22. Ch 13.1

8K 1K 39
                                    

Unicode

Zi Youရဲ့လက်တွေက သူ့နားသယ်လေး သူဖိပွတ်နေပြီး မျက်လုံးတွေကို မှိတ်ထားတယ်။ ၅ မိနစ်သာသာလောက်ကြာလို့ သူ့ရဲ့အကြောအခြင်တွေပြေသွားပြီဆိုမှ သူ့မျက်လုံးတွေပွင့်လာပြီး Cheng Wuရဲ့နာမည်ကို ရိုက်ထည့်လိုက်တယ်။

Cheng Wu: အသက်-၂၀။ မွေးနေ့-ဂျူလိုင်၂၄။ အလေးချိန်-၆၀kg။ အရပ် ၁၈၄.၅cm..Yu Ranနှင့် Xu Xinတို့၏သား။ အသက်၁၃နှစ်တွင် အကောင်းဆုံးအဆိုတော်ဆုရရှိ။ အီလက်ထရစ်ဂစ်တာ တီးသူအဖြစ်ကျော်ကြား။ အသက်၁၅တွင် Longyue အင်တာတိန်းမန့်၏ ရွေးချယ်ခြင်းခံရ။ အကို၂ယောက်ရှိ။

သိပ်ရိုးတာပဲ။ နားထား..။

Zi Yo ရဲ့လက်တွေ ကီးဘုတ်ပေါ်မှာ ဇယ်ဆက်သလိုရိုက်ပြီးတာနဲ့ ထိပ်တန်းလျို့ဝှက်အချက်အလက်ဆို တာတွေကျလာပြီ။

Cheng Wuက အများစုရဲ့ မနာလိုစရာပါပဲ။ သူအသက် ၁၃နှစ်ကတည်းက အကောင်းဆုံး အဆိုတော်ဆုရခဲ့တာ။ ဒါပေမဲ့ Cheng Wu ဘယ်လောက်ပဲ တောက်ပ တောက်ပ သူ့အကိုနှစ်ယောက်ရဲ့ အနောက်မှာ ရှိနေတုန်းပဲ။ သူ့ရဲ့မိဘတွေက သူ့အကို၂ယောက်ကို ကြင်နာသော်လည်းပဲ သူ့အတွက်ကျ သိပ်မဟုတ်လှဘူး။ ဒါက သူ မတော်တဆဖြစ်ခဲ့ရတာရဲ့ အရင်းခံအချက်လည်း ဖြစ်ကောင်းဖြစ်လိမ့်မယ်။ သူက သူ့မိဘတွေရဲ့ ဘဝ အနာဂတ်အစီအစဉ်မှာ ထည့်သွင်း တွက်ချက်ခြင်းမခံရတာလည်း ဖြစ်တယ်။ သူ့အနေနဲ့ သူ့မိဘတွေဆီကနေ အင်မတန် အသိအမှတ်ပြု ခံရချင်ရှာတယ်။ သူ့ရဲ့အကိုတွေလိုပဲ သူလည်း လုပ်နိုင်စွမ်းရှိကြောင်းကို သိပ်ပြလိုပါတယ်။

သူ့ရဲ့လက်တွေ အသားနီလန်တဲ့အထိ သူ့ရဲ့ လက်သည်းခွံတွေကျွတ်ထွက်ကာ သွေးတောက်တောက်ကျတဲ့အထိ ဂစ်တာတီးလေ့ကျင့်ခဲ့တယ်။ သူ့ရဲ့ အသံကို မိုင်ကုန်အောင် တွန်းအားပေးခဲ့လို့ အသံတွေ အက်ကွဲသွားတာ စကားပြောနိုင်စွမ်းပါ ဆုံးရှုံးရလုလုပါပဲ။ သူတတ်နိုင်သမျှ အစွမ်းကုန်လုပ်ခဲ့သော်လည်း သူပြန်ကြားရတာ တော်ရိရော်ရိ ချီးကျူးစကားအနည်းငယ်သာ ဖြစ်တယ်။

သို့သော်ငြား အလုပ်ကောင်းတော့ ကံကောင်းရတယ်။

စန်းပွင့်လာချိန် တစ်နေ့မှာတော့ အပြုံးတွေကြားမှာ ထွန်းလင်းလို့ စင်ပေါ်ကို ခြေတစ်လှမ်း တက်နိုင်ခဲ့တာဖြစ်တယ်။ စင်ပေါ်ရောက်တာနဲ့ သူ့ရဲ့မျက်လုံးတွေဟာ မြားတစ်စင်းလို သူ့မိဘတွေကို ပတ်ချာလည်လှည့်ရှာခဲ့ပေမဲ့ သူတို့်ကို မတွေ့ခဲ့ရဘူး။

ပြန်ပေးဆပ်ရမယ်Where stories live. Discover now