9. Ch 4.2

12.1K 1.3K 5
                                    

Jiang Tianက သူဘယ်သွားနေတယ်ဆိုတာ ခေါင်း ထဲမှာနည်းနည်းမှမရှိဘူး။ သူသိတာအားလုံးက သူအခု Ju Renနောက်ကို လိုက်နေတာဆိုတာပဲ။ သူ့ရဲ့ စိတ်ထဲမှာ ရှုပ်ယှက်ခတ်နေလို့ သူ ဘယ်လောက်ကြာအောင်လျှောက်ပြီးပြီဆိုတာလည်းမသိဘူး။

ဒါရိုက်တာကို ဒီ့အရင်က တစ်ခါမှမတွေ့ဖူးဘူး။ဒါရိုက်တာအကြောင်း သူသိရသလောက်ကလဲ ပျံ့နှံ့နေတဲ့ ကောလာဟလ ဈေးစကားတွေလောက်သာပဲ။ တချို့ကပြောကြတာက ဒီလူဟာ ရုပ်ဆိုးတယ် ဒါဟာ သူ့ရုံးထဲမှာ နေ့တိုင်းပုန်းနေရခြင်းရဲ့ အကြောင်းအရင်းပဲလို့ ဆိုတယ်။

တချို့က ပြောပြန်တာက သူဟာ အသက်အရွယ်ကြီးတယ်။ လိင််သဘာဝဖောက်ပြန်သူ လို့ဆိုတယ်။ ဒါကိုမှားတယ်ပြောဖို့ရာလည်း သူ့ ချစ်ရေးချစ်ရာ စိတ်ဝင်စားမှုကိုမသိရဘူး။ လူတွေကို ဘာကိုမဆို သူတို့ထင်ချင်ရာပေးထင်ဖို့ ခွင့်ပြုထားလေတယ်။သူ့ရဲ့ သူဌေးအသစ်နဲ့ပတ်သတ်ပြီး သူကြားသမျှအားလုံးထဲက မျိုးတူရာရွေးထုတ်ထားတာ။

Ju Ren က ရုတ်တရက် ရပ်လိုက်လို့ သူ့ဆီကိုပြေးလိုက်သလိုဖြစ်နေတဲ့ Jiang Tian လည်း ရပ်လိုက်ရတယ်။

ထို့နောက် Ju Ren က တံခါးကိုခေါက်လိုက်တယ်။

" ဝင်ခဲ့ "

_______________________

Jiang Tian ရဲ့ ရင်ထဲမှာ တစ်ခဏမျှ ဟာလာကြီးဖြစ်သွားတယ်။

' ဖာ့ခ် ပဲ။ ထိုအသံက ငါ့ကို တော်တော်ကြီး ဆောက်တည်မရအောင် ဖြစ်စေတယ်။ သူ ဘာလုပ်ဖို့ကြိုးစားနေတာလဲ ။သူ့ရဲ့ deep ass voice နဲ့ တစ်ယောက်ယောက်ကို သတ်မလို့လား။ '

Ju Ren က ဖြည်းဖြည်းချင်းတံခါးကိုဖွင့်ပြီး အထဲကိုဝင်သွားတော့တယ်။ Jiang Tian လည်းနောက်နေ ကပ်ပြီးဝင်ခဲ့တယ်။










Zaw




ပြန်ပေးဆပ်ရမယ်Where stories live. Discover now