၅၀။ အသင့်တော်ဆုံးလူ...

7.6K 870 95
                                    

This is translation of RUYI.
Translator-PhuThetKhin9402

" ခဏလေး… "

မြို့စားကို မထွက်သွားဖို့ တားဆီးရန် LiAiFen က အရှေ့ကိုပြေးထွက်သွားတယ်။

" ခဏလေး… ရှင် ဒီလိုထွက်သွားလို့မရဘူးလေ… "

LiAiFen …သူ့ကို မော့ကြည့်လိုက်တယ် …။ သူမကို သူကြည့်လာစေချင်လို့ပေါ့။

" ဘာလို့လဲ… "

" အဖေ… " LiAiFen သူမအဖေဆီကို တောင်းပန်တဲ့မျက်လုံးတွေနဲ့ ပြန်လှည့်ကြည့်လာတယ်။

" ကျေးဇူးပြုပြီး…မြို့စားက ကျွန်မတို့နဲ့စားသောက်ပွဲဆင်နွဲမို့ ရောက်ရှိလာတာလေ…ကျေးဇူးပြု၍ သူ့ကို ဒီလိုထွက်မသွားစေပါနဲ့… "

ဒါပေမယ့် သူမအဖေကတော့ မာနထောင်လွှားတဲ့မြို့စားကို သိပ်သဘောကျပုံမရဘူး။

" ဟုတ်တယ်…အဖေ " တခြားညီအစ်မ တစ်ယောက်ကပါ…ဝင်ထောက်ခံလာတယ်။

ချောမောခန့်ညားတဲ့ မြို့စားမင်းကို ထွက်သွားစေချင်လို့ပေါ့။

" ကျွန်မတို့…စားသောက်ပွဲကျင်းပဖို့ ပဲမလား… ဘာကိစ္စ အစေခံမတစ်ယောက်က သူမသမီးကို ထိတွေ့ချင်ရုံနဲ့တင် စိတ်ဆိုးနေရမှာလဲ… "

Ruyi အမေရဲ့ မျက်လုံးတွေ မယုံနိုင်မှုတွေနဲ့အတူ ဝိုင်းစက်လာတယ်။ သူမအခုထိ အစေခံအဖြစ်ပဲသတ်မှတ်ခံနေရတာကို ဘယ်ယုံနိုင်ပါ့မလဲ။ သူမ အမတ်ချုပ်ကြီးရဲ့ ကိုယ်လုပ်တော် ဖြစ်လာကတည်းက သူမကို ဘယ်သူမှအဲ့ဒီလိုမခေါ်ရဲဘူး။

" အစေခံ?… " မြို့စားက ချက်ချင်းလိုလိုပဲ သိချင်စိတ်ပြင်းပြလာတယ်။

" မြို့စားက မသိဘူးလား?… Ruyi ကမပြောပြဘူးပေါ့… " အမတ်ချုပ်ကြီးရဲ့ သမီးတစ်ယောက်က ရှက်ကိုးရှက်ကိုးပုံစံလေးနဲ့ ပြောလာတယ်။

" ဒါပေါ့…သူမက ဘယ်ပြောပြမလဲ… ဘာတွေပဲဖြစ်နေပစေ  နောက်ဆုံးတော့ သူမက အစေခံသမီးပဲလေ… "

" မင်း… " ပွင့်ပွင့်လင်းလင်းကြီး အစော်ကားခံလိုက်ရတာကြောင့်…Ruyi အမေကြောင်အသွားတယ်။ " မင်း ဘယ်လိုစော်ကားလိုက်တာလဲ… သမီးလေး "

RUYIWhere stories live. Discover now