၂၇-နူးညံ့ပေးမှာလား…?
မင်းသားရဲ့ နန်းဆောင်ထဲမှာ အစေခံတွေ အစောင့်တွေအများကြီးရှိတယ်။
Ruyi အမြဲလိုလိုတစ်ယောက်တည်းဖြစ်နေခဲ့တာ…အနည်းဆုံး Ruyi က မြို့စားရဲ့ သမီးလို့ပြောနိုင်ရင်တောင်မှ Ruyi သခင်မလေးအဆောင်အယောင်တွေမရခဲ့ဘူးလေ…
အခုချက်ချင်းဆိုသလို မင်းသားရဲ့ဝမ်ဖေးအနေနဲ့ ခေါင်းအစခြေဖျားအဆုံး Ruyi ဘာလုပ်စရာမလိုဘူး…
နေ့တိုင်းလိုလိုပဲ…အစေခံတွေက Ruyi ကိုပိုးခြည်အထည်တွေကို ဝတ်ဆင်ပေးပြီး… Ruyi ရဲ့လက်တွေ လည်ပင်းတွေ နားတွေနဲ့ ဆံပင်တွေကို ရွှေငွေအဆောင်အယောင်တွေဆင်မြန်းပေးတယ်။
" ဝမ်ဖေးက အလှလေးပဲ…သူမဝတ်ဆင်သမျှဘာမဆို သိပ်လှတယ် "
အခြားလူတွေက Ruyi ရဲ့ရုပ်ရည်ကို ဝေဖန်တာ Ruyi အတွက်တော့ ထူးဆန်းနေဆဲပဲ…။ Ruyi ဘယ်လိုရုပ်ရည်ရှိလဲ Ruyi သိတယ်လေ။
အလှအပဆိုတာ…Ruyi ရဲ့ရုပ်ရည်ကို ဘယ်တော့မှ သုံးနှုန်းလို့မရတဲ့ စကားလုံးတစ်လုံးပဲ…။
အရင်က Ruyi ရဲ့ တစ္ဆေတစ်ကောင်လိုအသွင်အပြင်ကြောင့် ကလေးတွေ ငိုဖူးကြတယ်။ ဧည့်သည်တွေကို ကြောက်ရွံနေစေတာကို ကာကွယ်ဖို့ မြို့စားမိသားစုက Ruyi ကိုအခန်းထဲမှာပဲ နေစေခဲ့ကြတယ်။
" ဝမ်ဖေး…သုံးဆောင်ဖို့အဆင်သင့်ဖြစ်ပါပြီ "
မင်းသားက ယောကျာ်းလေးအစောင့်တွေနဲ့အစေခံတွေကို Ruyi အနားက ၅ မီတာကွာကွာနေဖို့ အမိန့်ပေးထားတယ်။
အဲ့တာက ထူးဆန်းနေပေမယ့် Ruyi အဲ့တာကို ဆက်မတွေးနေဘူး…။
ဘာပဲဖြစ်ဖြစ် မင်းသားရဲ့ လူတွေကို မင်းသား အမိန့်ပေးတာ သူ့ကိစ္စပဲလေ။ Ruyi အာရုံစိုက်ရမှာက သူတို့Ruyi အတွက်ယူလာတဲ့ အစားအသောက်တွေပဲ…။
" စားပွဲပေါ်မှာ ချလိုက် " အစေခံတစ်ယောက်က ဖြေကြားလာခဲ့တယ်။
သူအခန်းထဲကို ဝင်လာတဲ့အချိန်မှာပဲ အစေခံတစ်ယောက်က မတော်တဆခလုတ်တိုက်မိသွားတယ်။ ကြောက်ဖို့ကောင်းလောက်အောင် အခန်းက တိတ်ဆိတ်သွားပြီး Ruyi ကြောင်ကြည့်နေမိတယ်။
YOU ARE READING
RUYI
Romanceကိုယ်ပိုင် မဟုတ်တာကို ဆုံးရှုံးရမှာ ကြောက်ဖူးပါသလား... မွေးမိခင်ကိုယ်တိုင်က အဆိပ်ခပ်ရင်ရော သင်ဘယ်လို ခံစားရမလဲ... ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ပြုရရင်...သင့်အိပ်မက်တွေကို ဆုံးရှုံးခဲ့ရင်...သင် ကျရှုံးခဲ့ရင်...သင့်ဘက်မှာ ဘယ်သူမှ မရှိခဲ့ရင်...သင် တစ်ယောက်တ...