3. Ch 1.2

20K 1.9K 50
                                    


Uni

သူ့ရဲ့တိုက်ခန်းက အင်တာတိန်းမန့်နဲ့ အတန်ငယ်တော့နီးပါတယ်။ သူရှူးဖိနပ်ကို စွပ်ကာ အပြင်ကိုထွက်လိုက်တယ်။သူလမ်းထဲကိုလျှောက်ထွက်လာချိန်မှာတော့ မျက်လုံးတော်တော်များကို ဆွဲဆောင်ထားနိုင်တယ်။ သရုပ်ဆောင်တစ်ယောက်ဖြစ်ခဲ့သူမို့ သည်စပ်စုတဲ့မျက်လုံးတွေကို ရင်းနှီးပြီးသားပါ။လူငယ်ပိုင်းကနေစလို့ လူကြီးပိုင်းအထိ ယောကျ်ား မိန်းမ ဘယ်သူမဆို သူ့ကို မကြည့်ဘဲမနေနိုင်ကြဘူး။ သူ ညစ်ကျယ်ကျယ် ဆွဲဆောင်မှုရှိတဲ့အပြုံးတစ်ခုကို လမ်းရဲ့ ညာဘက်ခြမ်းက မိန်းကလေးအုပ်ထဲ တစ်ချက်ပို့လိုက်တဲ့အခါမှာတော့ စီကနဲ ခပ်မြူးမြူးအသံတွေထွက်လာပြီး တချို့က မျက်နှာပေါ်မှာ ရှက်သွေးတွေရဲလို့။တော်တော်လေး ရဲရင့်တဲ့ ကလေးမတစ်ယောက်ကတော့ ခြေလှမ်းပြင်ပြီး သူဆီလျှောက်လာပါတော့တယ်။

" ammmm..ပုံလေးတစ်ပုံလောက်အတူတွဲရိုက်လို့ ရမလားရှင့် "

လို့ပြောပြီးတာနဲ့ ဖုန်းကိုချက်ချင်းတန်းထုတ်တော့တာပါပဲ။ကလေးမကဒီပုံလေးကို အမြဲတမ်းသိမ်းထားဖို့ကြံစည်နေတာပါ ဘာလို့လဲဆို နောင်တစ်ချိန်ဘယ်ခါမှပြန်တွေ့တော့မယ်ဆိုတာ သူ(မ)ဘယ်လိုမှ မသိနိုင်ဘူးလေ။

"ရတာပေါ့"

လှိုင်းတံပိုးကင်းတဲ့ရေပြင်လိုတည်ငြိမ်အေးဆေးမှုအပြည့်နဲ့ Jiang Tian ပြန်ပြောခဲ့တယ်။ဒါပေမဲ့ ဒီအသံမှာ တပ်မက်ချင်စရာ ညှို့ဓာတ်အပြည့်ရောပါသွားတာကိုတော့ မဖုံးကွယ်လိုက်နိုင်ပါဘူး။

တခြားမိန်းကလေးတွေထက်သတ္တိရှိတဲ့ သည်ကလေးမတောင် ဒီညှို့ဓာတ်ပါတဲ့အသံအောက်မှာ မျက်နှာပေါ် နှင်းဆီပန်းခင်းကြီးပွင့်သွားရှာတယ်။

" ငါမင်းအတွက်ရိုက်ပေးပါ့မယ် "

လို့ သူပြောပြီး ကလေးမရဲ့ လက်ထဲကဖုန်းကိုယူလိုက်တယ်။ဖုန်းယူပြီးတဲ့ အခါမှာတော့ သူ့ရဲ့လက်မောင်းကို ကလေးမရဲ့ ပုခုံးမှာဖက်ပြီး post ယူလိုက်တယ်။

" ပြုံးမယ်"

လို့တစ်ခွန်းပြောပြီး ဓာတ်ပုံကိုရိုက်ကာ save လိုက်ပြီးမှ သူ(မ)လက်ထဲကို ဖုန်းပြန်ပေးလိုက်တယ်။

ပြန်ပေးဆပ်ရမယ်Where stories live. Discover now