၃၆။ မင်းလိုချင်တာ မှန်သမျှ ဖြည့်ဆည်းပေးမယ်...

9.4K 867 64
                                    

Warning: ကလေးတွေ ရှူးရှူး 😂
အရမ်းလည်း မမျှော်လင့်ကြပါနဲ့ 😝

လပြည့်ဝန်းကြီးထိန်ထိန်သာနေသည့်ညချမ်းမှာ မြင်းလှည်းအမြောက်အများဟာ နန်းတော်၏ရင်ပြင်ဆီဆိုက်ရောက်လို့လာကြသည် ။ အကြောင်းရင်းကတော့ ဆောင်းဥတု၏ ပထမနှစ် လပြည့်သည့်ရက်မှာ မယ်တော်ကြီး ကဆွေကြီးမျိုးကြီးအများစုနှင့် အရာရှိတွေကို ကြီးမားခမ်းနားလွန်းသည့် နန်းတော်၏ဥယျာဉ်တော်ဆီဖိတ်ခေါ်ထားခဲ့သည့်အတွက်ပေါ့ ။ သူမ ၏ အနှစ်သက်ဆုံးသောရာသီဥတုဖြစ်သည့် ဆောင်းဥတုကို ဆင်နွှဲရန်အတွက် ပွဲတော်ကြီးမှာ ရှားပါးလွန်းသည့် နှစ်ချို့ ဝိုင် တွေ လူအများနှစ်ခြိုက်လောက်မည့် စားကောင်းသောက်ဖွယ်မျိုးစုံကိုပြင်ဆင်ထားလေ့ရှိတယ် ။ ဒါပေမယ့် ဤပွဲ၏ အနှစ်သာရအချက်ကတော့ မယ်တော်ကြီး ရဲ့လက်ဆောင်ပဏ္ဌာတို့ပါပဲ ။ ရွေးချယ်ခံရသည့်မိန်းမပျိုလေးများမှာ မင်းကြီးမယ်တော်ကိုယ်တိုင်ဖန်တီးပြုလုပ်ထားသည့် အဖိုးမဖြတ်နိုင်သည့် ပစ္စည်းများကိုလက်ခံရရှိကြရသည် ။ ဟုတ်တာပေါ့ ။ မယ်တော်ကြီးချီးမြှင့်မယ့်ထိုပစ္စည်းတွေကိုလက်ခံရရှိမယ့်မိန်းကလေးအနည်းငယ်ထဲ ဂုဏ်သရေရှိအသိုင်းအဝိုင်းက သူအများစုတောင်ပါချင်ကြတာကို ။

" Ruyi … "

လူရှစ်ယောက်ထမ်းလာရသည့် ထမ်းစင်ကြီးအတွင်းမှာနေရင်း ထိုးဖောက်မြင်နိုင်ရလောက်သည့် ခန်းဆီးများမှတစ်ဆင့် Ruyi ငေးမောကြည့်နေမိသည် ။ နေဝင်ပြီးသွားပေမယ့် ပုံမှန်လူအချို့ကတော့ လမ်းမတွေပေါ်မှာ ပျာတီးပျာယာပြေးလွှားနေကြဆဲပဲ ။ ဆူညံနေသည့်လမ်းမကြီးဆီ စွဲမက်စွာကပ်ငြိနေသည့် Ruyi ခမျာ ဘေးနားကမင်းသား၏ အသံကြောင့် အာရုံပြောင်းလို့သွားသည် ။

" Ruyi ပြန်ချင်ရင် အခုချက်ချင်းကိုယ်တို့အိမ်ပြန်လို့ရတယ်နော် … "

မင်းသား ကြည့်ရတာ စိုးရိမ်နေပုံပဲ ။ လွန်ခဲ့တဲ့ရက်အနည်းငယ်က မင်းသားက Ruyi ကို လပွဲတော် အကြောင်းပြောပြခဲ့ဖူးတယ် ။ အဲ့တုန်းကတောင် မင်းသားက သွားချင်လား မေးတော့ Ruyi အံ့သြသွားခဲ့သေးတာ ။ မြို့စားနဲ့သူ့မိသားစုတောင် အဲ့ပွဲမှာရှိမှာဖြစ်ကြောင်းမင်းသားပြောမလာခင်ထိ အဲ့မေးခွန်းက Ruyi ကိုတော်တော်အကျပ်ရိုက်နေစေခဲ့တယ် ။ တစ်ကယ်တော့ မယ်တော်ကြီး ကလူရှုပ်ထွေးပြီး ပွဲစည်တာမျိုးကို နှစ်သက်လွန်းတော့ အရာရှိများက သူတို့၏မိသားစုတွေကိုပါ ပွဲတော်ကို ခေါ်လာလေ့ရှိတယ်တဲ့ ။

RUYIWhere stories live. Discover now