Ruyi နိုးတဲ့အချိန်မှာ…အပြင်မှာ အတော်မှောင်နေပြီ…။ အခန်းငယ်လေးကတော့ ဖယောင်းတိုင်အလင်းရောင်တွေနဲ့ လင်းထိန်နေသည်။
" သခင်မလေး! အဆင်သင့်ဖြစ်ပြီဆိုရင်…ညစာ သုံးဆောင်လို့ရပါပြီရှင် !"
ထိုအသံက Ruyi ကို ထိတ်လန့်သွားစေခဲ့ပြီး Ruyi ဘေးမှာ မဝံ့မရဲနဲ့ရပ်နေသည့် အစေခံနှစ်ယောက်ကို လှည့်ကြည့်လိုက်သည်။ သူမတို့က Ruyi ကို ထိုင်ဖို့ကူညီနေစဉ်မှာ… Ruyi လည်ပင်းကို ထိကြည့်လိုက်တယ်ဆိုရင်ဘဲ နှလုံးခုန်သွားတာကို သူမခံစားလိုက်ရသည်။
တဆစ်ဆစ်နာကျင်မှုက Ruyi လည်ပင်းကို မင်းသားက ခိုင်မြဲစွာဆုပ်ကိုင်ခဲ့တာကို မှတ်မိစေတယ်…။
" သခင်မလေး? " သူတို့က ထိတ်လန့်စွာ တဖွဖွရွတ်ဆိုလာသည်။
Ruyi လည်ချောင်းက နာကျင်နေတာကြောင့် သူမ ခေါင်းကိုဘဲ ငြင်သာစွာငြိမ့်ပြလိုက်ရသည်။သူတို့တွေက Ruyi ရဲ့ ဆံပင်နဲ့ ဝတ်စုံကို ပြင်ဆင်ပေးပြီးတာနဲ့ ဟင်းခွက်အနည်းငယ်ခင်းကျင်းထားသည့် စားပွဲမှာထိုင်ဖို့ ကူညီခဲ့ကြသည်။ Ruyi ရဲ့ နာကျင်နေတဲ့လည်ချောင်းကြောင့် တိုဖူးနဲ့ ဆန်ပြုတ်တွေကို မြင်လိုက်ရတော့ Ruyi ပျော်ရွှင်သွားမိသည်။
Ruyi ညစာစားပြီးတာနဲ့ အစေခံတွေက Ruyi ရေချိုးဖို့ပြင်ဆင်ပေးကြတယ်…။
Ruyi နွေးနွေးထွေးထွေးရေချိုးခဲ့ရတဲ့ နောက်ဆုံးအချိန်က ဘယ်အချိန်မှန်းတောင် မမှတ်မိတော့ဘူး…။ဒီလို နွေးထွေးစွာ ရေချိုးရခြင်းက Ruyi ဒီည အေးချမ်းစွာအိပ်စက်နိုင်လိမ့်မယ်…။
နောက်တစ်နေ့မနက်မှာ Ruyi လန်းဆန်းစွာနိုးထလာခဲ့ပေမယ့် လည်ပင်းက ဒဏ်ရာကတော့ ဖြူဖျော့နေတဲ့ Ruti ရဲ့ အဖြူရောင်အသားအရည်ကို ဆန့်ကျင်ပြီး ထင်ထင်ရှားရှားဖြစ်လာတယ်…။ မနေ့ညက အဲ့ာက နီပြီ ခရမ်းရောင်ပေါက်နေပေမယ့် ဒီနေ့တော့ ခရမ်းရင့်ရောင်နဲ့ အမည်းရောင်ဖြစ်နေတယ်။ အဲ့တာက ကြည့်ရတာတော့ ကြောက်စရာကောင်းပေမယ့် နာကျင်မှုမရှိဘူး…အနည်းငယ်ကိုက်ခဲတာလောက်လေးဘဲ…။
အခြားဘက်မှာတော့… Ruyi အဝတ်အစားဝတ်ဖို့ကူညီနေတဲ့ အစေခံတွေဟာ မနှစ်မြို့ဖွယ် Ruyi ရဲ့ ဒဏ်ရာတွေကို မြင်လိုက်ကြရတယ်…။သူတို့ရဲ့ မျက်လုံးတွေထဲက အကြောက်တရားကို Ruyi မြင်နေရပြီး ဘာကြောင့် သူတို့အရမ်းကြောက်နေလည်း Ruyi သိချင်မိတယ်…။ ဒဏ်ရာရတဲ့သူက သူတို့မဟုတ်ဘူးလေ…။
" မင်းကို မပြောမချင်းအခန်းထဲက ထွက်မလာနဲ့! "
ညစာစားခန်းကို Ruyi ရောက်ရောက်ချင်းဘဲ မင်းသားဟာ စိတ်ဆိုးနေခဲ့သည်။ Ruyi စိတ်ထဲကနေ တုန်လှုပ်နေချိန်မှာ လူတိုင်းက မင်းသားရဲ့ ဒေါသကို ကြောက်ရွံနေခဲ့ကြသည်။ ဒါ Ruyi အခန်းထဲမှာဘဲ နေသင့်တဲ့ အကြောင်းရင်းဘဲ…။
Ruyi အခန်းကို လှည့်ပြန်လိုက်တဲ့အချိန်မှာဘဲ အစေခံတွေကလည်း မျက်ရည်တွေကျလျက် Ruyi နောက်က လိုက်လာခဲ့ကြသည်။ ဘာကြောင့်သူတို့ ငိုလည်း Ruyi နားမလည်ဘူး…။ မင်းသား ငေါက်လိုက်တဲ့သူက Ruyi ဘဲကို။
…………………………………………
Translator-PhuThetKhin9402
YOU ARE READING
RUYI
Romanceကိုယ်ပိုင် မဟုတ်တာကို ဆုံးရှုံးရမှာ ကြောက်ဖူးပါသလား... မွေးမိခင်ကိုယ်တိုင်က အဆိပ်ခပ်ရင်ရော သင်ဘယ်လို ခံစားရမလဲ... ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ပြုရရင်...သင့်အိပ်မက်တွေကို ဆုံးရှုံးခဲ့ရင်...သင် ကျရှုံးခဲ့ရင်...သင့်ဘက်မှာ ဘယ်သူမှ မရှိခဲ့ရင်...သင် တစ်ယောက်တ...