၄၄။ လက်ဆောင်

8.5K 858 40
                                    

Ruyi နိုးလာတော့ နေ့လည်တောင် ရောက်နေပြီ ။ အိပ်ချင်မူးတူးဖြစ်နေတာပြေသွားမှ Ruyi အိပ်ခန်းထဲမှာ မဟုတ်ပဲ စာကြည့်ခန်းထဲရောက်နေမှန်း သတိထားမိတော့တယ် ။ ဒါ့အပြင် မင်းသားကသူ့ပေါင်ပေါ် Ruyi ကိုပွေ့လျက်တင်ထားပြီး အဝတ်အစားတွေပါ လဲပေးထားမှန်း Ruyi သိလိုက်တယ် ။

" နောက်ဆုံးတော့ နိုးလာပြီပဲ … "

မင်းသား ရဲ့သြရှရှအသံထွက်ပေါ်လာတာနဲ့ မနေ့ညက သူတို့အဖြစ်အပျက်ကို  Ruyi လျှပ်ခနဲ သတိရလိုက်မိပြီး မျက်နှာတစ်ခုလုံး နီတွတ်သွားရတယ် ။

" ဗိုက်ဆာနေပြီလား … ? "

Ruyi ရဲ့နီရဲလာတဲ့မျက်နှာကိုမြင်နေရတဲ့ သူ့အမေးစကားက ရယ်သွေးလွှမ်းလို့နေတယ် ။

အဲ့အချိန်မှာပဲ Ruyi ဗိုက်ဆီက တဂြီဂြီအသံက ထွက်လာတာကြောင့် မင်းသားရယ်သံက ကျယ်ကျယ်လောင်လောင်ကို ထွက်လာတော့တာ ။ Ruyi ချက်ချင်း သူ့ရင်ခွင်ထဲသာ မျက်နှာအပ်ထားမိလိုက်တယ် ။

" ကိုယ့် Ruyi လေး ဗိုက်ဆာနေပြီပေါ့ … "

မင်းသားက Ruyi ပါးကို ဖွဖွလေးနမ်းပြီး ကျီစယ်နေတယ် ။ သူအဲ့လိုလုပ်တော့ Ruyi ပိုလို့တောင် ရှက်သွားပြီး မင်းသား ဝတ်ရုံထဲကို ပိုခေါင်းတိုးမိသွားတယ် ။ နောက်တော့ မင်းသားက ချက်ချင်းထရပ်လိုက်ပြီး Ruyi ကိုပွေ့ထားလျက်နဲ့ပဲ ကပ်လျက်က လက်ဖက်ရည်သုံးဆောင်တဲ့အခန်းဆီကို ဦးတည်တယ် ။

သူ Ruyi ကိုပွေ့ထားတာကနေ ချလိုက်တော့ Ruyi ရှေ့ကစားပွဲပေါ်မှာ စားစရာတွေက အပြည့်ပဲ ။ Ruyi ပန်းကန်ထဲကို မင်းသားက ငါးနဲ့ကြာမြစ်အချို့ကို ထည့်ပေးလာတော့ Ruyi ဗိုက်ဆီက တဂွီဂွီအသံက ထပ်ထွက်လာပြန်တယ် ။  မင်းသားက ရယ်လျက်ပဲ Ruyi ရှေ့မှာ ပန်းကန်ကိုသေချာနေရာချပြီး Ruyi ခေါင်းကို ကိုင်ကာ အသာပွတ်သပ်ပေးတယ် ။

" စားတော့လေ … "

အဲ့တော့ Ruyi စားလိုက်တော့တာပေါ့ … ။

" ဝမ်ဖေးနဲ့ငါ အမတ်ချုပ်ကြီး အိမ်ဆီ သွားမယ် … ။ ဝမ်ဖေးကို သင့်လျော်တဲ့အဝတ်အစားဆင်ယင်ပေးလိုက် … "

Ruyi တို့စားပြီးတော့ အစေခံတွေက စားပွဲကို ရှင်းလင်းနေပြီး တချို့က Ruyi လက်ကို သန့်ရှင်းပေးနေကြတယ် ။ မင်းသားရဲ့ အမိန့်ပေးသံက ရုတ်တရက်ထွက်လာတော့ Ruyi ကြားလိုက်တာ မှန်မှမှန်ရဲ့လား ဆိုပြီး အံ့သြတကြီးနဲ့ သူ့ကိုလှည့်ကြည့်လိုက်မိတယ် ။

RUYIWhere stories live. Discover now