Ruyi 37
Ruyi ဆင်းဖို့မကူညီခင်မှာ မင်းသားက ရထားလုံးပေါ်က အရင်ဆင်းတယ်။ လှည်းက အရမ်းမြင့်လွန်းပြီး… Ruyi က အရမ်းပုလွန်းတဲ့အတွက်…မင်းသားက…Ruyi ကို မပြီး အောက်ချပေးတယ်လေ…။
မင်းသားက Ruyi ကိုမြေပေါ်ချလိုက်ချင်းချင်း… နံဘေးက များစွာသောတီးတိုးပြောသံတွေကို ကြားလိုက်ရတယ်။ ကြည့်လိုက်တော့…လူတွေအများကြီးက Ruyi ကိုကြည့်နေကြတာပဲ…။
Ruyi ကကြည့်ရတာ ထူးဆန်းနေလို့လား?
" အေးနေတာလား… "
မင်းသားရဲ့မေးခွန်းက Ruyi သူ့ကိုကြည့်မိလိုက်စေတယ်။ သူ Ruyi ရဲ့လည်ပင်းကိုထိလိုက်ချိန်မှာ…Ruyi ရဲ့အပူချိန်ကို သူစစ်ဆေးနေတာမှန်းသိလိုက်ရတယ်။
" Ruyi အဆင်ပြေပါတယ် "
Ruyi ရဲ့ ငြင်သာတဲ့အဖြေကိုကြားတာနဲ့… မင်းသားက Ruyi လက်ကိုဆွဲပြီး… နန်းတော်တံခါးဝကိုဦးဆောင်လမ်းပြတယ်… လူတွေအများကြီးတွေရဲ့ အကြည့်တွေကို လျစ်လျူရှုရင်းလေ…။
မင်းသားက လူတွေငေးကြည့်ခံရတာနဲ့ ပတ်သက်ပြီး ကျင့်သားရလောက်မယ်လို့ Ruyi ထင်တယ်။ သူ့အဆင့်အတန်း…သူ့ရဲ့ ချောမောတဲ့ရုပ်ရည်နဲ့… လူတွေကို ရပ်တန့်ငေးမောစေတယ်ဆိုတာ ပုံမှန်ပါပဲ…။
Ruyi အတွက်ကတော့… သူ့တို့ကြည့်မကြည့်ဆိုတာ အနည်းငယ်ပဲဂရုစိုက်မယ်။
ကြောက်လန့်ပြီး အံ့သြနေတဲ့အရိပ်အရောင်တွေပါဝင်သည့် အကြည့်တွေက Ruyi နဲ့အတူကြီးပြင်းလာကြတာပဲလေ။
" သူက ဘယ်သူပါလိမ့်… "
မြို့စား Haijin သွားသမျှနေရာတိုင်းမှာ…လူတိုင်းရဲ့ အာရုံစိုက်မှုကို ရရှိတယ်။ ဒါပေမယ့်…လူတိုင်းအာရုံစိုက်နေတာက အဲ့ဒီချောမောခန့်ညားတဲ့ ယောကျာ်းပျိုမဟုတ်ပဲ.…သူ့ဘေးက မိန်းမပျိုတစ်ယောက်ဖြစ်နေတာပဲ…။ မြို့စားHaijin ရဲ့ ဝမ်ဖေးပေါ့…။
သူမရဲ့ ပုခုံးသားလေးတွေပေါ်မှာ…တွဲခိုနေတဲ့… နူးညံ့သည့် ကျောက်စိမ်းရောင်ဝတ်စုံလေးကိုဝတ်ဆင်ထားသည်။ အကျီ င်္လက်တွေက ရှည်လွန်းနေပြီး သူမရဲ့ လက်ချောင်းထိပ်လေးတွေကို ဖုံးလွှမ်းနေတယ်။
အဲ့ဒီဝတ်စုံရဲ့ အစွန်းလေးက ကြမ်းပြင်ကို ထိလုဆဲဆဲဖြစ်နေပြီး… ရွှေရောင်ပန်းပွင့်ငယ်တို့ထိုးချုပ်ထားသည့် ဖိနပ်လေးတွေကို ဖြတ်ကနဲမြင်ရစေနိုင်တယ်။
သူမရဲ့ နူးညံ့သည့် ဆံနွယ်အရှည်ကြီးကိုတော့… ဆံထိုးလေးတစ်ခုလို လျော့တိလျော့ရဲချည်နှောင်ထားပြီး သူမရဲ့ လည်ပင်းသားလေးကို ဖော်ကျူးထားလျက်ပေါ့…။ သူမဝတ်ဆင်ထားတဲ့ တစ်ခုတည်းသောအသုံးအဆောင်က…လှစ်ဟထားသည့် သူမပုခုံးသားအပေါ်စွန်းစွန်းမှာ တွဲလွဲကျနေသည့် နားကပ်တွေပဲ…။
သူမ နဖူးပြင်လေးရဲ့ အလည်မှာတော့… ရွှေရောင်ပန်းပွင့်ငယ်လေးကိုရေးဆွဲထားပြီး… ပယင်းရောင်တောက်တောက်မျက်ဝန်းလေးတို့ရဲ့ အရောင်ကို မီးမောင်းထိုးပြနေသလိုပဲ…။
မြို့စားHaijin က သူ့ဝမ်ဖေးရဲ့ လက်သေးသေးလေးကို ကိုင်ထားလျက်နဲ့ပဲ…ဧကရီနဲ့ ဧကရာဇ်တို့ထိုင်နေကြသည့်နေရာဆီသို့ ခေါ်ဆောင်သွားသည်။ လူတိုင်းရဲ့ မျက်ဝန်းတွေက မြို့စားဝမ်ဖေးလေးအပေါ်မှာ အဆက်မပြတ်သော့ခတ်ထားသလိုကျရောက်နေပြီး…သူမရဲ့ အေးဆေးတဲ့အမူအရာလေးတွေကိုလိုက်လံကြည့်ရှုနေတယ်။
အဲ့တာက ထူးဆန်းစွာပင် အိပ်မွေ့ချခံလိုက်ရသလိုပဲ…။ မြို့စားဝမ်ဖေးရဲ့ ခြေလှမ်းတို့က ပေါ့ပါးပြီး နူးညံ့နေချိန်မှာ မင်းသားရဲ့ ခြေလှမ်းတွေက…ယုံကြည်မှုအပြည့်နဲ့ သန်မာနေတယ်လေ…။
ခြားနားချက်ကို သတိမပြုမိဘူးဆိုရင်တော့… သူတို့ရဲ့ ခြေလှမ်းတွေက…သင့်မြတ်လှပြီး…လိုက်ဖက်ညီကြပါတယ်။
Translator-PhuThetKhin9402
…………………………………………………
![](https://img.wattpad.com/cover/140063942-288-k894805.jpg)
YOU ARE READING
RUYI
Romanceကိုယ်ပိုင် မဟုတ်တာကို ဆုံးရှုံးရမှာ ကြောက်ဖူးပါသလား... မွေးမိခင်ကိုယ်တိုင်က အဆိပ်ခပ်ရင်ရော သင်ဘယ်လို ခံစားရမလဲ... ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ပြုရရင်...သင့်အိပ်မက်တွေကို ဆုံးရှုံးခဲ့ရင်...သင် ကျရှုံးခဲ့ရင်...သင့်ဘက်မှာ ဘယ်သူမှ မရှိခဲ့ရင်...သင် တစ်ယောက်တ...