Uni
____________________
Zi Youအနေနဲ့ ဒါကိုတီးရင် ဒီလိုအကျိုးသက်ရောက်မှုတွေဖြစ်လာမယ်ဆိုတာ သိပေမဲ့လည်း ဘယ်လိုလုပ်မလဲ သူမှ အခု ဒါကိုမရပ်တန့်နိုင်တော့တာ။ ဒါကိုတီးလိုက်တာနဲ့ ဒီသီချင်းကနေထွက်ပေါ်လာတဲ့ စိတ်ခံစားမှုတွေကြောင့် သူ့ကို ထိန်းချုပ်ခံရလိမ့်မယ်ဆိုတာသူသိတယ်။ အဲဒါက မည်သူမဆို တီးတာနဲ့ ကျိန်စာတစ်ခုအောက်မှာကျရောက်သွားသလို ဖြစ်သွားမှာပဲ။
မသိလိုက်ပါဘဲ သူတို့ရဲ့ အသိအာရုံတွေကို ဖြတ်တောက်ခံလိုက်ရသလိုဖြစ်သွားမယ်။ တစ်စုံတစ်ယောက်က ဒီသီချင်းကိုတီးပြီးတာနဲ့ ထိုသူရဲ့စိတ်ဟာ ရင်တွင်းတစ်နေရာမှာပုန်းခိုနေတဲ့ အမှောင်ခြမ်းရဲ့ ဖမ်းစားခြင်းကို ထာဝရခံသွားရလိမ့်မယ်။
ဒီ Zi Youရဲ့ လက်ရာကို တီးဖူးတဲ့သူတွေထဲကအများစုဟာ ဒါကိုတီးပြီးနောက် အကောင်းပကတိကျန်ရှိတဲ့သူရှားတယ်။ အတော်များများကတော့ ရူးသွားကြပြီး တချို့ကတော့ သူတို့အသက်သုံးနှစ်တုန်းက ဦးနှောက်မျိုးကို ပြန်ရောက်သွားကြပါတယ်။
သီချင်းပြီးသွားတဲ့အခါမှသာ Zi You တစ်ယောက် အသက်ကိုဝဝရှူနိုင်တော့တယ်။ သူ့ရဲ့ လက်ချောင်းကလေးများဟာလည်း တဆတ်ဆတ်ခါပြီး တုန်ရီလို့နေတယ်။ နဖူးပြင်မှာလည်း ပုတီးစေ့လောက်ရှိတဲ့ ချွေးပေါက်တွေ သီးလို့။
သူ့ရဲ့မျက်နှာကဆို ဖြူဖျော့နေတုန်းပဲ။သို့သော် ပုံပန်းသွင်ပြင်ကတော့ အများကြီးအဆင်ပြေလာပါပြီ။" ဒီ..ဒီ.လက်ရာက ဘာလဲ"
Meng Shu က တင်းတင်းကြိတ်ထားမိလို့ အံသေနေတဲ့ သူ့ရဲ့သွားတွေကို ဇွတ် ဖျစ်ညစ်ပြီးဟတဲ့ အနေနဲ့မေးလာတယ်။"ကောင်းကင်ဘုံရဲ့ အမျက်ဒေါသ။ငါ ရေးခဲ့တာ။" Zi You က ပြန်ဖြေတယ်။သူ့ရဲ့အသံတွေ အဖျားခတ်တုန်ခါလို့နေတယ်။
Zi You မတ်တပ်ရပ်လိုက်တဲ့အခါ သူ့ရဲ့ခြေထောက်တွေဟာ မခိုင်တော့ဘဲ တစ်စက္ကန့်လောက်တောင် ရပ်တည်ဖို့မတတ်နိုင်လောက်အောင်ခံစားနေရတယ်။ သူ့အနေနဲ့ စိတ်ဆောင်ပြီး ဒီနေရာမှာ မတ်မတ်ရပ်နေနိုင်အောင်လို့ ဆန့်ကျင်တိုက်ခိုက်နေရပါတယ်။
YOU ARE READING
ပြန်ပေးဆပ်ရမယ်