင်းရန် တောင်းပန်သည်။ နောက်ဆုံး Ruyi ကုတင်ပေါ်တွင် ငြိမ်ငြိမ်လေး ထိုင်ပြီး သူတို့လုပ်သမျှကိုသာ စောင့်ကြည့်နေလိုက်သည်။

"Ruyi…"

တံခါးပေါက်တွင် ရပ်နေသော မင်းသားကို အရိုအသေပေးရန် Ruyi မတ်တပ်ရပ်လိုက်သည်။

"အဆင်သင့် ဖြစ်ပြီလား…"

သူက Ruyi ခေါင်းကို လက်တစ်ဖက်နှင့်ထိန်းပြီး ခန္ဓာကိုယ်ချင်း ဆွဲကပ်လိုက်သည်။

RUYIМесто, где живут истории. Откройте их для себя