27. Ch 16

8.1K 1K 29
                                    

Uni

ချစ်ရတဲ့ ဘော်ဘော်တို့
ကွီးထူးက ခင်ဗျားတို့နဲ့ ရင်းနှီးချင်လို့
fb ဖွင့်ထားပါတယ်ဗျာ့
အောက်မှာနော် 😊

အိုခေ အားလုံးကို ချစ်တယ် ။
ဒါလေးက အထူးတောင်းဆိုထားသူအတွက်....
သူ့ကိုယ်သူသိတယ် 😅

_______________________________

တစ်ကိုယ်တော် ပုံရိုက်ဖို့ ကျန်တဲ့သူတွေလည်း အဆင်ပြေပြေချောချောမွေ့မွေ့ပဲ ပြီးစီးသွားတယ်။
အဖွဲ့ဓာတ်ပုံရိုက်တဲ့အချိန်မှာတော့ သူတို့်ကို ကိုယ်ဟန်ပြောင်းဖို့ မာမာတောင့်တောင့်မနေဖို့ အစရှိသဖြင့် ဟိုဟာဒီဟာလေးပြောရုံနဲ့ ရိုက်လို့ပြီးသွားပါတယ်။

တစ်ခါတလေမှာ Zi You က အဖွဲ့ဝင်တွေကို ဘယ်လိုကိုယ်နေဟန်ထားလုပ်ဖို့ သူတို့ရဲ့မျက်နှာဟန်အမူအရာကို ဘယ်လိုပြောင်းဖို့ တွေမှာ အကြံပြုပေးတယ်။

နောက်တော့ Zi You က သူသွားရတော့မှာ ဖြစ်လို့ သူ့ရဲ့သော့တွေကို Lu Yin ကိုပေးတယ်။

"ငါသွားတော့မယ်။ မင်း ဖာသာမောင်းပြီး အဖွဲ့ဝင်တွေကို အိမ်ပြန်ပို့လို့ အဆင်ပြေမယ်လို့ ငါ ယုံကြည်ပါတယ်။ သော့တွေကို မပျောက်အောင်တော့ ဂရုစိုက်"

"good bye" လို့ Zi You က ပြောပြီး အဆောက်အဦးရဲ့အပြင်ကို လမ်းလျှောက်ထွက်သွားတယ်။
သူအပြင်ကိုရောက်တဲ့အချိန်မှာ Xu Ming က ကြိုတင်ပြီး သူ့ကိုစောင့်ဆိုင်းနေပြီ။ သူက ကားတံခါးကိုဖွင့်ပြီး ဝင်ထိုင်လိုက်ပါတယ်။

" ဓာတ်ပုံရိုက်တာ ဘယ်လိုဖြစ်သွားလဲ"

Xu Ming က ကားစထွက်တဲ့အချိန်မှာ မေးလာတယ်။

"အဆင်ပြေပြေပါပဲ"

Zi You က ကားရဲ့အပြင်ကို ငေးနေရင်းက ဖြေတယ်။

ဒီလိုမျိုး စကားနည်းနည်းလည်းပြောလို့ပြီးရော ကားအတွင်းမှာ ကသိကအောက်နိုင်စွာ တိတ်ဆိတ်ခြင်းကသာ ကြီးစိုးသွားတယ်။

ဘယ်အကြောင်းအရာကို အစဖော်ပြောရမှန်း မသိကြတဲ့အတွက် နှစ်ယောက်သား ဘယ်သူ့ဘယ်သူကမှ စတင်လို့ ပါးစပ်မလှုပ်ကြဘူး။

ပြန်ပေးဆပ်ရမယ်Where stories live. Discover now